ချင်းပြည်နယ်၌ စက်မှုဇုန်ဖော်ဆောင်ရန် အကြို ဆန်းစစ်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းထား ဟုဆို

ချင်းပြည်နယ်၌ စက်မှုဇုန်ဖော်ဆောင်ရန် အကြို ဆန်းစစ်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းထား ဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Jun 2019 10:56 am တွင် တင်ခဲ့သည်
1143 ကြိမ် ကြည့်ရှု့ပြီး

ချင်းပြည်နယ် တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စက်မှုဇုန် ကဏ္ဍ၌ လာ ရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်လျက်ရှိပြီး အကြိုဆန်းစစ်လေ့လာ မှုများလုပ်ဆောင်နိုင်ရန် မြေပြင်ကွင်း ဆင်းလေ့လာရေးအဖွဲ့များဖွဲ့စည်း ထားရှိပြီးဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

စက်မှုဇုန် အားဦးစွာ ပလက်ဝ မြို့နယ်၌ စတင်ဖော်ဆောင်မည် ဖြစ်ပြီး ယင်းသို့ဖော်ဆောင်နိုင်ရန် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးအား မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ဖွဲ့စည်း၍ Feasibility Study များ ပြုလုပ် လျက်ရှိနေကြောင်း အကြိုလေ့လာ ဆန်းစစ်မှုများ စတင်ဆောင်ရွက်နေ ပြီး မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့၏အစီရင်ခံစာအပေါ် ချင်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မေ ၃ဝ ရက်နေ့တွင်ကျင်းပသည့် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက် နေ့၌ ချင်းပြည်နယ်မဲဆန္ဒနယ် (၁၁) မှ ဦးဝှေ့တင်း မေးမြန်းသည့် ပလက်ဝ မြို့နယ်၌ အသေးစား SME လုပ်ငန်းစုများပါဝင်သည့် စက်မှုဇုန်တစ်ခုအကောင်အထည်ဖော်ထူထောင် ပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းမှု ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်မောင်ချို၏ဖြေကြားမှုအရ သိရသည်။

'' လက်ရှိမှာဆိုရင် ဟားခါး၊ ဖလမ်း၊ ခိုင်ကမ်း၊ ပလက်ဝမြို့ပြ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုသူနဲ့ Developer တွေကိုဖိတ်ခေါ်ပြီး တော့ လူနေအိမ်ရာဆောက်လုပ် ခြင်း၊ ဟိုတယ်ဆောက်လုပ်သူတွေအတွက် မြေနေရာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ မြေနေရာချထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒါကြောင့် စက်မှုဇုန်မှာရင်းနှီးမြှုပ်နှံကြဖို့ဖိတ်ခေါ်ပါတယ် '' ဟု ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုး ထက်ကပြောသည်။

ချင်းပြည်နယ် တွင် ထင်ရှားသည့် ခေါ်နူးစုမ်(ခ) ဝိတိုရိယ တောင်၊ ကနေဒီတောင်၊ ကီမို(ခ) ကျောက်ပန်းတောင်၊ ကျီးရန်း တောင်စသည့် တောတောင်များ၊ချောင်းမြောင်းများပေါများသည့်အတွက် သဘာဝဘေးမဲ့ ဥယျာဉ်များနှင့် လှပသည့်တောတောင်များ ကြောင့် ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်လည်းကောင်း၊ ယင်းအပြင် ချင်းပြည်နယ်ထွက် ဝဥကို တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ အဓိကဝယ်ယူနေပြီး အခြားနိုင်ငံများမှလည်း ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် ရင်းနှီး မြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service