ပလက်ဝမြို့နယ်တွင် အသေးစား (SME) လုပ်ငန်းစုများ ပါဝင်သော စက်မှုဇုန်တစ်ခု ဖော်ဆောင်မည်

ပလက်ဝမြို့နယ်တွင် အသေးစား (SME) လုပ်ငန်းစုများ ပါဝင်သော စက်မှုဇုန်တစ်ခု ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
31 May 2019 11:39 am တွင် တင်ခဲ့သည်
922 ကြိမ် ကြည့်ရှု့ပြီး

ဒေသခံပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် အသေးစား(SME)လုပ်ငန်းစုများပါဝင်သော စက်မှုဇုန် တစ်ခုဖော်ဆောင်မည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးခင်မောင်ချိုက ပြောကြားသည်။

မေလ ၃၀ ရက်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမေးမြန်းသည့် ' ပလက်ဝမြို့နယ် တွင် အသေးစား(SME) လုပ်ငန်းစုများပါဝင်သော စက်မှုဇုန် တစ်ခုအကောင်အထည်ဖော် ရန်အစီအစဉ်ရှိ၊ မရှိ ’ မေးခွန်းကို ဖြေကြားခြင်းဖြစ်သည်။

ထိုစက်မှုဇုန်ကို အကောင်အထည်ဖော်နိုင်ရန် လက်ရှိတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာရေးအ ဖွဲ့ဖွဲ့စည်းကာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ ဆောင်ရွက်နေ ကြောင်း ဦးခင်မောင်ချိုက လွှတ်တော်သို့တင်ပြသည်။

အဆိုပါလေ့လာရေးအဖွဲ့ အစီရင်ခံစာအပေါ်မူတည်ကာ ပြည်နယ်အစိုးရအဖွဲ့နှင့်သက် ဆိုင်ရာဝန်ကြီးဌာနများ ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုစက်မှုဇုန်ပေါ်ပေါက်လာသည့်အခါ လိုအပ်သည့်ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး ကြိုတင်စီမံသည့်အနေဖြင့် ပလက်ဝမြို့တွင် စက်မှုသင်တန်းကျောင်းတစ်ခုကို ထိုင်းနိုင်ငံ (NEDA) အထောက်အပံ့ဖြင့် ဖွင့်လှစ်ရန်စီစဉ်နေကြောင်း ဦးခင်မောင်ချိုက ပြောသည်။

ထိုသင်တန်းကျောင်းတွင် အသေးစားလုပ်ငန်းများအတွက် အထောက်အကူပြုစေမည့် လျှပ်စစ်နှင့်အီလက်ထရွန်နစ်ဘာသာရပ်၊ ဂဟေဆက်ပညာဘာသာ ရပ်၊ မော်တော်ယာဉ်စက်ပြင်ဘာ သာရပ်၊ တွင်ခုံဖောက်ခုံစက်ကိုင် ကျွမ်းကျင်ဘာသာရပ်စသည့်အသက်မွေးဝမ်းကျောင်းပညာရပ် များသင်ကြားမည်ဟု ၎င်းကဆို သည်။

ချင်းပြည်နယ် သည် ဖွံ့ဖြိုးမှုနိမ့်ကျသောပြည်နယ်တစ်ခုဖြစ် ပြီး အလုပ်အကိုင်ရှားပါးသဖြင့် ဒေသခံလူငယ်၊လူရွယ်များ ရန်ကုန်၊ မန္တလေးတို့ အပြင် နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက် လုပ်ကိုင်နေရကြောင်း မေးခွန်းရှင်ဦးဝှေ့တင်းက ပြောသည်။

လူဦးရေတစ်သိန်းကျော်ရှိ သောပလက်ဝမြို့နယ်မှ လူငယ် ၂၀၀ ကျော်မှာလည်း မိမိဒေသတွင် အလုပ်အကိုင်ရှားပါးသဖြင့် ရန်ကုန်မြို့သို့ သွားရောက်လုပ်ကိုင်နေရကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ပြည်ပသို့သွား ရောက်လုပ်ကိုင်သူများလည်း ရှိသေးကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်၏စက်မှုကဏ္ဍ တိုးတက်စေရန်၊ လူမှုစီးပွားဘ၀ မြင့်မားစေရန်နှင့် နိုင်ငံ၏ GDP တိုးတက်လာစေရန် စက်မှုဇုန် ၁၉ ခုဖွင့်လှစ်ထားကြောင်း စက်မှုဇုန်ဝန်ကြီးဦးခင်မောင်ချိုက ဆို သည်။ ထိုစက်မှုဇုန်များမှာ အားရကျေနပ်ဖွယ်ရာ တိုးတက်မှုမျိုး မတွေ့ရသေးသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရန်ကြိုးပမ်းနေကြောင်း ၎င်းကပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service