စင်္ကာပူကုမ္ပဏီ CDL က တရုတ်အိမ်ခြံမြေ developer ဖြစ်သော Sincere Property Group တွင် ယွမ်ငွေ ၅ ဒသမ ၅ ဘီလီယံ (စင်္ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှုပြုလုပ်

စင်္ကာပူကုမ္ပဏီ CDL က တရုတ်အိမ်ခြံမြေ developer ဖြစ်သော Sincere Property Group တွင် ယွမ်ငွေ ၅ ဒသမ ၅ ဘီလီယံ (စင်္ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှုပြုလုပ် - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 11:58 am တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသည် တာရှည်နေမည်ဆိုပါက နှစ်နိုင်ငံလုံး၏ စီးပွားရေးများကို အထိနာစေမည်သာဖြစ် သော်လည်း လက်ရှိအားဖြင့် တရုတ်ပြည် အိမ်ခြံမြေဈေးကွက်တွင် အလားအလာများ ပေါ်ထွန်းလာနေလျက်ရှိကြောင်း City Developments (CDL) group ၏ အမှုဆောင်အရာရှိချုပ် ရှားမန်း ကွက်ခ်က ပြောကြားလိုက်သည်။

“အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲရဲ့  အကျိုးဆက်ဂယက်တွေ စတင်ပေါ်ပေါက်လာနေချိန်မှာ တရုတ်အစိုးရဟာ အိမ်ခြံမြေကဏ္ဍ တင်းကျပ်မှုတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးလာနေပါပြီ” ဟု ရှားမန်းကွက်ခ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

CDL သည် တရုတ်အိမ်ခြံမြေ developer ဖြစ်သော Sincere Property Group တွင် ယွမ်ငွေ ၅ ဒသမ ၅ ဘီလီယံ (စင်္ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ရှားမန်းကွက်ခ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

သာဓကအားဖြင့် ဝယ်လက်များအတွက် အိမ်ခြံမြေဝယ်ယူခြင်းများ၊ ချေးငွေရယူခြင်းများတွင် ဖြေလျှော့မှုများ ပေးလာခြင်း၊ developer များ အတွက် အိမ်ခြံမြေများရောင်းချရာတွင် ဈေးနှုန်းမြင့်တင်မှုများ ခွင့်ပြုပေးလာခြင်းတို့ ဖြစ်သည်။

“ဒီလိုအချက်တွေက ကျွန်တော်တို့လို developer တွေအတွက် ဈေးကွက်ထဲကိုဝင်ဖို့ အခွင့်အလမ်းတွေ ရလာစေပါတယ်” ဟု မစ္စတာ ကွက်ခ်က ဆက်လက်ပြောကြားသည်။

လက်ရှိအားဖြင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်အကြား ကုန်သွယ်ရေးစစ်ပွဲမှာ အရှိန်မြင့်နေပြီး အမေရိကန်က တရုတ်ပြည်မှ သွင်းကုန် ကန်ဒေါ်လာ ၂၀၀ ဘီလီယံအတွက် အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်။

သို့ရာတွင် ကုန်သွယ်ရေးစစ်ပွဲရေရှည်ဖြစ်ပေါ်နေခြင်းသည် တရုတ်ပြည်တွင်းရှိ ကုမ္ပဏီအားလုံးအပေါ် ထိခိုက်မှုများ ဖြစ်လာစေနိုင် သောကြောင့် စူပါ ပါဝါနှစ်နိုင်ငံအနေဖြင့် မကြာမီကာလများအတွင်း ကုန်သွယ်ရေးသဘောတူညီချက်ရအောင် ကြိုးပမ်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း မစ္စတာကွက်ခ်က ပြောကြားသည်။

CDL ၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ အကြီးအကဲ ဆိုဖီယာ ဒိုင်းက ပြောကြားရာတွင်မူ တရုတ်ပြည် အိမ်ခြံမြေ ဈေးကွက်မှာ ပြည်တွင်းဝယ်လိုအားကသာ အဓိကမောင်းနှင်နေခြင်း ဖြစ်သောကြောင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိခိုက်နိုင်ချေ နည်းပါးနိုင်ကြောင်း ပြောကြားသည်။

“ကုန်သွယ်ရေးစစ်ပွဲမှာ ထိခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနိုင်ပါတယ်။ ဒါပေမယ့် အိမ်ခြံမြေကဏ္ဍမှာတော့ ကျွန်မတို့ဟာ သတိထားရင်း တဖက်ကနေ အကောင်းအမြင်ရှိနေပါတယ်” ဟု ဆိုဖီယာက ပြောကြားသည်။

ယခုရင်းနှီးမြှုပ်နှံမှုမှာ တရုတ်ပြည်အတွင်း တစ်ကြိမ်တည်းဖြင့် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်းလည်း CDL က ထုတ်ပြန်သည်။

ယခုနှစ် စတုတ္ထ ၃ လပတ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုအပြီးသတ် လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းထားပြီး Sincere တွင် CDL က ရှယ်ယာ ၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်လာမည် ဖြစ်သည်။

ယခုရင်းနှီးထည့်ဝင်မှု ပမာဏအရ စင်္ကာပူကုမ္ပဏီ CDL သည် Sincere တည်ထောင်သူ၊ ဥက္ကဌ ဝူရှုပြီးလျှင် Sincere တွင် ဒုတိယ အကြီးမားဆုံး ရှယ်ယာရှင်ဖြစ်လာတော့မည်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service