Henderson Land ကုမ္ပဏီက ပေကျင်းတွင် မြေကွက်တစ်ခုကို ယွမ်ငွေ ၃ ဘီလီယံအထိ စံချိန်တင်ဈေးနှုန်းပေးကာ လေလံအောင်မြင်

Henderson Land ကုမ္ပဏီက ပေကျင်းတွင် မြေကွက်တစ်ခုကို ယွမ်ငွေ ၃ ဘီလီယံအထိ စံချိန်တင်ဈေးနှုန်းပေးကာ လေလံအောင်မြင် - Property News in Myanmar from iMyanmarHouse.com
30 May 2019 12:22 pm တွင် တင်ခဲ့သည်
947 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် လီရှောက်ကီ ပိုင်ဆိုင်သော Henderson Land ကုမ္ပဏီသည် တရုတ်ပြည်၊ ပေကျင်း မြို့တော်တွင် မြေကွက်တစ်ခုကို ယွမ်ငွေ ၃ ဘီလီယံအထိ စံချိန်တင်ဈေးနှုန်းပေးကာ လေလံဆွဲ ဝယ်ယူလိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Henderson Land သည် အဆိုပါမြေနေရာကို ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၆၉၅၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေလံစတင်ဈေးပေးခဲ့ကြသည့် ပမာဏထက် ၂၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားသည့် ပမာဏလည်း ဖြစ်သည်။

Henderson Land ၏ ဥက္ကဌ လီရှောက်ကီသည် မေလ ၂၈ ရက်က အနားယူသွားခဲ့ရာ ၁၅ နှစ်တာ ဝေးကွာနေခဲ့သော ပေကျင်းအိမ်ခြံမြေလောကကို လီရှောက်ကီခေတ်အလွန် စံချိန်တင် ဝယ်ယူမှုဖြင့် အသစ်တစ်ဖန် စတင်လိုက်ခြင်းလည်း ဖြစ်သည်။

ဝယ်ယူလိုက်သည့် မြေနေရာမှာ ပေကျင်းမြို့၊ ကျောက်ယန်ခရိုင်တွင် တည်ရှိပြီး ယွမ်ငွေ ၃ ဒသမ ၀၂ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၄၀) ဖြင့် လေလံအောင်မြင်သွားခြင်း ဖြစ်သည်။

ပေကျင်းမြေယာဈေးကွက်နှင့် ဆယ်စုနှစ်တစ်ခုကျော် ဝေးကွာနေခဲ့သည့် Henderson Land အတွက် ယခုအောင်မြင်မှုမှာ အံ့အားသင့်ဖွယ်ဖြစ်ပြီး ယှဉ်ပြိုင်လေလံဆွဲခဲ့ကြသည့်ကုမ္ပဏီများမှာ တရုတ်ထိပ်တန်းကုမ္ပဏီကြီးများဖြစ်ပြီး Ping’an၊ Country Garden နှင့် Longfor တို့ အပါအဝင် ကုမ္ပဏီပေါင်း ၁၁ ခု ပါဝင်လေလံဆွဲခဲ့ကြသည်။

ပေကျင်းတွင် Henderson Land က နောက်ဆုံးအကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းမှာ ၂၀၀၄ ခုနှစ်အတွင်းကဖြစ်ပြီး ပေကျင်း၏ စီးပွားရေးအချက်အခြာဒေသတွင် မြေနေရာကို ဝယ်ယူလိုက်ပြီး အထင်ကရအဆောက်အအုံကြီးဖြစ်သော Beijing World Financial Centre ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုဝယ်ယူလိုက်သော ဈေးနှုန်းအရ Henderson Land သည် လူနေခန်းများကို အနည်းဆုံး ၁ စတုရန်းမီတာလျှင် ယွမ် ၁၀၀၀၀၀ ခန့်ဖြင့် ရောင်းချမှ အမြတ်အစွန်းရရှိမည်ဖြစ်ကြောင်း ဈေးကွက်သုတေသီတို့က သုံးသပ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service