ကမ္ဘာကျော် Shutterstock ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ဒေါ်လာ ၂၇ သန်းတန် penthouse ခန်း ဝယ်ရန်အတွက် လက်ရှိအခန်းကို ကန်ဒေါ်လာ သန်း ၂၀ အောက်ဖြင့် ရောင်းချလိုက်ပြီ

ကမ္ဘာကျော် Shutterstock ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ဒေါ်လာ ၂၇ သန်းတန် penthouse ခန်း ဝယ်ရန်အတွက် လက်ရှိအခန်းကို ကန်ဒေါ်လာ သန်း ၂၀ အောက်ဖြင့် ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
5 Jun 2019 12:00 pm တွင် တင်ခဲ့သည်
830 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် Shutterstock ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျွန် အော်ရင်ဂါနှင့် ဇနီးဖြစ်သူ တာလီယာတို့သည် လိတ်လမ်း၊ အမှတ် ၇၁ ရှိ ၎င်းတို့၏ penthouse ခန်းကို ကန်ဒေါ်လာ သန်း ၂၀ အောက်ဖြင့် ရောင်းချရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း Gimme Shelter ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အော်ရင်ဂါတို့ ဇနီးမောင်နှံသည် ယခုအခါ အခြားအိမ်တစ်ခန်းတစ်ခုတွင် နေထိုင်ရန် စီစဉ်လျက်ရှိသည်။

Herzog & De Meuron က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးထားသော လီယိုနတ်လမ်း၊ အမှတ် ၅၆ အဆောက်အအုံရှိ penthouse ခန်း တစ်ခန်းကို ဝယ်ယူရန် သဘောတူစာချုပ်ချုပ်ခဲ့ပြီးပြီဟု ဆိုသည်။

အဆိုပါအခန်း၏ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၇ သန်းဖြစ်သည်ဟု သိရသည်။

အရောင်းကြော်ငြာတွင် ဖော်ပြထားရာ၌ ယခုအခန်းသည် သားနားလှသော ကွန်ဒိုအဆောက်အအုံကြီးတွင် အကြီးမားဆုံး penthouse ခန်းဖြစ်ကြောင်း၊ အိပ်ခန်း ၄ ခန်း ပါဝင်ပြီး စတုရန်းပေ ၆၄၀၀ ကျယ်ဝန်းကြောင်း၊ သီးသန့်လသာဆောင် ၃ ခု ပါဝင်ကြောင်း ဖော်ပြထားသည်။

ကိုယ်ပိုင်သော့ဖြင့် တက်ရသော ဓာတ်လှေကားမှ တက်ရောက်ရမည်ဖြစ်ပြီး မျက်နှာကြက်များမှာ ၁၄ ပေခန့်အထိ မြင့်မားကာ မြို့ ကြီး၏ မြင်ကွင်းများကို ၃၆၀ ဒီဂရီရှုမြင်ရမည် ဖြစ်သည်။

ထို့အပြင် အဖြူရောင် ဝက်သစ်ချသားကြမ်းခင်းများနှင့် ထင်းသုံးမီးလင်းဖိုတစ်ခုလည်း ပါဝင်သည်ဟု ဆိုသည်။

ကွန်ဒို အဆောက်အအုံအတွင်းတွင် အလျား ၇၅ ပေရှိ ရေကူးကန်တစ်ခု၊ indoor/outdoor ကဇာတ်ရုံတစ်ခု၊ နေစာလှုံနေရာ၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် spa ခန်းမများ ပါဝင်သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service