ချင်းပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပါက မြေငှားရမ်းခွင့် အကန့်အသတ်မရှိခွင့်ပြုပေးမည်ဟု ဆို

ချင်းပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပါက မြေငှားရမ်းခွင့် အကန့်အသတ်မရှိခွင့်ပြုပေးမည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
7 Jun 2019 11:01 am တွင် တင်ခဲ့သည်
1838 ကြိမ် ကြည့်ရှု့ပြီး

ချင်းပြည်နယ် တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် မြေငှားရမ်းခွင့်ကို အကန့်အသတ်မရှိခွင့်ပြုပေးမည်ဖြစ်ကြောင်း မတ် ၁၆ ရက်က မင်းဓမ္မလမ်းပေါ်ရှိ Myanmar Convention Centre (MCC) တွင်ကျင်းပသည့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆို သည်။

မြေငှားရမ်းခွင့်

" ချင်းပြည်နယ် က ရင်းနှီးမြှုပ်နှံမှုဝင်တာနည်းသေးတယ်။ ချင်းပြည်နယ်မှာ အလားအလာကောင်းတွေအများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ သိပ်မသိကြဘူး။ ခရီးသွားကဏ္ဍဆိုရင်လည်း အများကြီးဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ရှိတယ်။ ချင်းပြည်နယ်မှာ ရင်းနှီး မြှုပ်နှံမယ်ဆိုရင် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေး နှင့်မွေးမြူရေး၊ ရေအားလျှပ်စစ်တွေရှိတယ်။ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အဓိကဖိတ်ခေါ်ထားတယ်။ ဝင်ငွေခွန်တွေ ကင်းလွတ်ခွင့်ပေးထားတယ်။ အခွန်သက်သာ ခွင့်ပေါ့။ မြေငှားရမ်းခွင့်ဆိုရင် နိုင်ငံခြားသား ကို နှစ် ၅၀၊ ပြီးတော့မှ သက်တမ်းတိုးပေးတယ်။ တစ်ခါတိုးရင် ၁၀ နှစ် နှစ်ကြိမ်တိုးပေးတယ်။ ဒါကျတော့ နှစ် ၇၀ ထက်ပိုတယ်။ ၈၀ လည်းဖြစ်နိုင်သလို ၉၀ လည်းဖြစ်နိုင် တယ်"ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးက ပြောဆိုသည်။

အားနည်းချက်

ချင်းပြည်နယ် ၏ အဓိကအားနည်းချက် မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာရခြင်းဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ချင်းပြည်နယ်ဝန်ကြီး ချုပ်အနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို လာရောက်လည်ပတ်စေပြီး လေ့လာမှုများပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။

လေယာဉ်ကွင်း

ချင်းပြည်နယ် ၏ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရန်အတွက် ဖလမ်းမြို့ တွင် ပထမဦးဆုံးလေယာဉ်ကွင်းအဖြစ် ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တွင်ဖွင့်လှစ်သွားမည့်အပြင် လမ်းများကိုပါ ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service