အတိုးနှုန်းမြင့်မားသည့် ငွေချေးလုပ်ငန်းများ ဗဟိုဘဏ်ထံ၌ တရားဝင်လိုင်စင်မရှိ

အတိုးနှုန်းမြင့်မားသည့် ငွေချေးလုပ်ငန်းများ ဗဟိုဘဏ်ထံ၌ တရားဝင်လိုင်စင်မရှိ - Property News in Myanmar from iMyanmarHouse.com
6 Jun 2019 11:31 am တွင် တင်ခဲ့သည်
1894 ကြိမ် ကြည့်ရှု့ပြီး

အွန်လိုင်းမှတစ်ဆင့် အပေါင်ပစ္စည်းမလို မိနစ် ၃၀ အတွင်း ငွေချေးယူနိုင်သည့် လုပ်ငန်းများသည် ဗဟိုဘဏ်က တရားဝင် ငွေကြေးလုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုထားခြင်းမရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ ဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လုပ်ငန်းလိုင်စင်ချမပေးထားဘူး။ ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်၊ ဘဏ်လုပ်ငန်း မဟုတ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် မပေးထားဘူး”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ၌ အွန်လိုင်းတွင် ခေတ်စားလျက်ရှိသော အပေါင်ပစ္စည်းမလို၊ လူကိုယ် တိုင်လာရောက်ရန်မလို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူငွေချေးနိုင်သည့် လုပ်ငန်းများသည် တရားဝင် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း ဝန်ဆောင်ခခေါင်းစဉ်ဖြင့် ၁၀ ရက်လျှင် အတိုးနှုန်း ၃၀ ရာခိုင်နှုန်း၊ ရက် ၂၀ လျှင် အတိုးနှုန်း ၃၅ ရာခိုင်နှုန်းနှင့် ရက် ၃၀ လျှင် အတိုးနှုန်း ၄၀ ရာခိုင်နှုန်းလောက်အထိ တောင်းခံမှုများရှိနေကြောင်း ယင်းလုပ်ငန်းများ၏ ကြေညာချက်များအရ သိရသည်။

အဆိုပါလုပ်ငန်းများသည် အနည်းဆုံး ငွေကျပ် ငါးသောင်းမှ အများဆုံး ခုနစ်သိန်းအထိ ချေးငွေများချထားပေးပြီး လျှောက်ထားသူသည် ၎င်းတို့ချထားပေးသည့် အက်ပလီကေးရှင်းလင့်ခ်မှတစ်ဆင့် Android၊ IOS App ဖြင့် ဆွဲယူလျှောက်ထားနိုင်မည်ဖြစ်သည်။

လျှောက်ထားသူသည် အများဆုံး ချေးငွေကာလ တစ်လသတ်မှတ်ပေးထား ပြီး ၁၀ ရက်၊ ရက်နှစ်ဆယ်၊ ရက်သုံးဆယ် ရွေးချယ်နိုင်ပြီး မှတ်ပုံတင်အရှေ့အနောက်ပုံ၊ အိမ်ထောင်စုစာရင်း၊ ကျောင်းသားကတ်ဖြင့်လျှောက်ထားနိုင်ပြီး ငွေချေးယူလိုသည့် အကြောင်းအရာ၊ လူအမည်ဖြင့် လျှောက်ထားရပြီး အက်ပလီကေးရှင်း စတင်အသုံးပြုပါက တည်နေရာကို ဖုန်းတွင် ဖွင့်ထားရမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းများထံမှ သိရသည်။

ချေးငွေရရှိသူများကို ပုဂ္ဂလိက အချို့၏ ဘဏ်စာရင်းများမှတစ်ဆင့် ချေးငွေချထားပေးခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းများနှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်၏အကြံပေး ဦးသန်းလွင်က “ဒီလိုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တရားမဝင်ဘူးလို့ထင်တယ်။ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းတွေအတွက် အတိုးနှုန်းကို တစ်နှစ်အများဆုံး ၂၀ ရာခိုင်နှုန်း၊ ဘဏ်လုပ်ငန်းမဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေဆိုရင် တစ်လ ၃ ရာခိုင်နှုန်းနဲ့ တစ်နှစ် ၃၆ ရာခိုင်နှုန်းအထိပဲ သတ်မှတ်ထားတယ်။ ဒီလိုအတိုးနှုန်းကြီးတဲ့လုပ်ငန်းက လုပ်ကိုင်ခွင့်မရှိလောက်ဘူး”ဟု ရှင်းပြသည်။

ယခုကဲ့သို့ ငွေကြေးလုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းများသည် အွန်လိုင်းအသုံးပြုသူများအကြား ရေပန်းစားလျက်ရှိပြီး အများစုမှာ ငွေကြေးမတတ်နိုင်သူများနှင့် အလုပ်အကိုင်မဖော်ပြနိုင်သည့် လူတန်းစားအကြား အရေးပေါ်ငွေရလမ်း ဖြစ်နေကာ အတိုးနှုန်းမြင့်မားမှုကြောင့် နောက်ပိုင်းတွင် ချေးငွေယူသူအတွက် ငွေကြေးအခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရ ပုဂ္ဂလိကဘဏ် ၂၉ ခု၊ ဘဏ်နှင့် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု၊ နိုင်ငံခြား ဘဏ်များ (သို့မဟုတ်) ငွေရေးကြေးရေးအဖွဲ့ အစည်းများထံမှ အကျိုးတူရင်းနှီးမြှုပ်နှံမှုကို ၃၅ ရာခိုင်နှုန်းအထိ လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service