လမ်းဖောက်ရန် လယ်မြေများလှူဒါန်းသည့် လယ်သမားများကို မြို့တော်ဝန်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်မည်

လမ်းဖောက်ရန် လယ်မြေများလှူဒါန်းသည့် လယ်သမားများကို မြို့တော်ဝန်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်မည် - Property News in Myanmar from iMyanmarHouse.com
30 May 2019 11:50 am တွင် တင်ခဲ့သည်
1302 ကြိမ် ကြည့်ရှု့ပြီး

ဒလမြို့နယ် ကျေးရွာချင်းဆက် (မြို့ရှောင်လမ်း) ဖောက်လုပ်ရန် ရန်ကုန်စည်ပင်သာယာရေးကော်မတီသို့ လယ်မြေများ လှူဒါန်းသော ဒေသခံတောင်သူများကို မြို့တော်ဝန်က ရန်ကုန်မြို့တော်ခန်းမတွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။

အဆိုပါ ဒလမြို့နယ် ရှိ ရခိုင်ချောင် ကျေးရွာနှင့် ခနောင်ကျေးရွာသို့ ဖောက်လုပ်မည့် လမ်းသည် အရှည်ပေ ၁၅,၀၀၀ ခန့် ရှည်လျားပြီး အကျယ်ပေ ၈၀ ခန့်ရှိကာ လမ်းဖောက်လုပ်မည့် လယ်ယာမြေအတွင်းကျရောက်သည့် ခနောင်ကျေးရွာမှ တောင်သူ ၁၉ ဦး၊ ရခိုင်ချောင်ကျေးရွာမှ တောင်သူ ၃၂ ဦးတို့က မိမိပိုင်လယ်မြေအချို့ကို လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ မြို့တော်ဝန်က မေလ ၁၄ ရက်နေ့က လာသွားတုန်းက ရခိုင်ချောင်ကျေးရွာနဲ့ ခနောင်ကျေးရွာ (မြို့ရှောင်လမ်း) ဖောက်လုပ်ဖို့ လယ်သမားတွေက မြေလှူတဲ့အတွက် ဒီလမ်းကိုဖောက်လုပ်နိုင်တယ်။ ဒီမြေကြီးကို လှူတဲ့ တောင်သူလယ်သမားတွေကို မြို့တော်ခန်းမမှာ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးမယ်လို့ အများပြည်သူရှေ့မှာ တရားဝင်ပြောသွားတယ်။ ဒီနေ့အတိ အကျကတော့ မသိသေးဘူး”ဟု ဦးထွန်းရင်က ပြောကြားသည်။

မြို့တော်ဝန်က ယခုဖြစ်စဉ်သည် ဒလမြို့နယ်အတွက် သမိုင်းတွင်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အလွန်တန်ဖိုးရှိသော ဝမ်းမြောက်စရာဖြစ်ကြောင်း၊ မိမိပိုင်လယ်မြေကို အများအကျိုးအတွက် လှူဒါန်းပေးကြသော တောင်သူဦးကြီးများကို အထူးကျေးဇူးတင်ပါကြောင်းနှင့် ဒီလိုစိတ်ဓာတ်မျိုးသည် လူတိုင်းထားနိုင်သော စိတ်မျိုးမဟုတ်ဘဲ မြင့်မြတ်သော စိတ်ထားပိုင်ရှင်များသာ လုပ်ဆောင်နိုင်သည့် မွန်မြတ်သောလုပ်ရပ်ဖြစ်ကြောင်း ယခုကျေးရွာချင်းဆက် (မြို့ရှောင်လမ်း) ပြီးသွားသည့်အခါ အလှူရှင်များအတွက် အဆိုပါလမ်းတွင် အမှတ်အသားပြုလုပ် ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း အလှူရှင်များဘက်က မိမိပိုင်မြေကို စွန့်လွှတ် လှူဒါန်းထားသည့်အတွက် မိမိတို့ YCDC အနေနှင့် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို အထူးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒလ-ဓနုတ်-ကော့မှူးလမ်းသည် မော်တော်ယာဉ်များ၊ သုံးဘီးကားများ၊ တက္ကစီဆိုင်ကယ်များနှင့် သွားလာမှုရှုပ် ထွေးသောလမ်းဖြစ်ပြီး ယခုရခိုင်ချောင် ကျေးရွာမှခနောင်ကျေးရွာသို့ ကျေးရွာချင်း ဆက်လမ်း (မြို့ရှောင်လမ်း) ဖောက်လုပ်ပြီးပါက ဒလမြို့နယ် ဒေသခံပြည်သူများနှင့်ကျေးရွာများမှ ပြည်သူများလမ်းပန်းသွားလာရေး လွယ်ကူကောင်းမွန်လာမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အချိန်တိုကာလအတွင်း ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service