ဧရာဝတီတိုင်းအတွင်း အသစ်တည်ဆောက်နေသည့် တံတားကြီးငါးစင်း ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး ပြီးစီးပါက တိုင်းအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိသွားမည်

ဧရာဝတီတိုင်းအတွင်း အသစ်တည်ဆောက်နေသည့် တံတားကြီးငါးစင်း ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး ပြီးစီးပါက တိုင်းအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိသွားမည် - Property News in Myanmar from iMyanmarHouse.com
3 Jun 2019 12:45 pm တွင် တင်ခဲ့သည်
4868 ကြိမ် ကြည့်ရှု့ပြီး

ဧရာဝတီတိုင်းဒေသကြီး အတွင်း အစိုးရသစ်လက်ထက်တွင် အသစ်တည်ဆောက်နေသည့် တံတားကြီး ငါးစင်းရှိပြီး တံတားအားလုံးအား ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ တည်ဆောက်ပြီးစီးပါက တိုင်းဒေသကြီးအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး အား ဆက်သွယ်ပေးမည့် ကမ်းခြေပတ်လမ်းတွင် အဓိက အစိတ်အပိုင်းဖြစ်သော ငရုတ်ကောင်း-ငွေဆောင်- ချောင်းသာ- ရွှေသောင်ယံ- မကျီးဇင်- ကျောက်ချွန်- ဂွလမ်း ပေါ်ရှိ မကျီးဇင်ချောင်းကူး ပေအရှည် ၅၅၁ ဒသမ ၂ ပေရှိ မကျီးဇင်တံတားတည်ဆောက်နေမှုမှာ ၁၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ယင်းတံတားပြီးစီးပါက ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းစီမံကိန်း လုပ်ငန်းအချို့ စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကြံ့ခိုင်မှုအားနည်းလာသည့် ပုသိမ်ကြိုးတံတားနေရာတွင် အစားထိုးအသုံး ပြုနိုင်ရန်အတွက် အသစ်တည်ဆောက်နေသည့် ပေအရှည် ၂၃၈၀ ရှိ ငဝန်မြစ်ကူး ပုသိမ်တံတားအမှတ် (၂) တည်ဆောက်နေမှုမှာလည်း ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ်တည်ဆောက်နေကြောင်း၊ နာဂစ်မုန်တိုင်းပြီးချိန်တွင် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ဆက်သွယ်သွားလာနိုင်ရန် ဖော်ဆောင်ခဲ့သည့် နာဂစ်လမ်းမကြီးများအနက် လမ်းမကြီး အမှတ် ၁၀ ဖြစ်သည့် ဘိုကလေး-မော်လမြိုင် ကျွန်း- ကျုံမငေး- ၀ါးခယ်မ- မြောင်းမြလမ်းပေါ်ရှိ စော်ကဲမြစ်ကူး စော်ကဲတံတားနှင့် ကျွန်းပြာသဒ်မြစ်ကူးကျွန်း ပြာသဒ်တံတားများမှာလည်း ၂၀၂၀ ခုနှစ် အတွင်း ပြီးစီးမည် ဖြစ်ကြောင်း၊ ယင်းအပြင် ကြံ့ခိုင်မှုအားနည်းလာသည့် အိမ်မဲ-၀ါးခယ်မလမ်းပေါ်ရှိ ပြန်မလော့မြစ်ကူး ကျွန်းကုန်း ကြိုးတံတားနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်အတွက် အသစ်တည်ဆောက်နေသည့် ကျွန်းကုန်း တံတားအသစ် စီမံကိန်းမှာလည်း ၂၀၂ဝခုနှစ် အတွင်းမှာပင် ပြီးစီးမည်ဖြစ်သောကြောင့် တံတားများပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိပြီး လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“မကျီးဇင်တံတားကတော့ ပေ ၅၅၀ ရှိတယ် လောလောဆယ်ကတော့ ၁၆ရာ ခိုင်နှုန်းလောက်ပြီးနေပါပြီ အဲ့ဒါက ၂၀၁၉ -၂၀၂ဝမှာ အပြီးဆောက်ရမဲ့ တံတားထဲမှာပါတာပေါ့။ နောက် ပုသိမ်မြစ်ကူးတံတာကြီးပေါ့နော် ပေ ၂၃၀၀ လောက်ရှိပါတယ်၊ ဒါဆိုလို့ရှိရင်လည်း ကျွန်တော်တို့က ၂၀၁၉ -၂၀၂၀ မှာ ပြီးစီးအောင် တံတားအထူးအဖွဲ့တွေက ကြိုးစားပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်တာပေါ့။ လောလောဆယ်တော့ ၂၂ ရာခိုင်နှုန်းလောက် ပြီးစီးပြီလို့ ပြောလို့ရတာပေါ့၊ နောက် အဓိကအရေးကြီးတဲ့ နာဂစ်ချိန်ကပါခဲ့တဲ့ နာဂစ်လမ်း ၁၁ ပေါ်မှာရှိတဲ့ တံတားကြီးနှစ်စင်းရှိ တာပေါ့နော် အဲ့ဒါကတော့ မော်ကျွန်း- ကျုံမငေး- မြောင်းမြလမ်းပေါ်မှာရှိတဲ့ တံတားကြီးနှစ်စင်းရှိတယ် အဲဒါကတော့ စော်ကဲတံတားနဲ့ ကျွန်းပြသာဒ်ပေါ့နော် ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်နေတာ အဲဒါကလည်း ပေနှစ်ထောင်ကျော်တွေချည်းပါပဲ တံတားကြီးတွေ ဒီတံတားကြီးတွေဆို လို့ရှိရင်လည်း ပြည်ထောင်စုဘတ်ဂျက်နဲ့ကိုဒါ အမြန်ဆုံး ၂၀၂၀ လောက်မှာ ပြီးနိုင်ဖို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ် ဒီတံတားပြီးသွားပြီးရင်တော့ ကျွန်တော်တို့တိုင်းရဲ့ လမ်းပိုင်းကွန်ရက်က ပတ်လည်ချိတ်ဆက်မိသွားပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service