ဟောင်ကောင်ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီကြီး Henderson Land တည်ထောင်သူ လီရှောက်ကီ အနားယူကာ သား ၂ ဦးထံ အရိုက်အရာလွှဲပြောင်း၊ အနားယူချိန် ကြွယ်ဝမှုအရ လီကာရှင်းကို ဖြတ်ကျော်ကာ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ

ဟောင်ကောင်ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီကြီး Henderson Land တည်ထောင်သူ လီရှောက်ကီ အနားယူကာ သား ၂ ဦးထံ အရိုက်အရာလွှဲပြောင်း၊ အနားယူချိန် ကြွယ်ဝမှုအရ လီကာရှင်းကို ဖြတ်ကျော်ကာ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
30 May 2019 12:45 pm တွင် တင်ခဲ့သည်
2109 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီကြီး Henderson Land တည်ထောင်သူ လီရှောက်ကီသည် မေလ ၂၈ ရက်တွင် ကုမ္ပဏီတာဝန်များမှ အနားယူသွားပြီဖြစ်ပြီး သား ၂ ဦးထံ အရိုက်အရာများ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။

အနားယူချိန်တွင် သူ၏ ကြွယ်ဝမှုပမာဏမှာ ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ကန်ဒေါ်လာ ၃၁ ဒသမ ၉ ဘီလီယံရှိသည်ဟု ခန့်မှန်းထားရာ လီကာရှင်း၏ ခန့်မှန်းကြွယ်ဝမှုပမာဏ ကန်ဒေါ်လာ ၂၉ ဒသမ ၆ ဘီလီယံကို ဖြတ်ကျော်သွားကာ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်နေရာသို့ ရောက်ရှိလာသည်။

လီရှောက်ကီသည် ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးအဖြစ် လီကာရှင်းနောက်တွင် ၁၂ နှစ်ခန့် ရပ်တည်ခဲ့သည်။

လီရှောက်ကီသည် ပြီးခဲ့သော မတ်လတွင် အသက် ၉၀ ပြည့်ခဲ့ပြီဖြစ်ပြီး အသက်အရွယ်အရ စီးပွားရေးလောကမှ အနားယူတော့မည် ဖြစ်ကြောင်း ဟောင်ကောင်စတော့အိတ်ချိန်းတွင် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

မေလ ၂၈ ရက် မနက်က Henderson Land ကုမ္ပဏီတွင် ရှယ်ယာရှင်များ နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့သော်လည်း လီရှောက်ကီမှာ လည်ချောင်းနာနေသောကြောင့် စကားမပြောနိုင်ခဲ့ချေ။

ဟောင်ကောင်တွင် “နံပါတ် ၄ ဦးလေးကြီး” ဟု ချစ်စနိုးအမည်ပေးထားသော လီရှောက်ကီ၏ အရိုက်အရာကို သား ၂ ဦးဖြစ်သော ပီတာလီကာကစ်နှင့် မာတင်လီကာရှင်းတို့က ဆက်ခံမည်ဖြစ်ပြီး ပူးတွဲဥက္ကဌ၊ မန်နေးဂျင်းဒါရိုက်တာ တာဝန်များ ရယူကြမည် ဖြစ်သည်။

ယခုကဲ့သို့ အရိုက်အရာလွှဲပြောင်းကာ အနားယူတော့မည်ဖြစ်ကြောင်း လီရှောက်ကီက ပြီးခဲ့သော မတ်လကတည်းကပင် ကြေညာထားခဲ့ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် လီရှောက်ကီသည် ဒါရိုက်တာအနေဖြင့် ဆက်လက်ပါဝင်နေဦးမည်ဖြစ်ကာ ကုမ္ပဏီ၏ အရေးကြီးသော ဆုံးဖြတ်ချက်များတွင် အကြံပေးခြင်းများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်ဟု ဆိုသည်။

လီရှောက်ကီက ၎င်း၏ သားနှစ်ဦးမှာ ကိုယ်ရည်ကိုယ်သွေး အနည်းငယ်မျှ ကွဲပြားကြကြောင်းလည်း ထုတ်ဖော်ပြောကြားသည်။

“ကာကစ်က ပြင်လွယ်ပြောင်းလွယ်ရှိပြီး ကာရှင်းကတော့ လက်တွေ့ဆန်တယ်။ ကာကစ်က ပြည်မကြီးအတွက် အဓိက တာဝန်ယူသွား မှာဖြစ်ပြီး ကာရှင်းက ဟောင်ကောင်အတွက် တာဝန်ယူမှာပါ” ဟု လီရှောက်ကီက ဆိုသည်။

ကုမ္ပဏီအတွက်မူ ဟောင်ကောင်နှင့် ပြည်မကြီး နှစ်ခုလုံးမှာ အရေးပါသည့်ဈေးကွက်များချည်းဖြစ်ပြီး အနာဂတ်တွင် နှစ်နေရာလုံး၌ တိုးတက်မှုများ ရရှိစေရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service