ဂျနီဖာလိုပက်ဇ်၏ ခင်ပွန်း အဲလက်စ် ရိုဒရီဂွက်ဇ်မှာ သင်၏အိမ်ရှင် ဖြစ်လာနိုင်

ဂျနီဖာလိုပက်ဇ်၏ ခင်ပွန်း အဲလက်စ် ရိုဒရီဂွက်ဇ်မှာ သင်၏အိမ်ရှင် ဖြစ်လာနိုင် - Property News in Myanmar from iMyanmarHouse.com
5 Jun 2019 12:13 pm တွင် တင်ခဲ့သည်
791 ကြိမ် ကြည့်ရှု့ပြီး

အကယ်၍ သင်သည် နယူးယောက်မြို့တွင် နေထိုင်ကာ အလုပ်လုပ်ကိုင်သူဖြစ်ပါက ဂျနီဖာလိုပက်ဇ်၏ ခင်ပွန်း အေ-ရော့ဒ် (A-Rod )ဟု လူသိများသော အဲလက်စ် ရိုဒရီဂွက်ဇ်မှာ တချိန်ချိန်တွင် သင်၏ အိမ်ရှင် ဖြစ်လာနိုင်ဖွယ်ရာ ရှိနေသည်။

နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ East Village ရှိ လူနေခန်း ၂၁ ခန်းပါ တာဝါတစ်ခုကို ဝယ်ယူလိုက်ကြောင်း အဲလက်စ် ရိုဒရီဂွက်ဇ်က ထုတ်ဖော်ကြေညာလိုက်သည်။

အဲလက်စ် ရိုဒရီဂွက်ဇ်သည် မီယာမီအိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက်ကစားနေသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း ယခု ဝယ်ယူမှုမှာမူ နယူးယောက်တွင် ပထမဆုံး ဝယ်ယူမှုဖြစ်သည်။

East Village ရှိ တာဝါကို A-Rod က နယူးယောက်တွင် အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ ကိုယ့်ထူးကိုယ်ချွန် သန်းကြွယ်သူဌေးမကြီး ဘာဘရာ ကော်ကိုရန်နှင့် ပူးတွဲဝယ်ယူ ခဲ့ခြင်း ဖြစ်သည်။

ကော်ကိုရန်သည် နယူးယောက်တွင် အကြီးမားဆုံး အကျိုးဆောင်လုပ်ငန်းများအနက်တစ်ခုကို တည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိအားဖြင့် ABC ရုပ်သံမှ ထုတ်လွှင့်သော စီးပွားရေးဆိုင်ရာ အစီအစဉ် “Shark Tank”တွင် ပါဝင်သရုပ်ဆောင်မှုများ ပြုလုပ်ခြင်းဖြင့်လည်း နာမည်ကျော်သည်။

အဲလက်စ် ရိုဒရီဂွက်ဇ်နှင့် ကော်ကိုရန်တို့သည် နယူးယောက်မြို့တစ်လွှားတွင် မိသားစုများစွာ နေထိုင်နိုင်သည့် အဆောက်အအုံများစွာ ဝယ်ယူသွားရန် စီစဉ်လျက်ရှိနေသည်။

ယခု ပူးတွဲဝယ်ယူလိုက်သည့် အဆောက်အအုံတည်ရှိရာနေရာ အတိအကျကိုမူ အဲလက်စ် ရိုဒရီဂွက်ဇ်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။ ကော်ကိုရန်သည် “Shark Tank” တွင် ပါဝင်သရုပ်ဆောင်ရင်း အဲလက်စ် ရိုဒရီဂွက်ဇ်နှင့် သိကျွမ်းရင်းနှီးလာခဲ့ခြင်း ဖြစ်သည်။

အနာဂတ်ဝယ်ယူမှုများကို “ပုံမှန်တန်ဖိုးအောက် လျှော့ချတွက်ချက်ခြင်းခံရသည့်ဒေသများ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းသော အဆောက်အအုံများနှင့် လွဲမှားစွာအသုံးပြုထားသော မြေများ”အပေါ် ဦးတည်သွားမည်ဖြစ်ကြောင်း အဲလက်စ် ရိုဒရီဂွက်ဇ်က ပြောကြားသည်။

ကော်ကိုရန်သည် ၉/၁၁ အကြမ်းဖက်မှုကြီးဖြစ်ပေါ်ပြီးနောက်ပိုင်း သူ၏ အိမ်ခြံမြေကုမ္ပဏီကို ကန်ဒေါ်လာ ၆၆ သန်း (၂၀၀၁ ခုနှစ်အတွင်း) ဖြင့် ရောင်းချကာ အိမ်ခြံမြေ လုပ်ငန်းကို ကျောခိုင်းခဲ့သူဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service