ဂျနီဖာ အန်နစ္စတန်နှင့် ဘရက်ပစ်တို့၏ ဘီဗာလီဟေးလ် ချစ်ဗိမ္မာန်ဟောင်း ကန်ဒေါ်လာ ၄၉ သန်းဖြင့် ရောင်းချမည်

ဂျနီဖာ အန်နစ္စတန်နှင့် ဘရက်ပစ်တို့၏ ဘီဗာလီဟေးလ် ချစ်ဗိမ္မာန်ဟောင်း ကန်ဒေါ်လာ ၄၉ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
5 Jun 2019 11:53 am တွင် တင်ခဲ့သည်
1270 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့်စုံတွဲဖြစ်သော ဘရက်ပစ်နှင့် ဂျနီဖာ အန်နစ္စတန်တို့ ခြေချခိုလှုံခဲ့ရာ လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အရပ်ရှိ ချစ်ဗိမ္မာန်စံအိမ်ကြီးကို ကန်ဒေါ်လာ ၄၉ သန်းဖြင့် ရောင်းချရန် ဈေးကွက်ဝင်လာသည်။

၁၉၃၄ ခုနှစ်က ဆောက်လုပ်ခဲ့သည့် စံအိမ်ကြီးဖြစ်ပြီး တင်းနစ်ကွင်းတစ်ခုနှင့် ဧည့်ဂေဟာအိမ်တို့လည်း ပါဝင်သည်။

ယခုဈေးကွက်တင်လာသည့် ဈေးနှုန်းမှာ အများခန့်မှန်းထားသည့် ဈေးနှုန်း ကန်ဒေါ်လာ ၅၆ သန်းအောက် ၇ သန်းခန့် နည်းပါးသည့် ခေါ်ဈေးလည်း ဖြစ်သည်။

“မကြာသေးမီက အရောင်းအဝယ်ဖြစ်ခဲ့မှုတွေကို အခြေခံပြီး ကန်ဒေါ်လာ သန်း ၅၀ အောက်နဲ့ပဲ ဈေးကွက်တင်ဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ဈေးကွက်ကို စမ်းသပ်တာမျိုး မလုပ်ပါဘူး။ လက်တွေ့ကျတဲ့ ဈေးနဲ့ပဲ ဒီနေအိမ်ကို ရောင်းချနေတာ ဖြစ်ပါတယ်” ဟု Hilton & Hyland မှ ဈေးကွက်တင်ပေးသည့် အကျိုးဆောင် ဆူဇန် စမစ်က ပြောကြားသည်။

အိပ်ခန်း ၄ ခန်းပါ နေအိမ်ကို ၁၉၃၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထပ်ဆင့် အော်စကာဆုရှင် ဖရက်ဒရစ် မာ့ခ်ျ နေထိုင်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဖရက်ဒရစ် မာ့ခ်ျသည် ၁၉၃၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Dr. Jekyll and Mr. Hyde ရုပ်ရှင်ဇာတ်ကားနှင့် ၁၉၄၆ ခုနှစ်တွင် ထုတ်လုပ်သော The Best Years of Our Lives ဇာတ်ကားများဖြင့် နာမည်ကျော်သည်။

စံအိမ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူမှာ ကယ်လီဖိုးနီးယား တောင်ပိုင်းမှ နာမည်ကျော် ဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ် ဖြစ်သည်။

နေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး လူ ၂၀ ခန့် စားသောက်နိုင်သည့် ညစာစားခန်း၊ မူရင်း မီးလင်းဖိုပါဝင်သည့် အရက်ဘားခန်း၊ အားကစားလေ့ကျင့်ရာနေရာ၊ ရေကူးကန်၊ နေအိမ်ပြင်ပတွင် မီးလင်းဖိုပါဝင်သော အပန်းဖြေနေရာတစ်ခုတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ဂျနီဖာ အန်နစ္စတန် (ယခု အသက် ၅၀ အရွယ်) နှင့် ဘရက်ပစ် (၅၅ နှစ်) တို့သည် အဆိုပါ စံအိမ်ကြီးကို ၂၀၀၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း PropertyShark ၏ မှတ်တမ်းများတွင် ဖော်ပြသည်။

ဘရက်ပစ်တို့ စုံတွဲသည် ဝယ်ယူပြီးနောက် နှစ်ပေါငြ်းများစွာ ကာလအတွင်း နေအိမ်ကို အဆင့်မြှင့်မွမ်းမံမှု များစွာပြုလုပ်နေခဲ့ရာ တင်းနစ်ကွင်းနှင့် ဧည့်ဂေဟာဆောက်လုပ်မှုအတွက်ပင်လျှင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခဲ့သည်ဟု ဆိုသည်။

စံအိမ်ကြီးကို မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်သည်ဟုဆိုသော်လည်း အခန်းတိုင်းတွင် မူလဗိသုကာဆိုင်ရာ သရုပ်သကန်များကို ဆက်လက်ထိန်းသိမ်းထားသည့်အပြင် အခန်းဖွဲ့စည်းပုံကိုလည်း မူလအတိုင်း ထားရှိသည်ဟု ဆိုသည်။

လက်ရှိပိုင်ရှင် ဂျိုနသန် ဘရွတ်ခ်သည် ယခုနေအိမ်ကို ဘရက်ပစ်နှင့် ဂျနီဖာ အန်နစ္စတန်တို့ စုံတွဲထံမှ ၂၀၀၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း ပေးခဲ့ရကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service