ဒူဘိုင်းအခြေစိုက် developer ဖြစ်သော Azizi Developments က အချိန်မီဆောက်လုပ်ပြီးစီးသော ကန်ထရိုက်တာများအား ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းပေးမည်ဟု ကြေညာ

ဒူဘိုင်းအခြေစိုက် developer ဖြစ်သော Azizi Developments က အချိန်မီဆောက်လုပ်ပြီးစီးသော ကန်ထရိုက်တာများအား ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းပေးမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
30 May 2019 12:02 pm တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဆောက်လုပ်ရေးစီမံကိန်းပေါင်းများစွာ အကောင်အထည်ဖော်နေသည့် ဒူဘိုင်းအခြေစိုက် developer ဖြစ်သော Azizi Developments က အချိန်မီဆောက်လုပ်ပြီးစီးသော ကန်ထရိုက်တာများအား ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းပေးမည်ဟု ကြေညာလိုက်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Azizi ၏ အမှုဆောင်အရာရှိချုပ် ဖာဟက်ဒ် အဇီဇီ၏ ပြောကြားချက်အရ ၎င်းတို့ကုမ္ပဏီသည် ဒူဘိုင်းတွင် လက်ရှိအားဖြင့် စီမံကိန်းပေါင်း ၇၀ ခန့် ဆောက်လုပ်ဆဲရှိပြီး ၁၂၀ ခန့်မှာ ပြီးစီးမှုအဆင့် အမျိုးမျိုးရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။

ဆုကြေးငွေပေးမည့် အစီအစဉ်နှင့် စပ်လျဉ်းပြီး အမှုဆောင်အရာရှိချုပ်က ပြောကြားရာတွင် “ဒီ မက်လုံးပေးတဲ့ ခြေလှမ်းသစ်ဟာ ကျွန်တော်တို့ရဲ့  ကန်ထရိုက်တာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကျွန်တော်တို့ရဲ့ စီမံကိန်းတွေ အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ဂုဏ်ပြုမှု၊ အားပေးမှုတစ်ရပ် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမှုဆောင်အရာရှိချုပ်က ဆက်လက်ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်သည် အဘူဒါဘီတွင် Azizi Developments က စီမံကိန်းများ ဈေးကွက်တင်မည့်အချိန်အဖြစ် ပစ်မှတ်ထားကြောင်း ပြောကြားသည်။

ယခုလ အစောပိုင်းအတွင်း Azizi Developments က ထုတ်ပြန်ခဲ့ရာတွင် ဒူဘိုင်းရှိ Farishta Azizi စီမံကိန်းမှာ ပြီးစီးမှုအခြေအနေ ၈၆ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပြင်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများမှာ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါစီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလအတွင်း အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

လက်ရှိအားဖြင့် အပြီးသတ်မွမ်းမံမှုများ ပြုလုပ်လျက်ရှိရာ အဝတ်ဘီရိုများ၊ မီးဖိုဆောင်စင်များ၊ ရေချိုးခန်းနှင့် မိလ္လာဆိုင်ရာနေရာများ၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ ရေပိုက်လိုင်းပိုင်းကဏ္ဍများ ဆောင်ရွက်လျက်ရှိနေပြီး ရေပိုက်လိုင်းနှင့် လျှပ်စစ်မီးလိုင်းလုပ်ငန်းများမှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service