တရုတ်ပြည် အိမ်ခြံမြေကဏ္ဍ အခြေအနေများမှာ ဂျပန်အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ကာလနှင့် တူညီနေသောကြောင့် သတိပြုကြရန် အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲပြောကြား

တရုတ်ပြည် အိမ်ခြံမြေကဏ္ဍ အခြေအနေများမှာ ဂျပန်အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ကာလနှင့် တူညီနေသောကြောင့် သတိပြုကြရန် အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲပြောကြား - Property News in Myanmar from iMyanmarHouse.com
29 May 2019 12:27 pm တွင် တင်ခဲ့သည်
712 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် အိမ်ခြံမြေကဏ္ဍ အခြေအနေများမှာ ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဂျပန်အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ကာလနှင့် တူညီနေသောကြောင့် သတိပြုကြရန် အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲ နာအိုယူကီ ယိုရှီနိုက ပြောကြားလိုက်သည်။

၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဂျပန်တွင် ရှယ်ယာဈေးနှုန်းများ ပြုတ်ကျကာ ဆယ်စုနှစ်အတန်ကြာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးသွားသည့်အဖြစ်မျိုး တရုတ်ပြည်တွင် ကြုံလာနိုင်သောကြောင့် အိမ်ခြံမြေကဏ္ဍကို တရုတ်ပြည်အနေဖြင့် အထူးသတိပြု ကိုင်တွယ်ရန် ယိုရှီနိုက သတိပေးလိုက်သည်။

တရုတ်ပြည်၏ လက်ရှိ အခြေအနေများနှင့် ဂျပန်နိုင်ငံ၏ လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုခန့်က အခြေအနေများမှာ များစွာ တူညီနေရာ ငွေကြေးမူဝါဒ လျော့ရဲခြင်း၊ ထိုသို့လျော့ရဲမှုသည် အိမ်ခြံမြေ ပူပေါင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်လာစေရန် အခြေခံအုတ်မြစ် ချထားသကဲသို့ဖြစ်နေခြင်းများဖြစ်ကြောင်းလည်း နာအိုယူကီ ယိုရှီနိုက ဆက်လက်ပြောကြားသည်။

၂၀၀၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်ကြီးကို ရင်ဆိုင်ရန်အတွက် တရုတ်အစိုးရက စီးပွားရေးကို အကြွေးစနစ်ဖြင့် ကျားကန်ခြင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် အိမ်ခြံမြေချေးငွေရယူမှုများ၊ ချေးငွေရယူကာ ရင်းနှီးမြှုပ်နှံခြင်းများ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း များစွာ ဖြစ်ပေါ်ခဲ့သည်။

ဂျပန်အစိုးရသည် ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ငွေကြေးမူဝါဒ ဖြေလျှော့မှုများ ပြုလုပ်လိုက်ခြင်းကြောင့် စီးပွားရေး ပူဖောင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် တိုင်းပြည်စီးပွားရေးကျဆင်းမှုဖြစ်ကာ ငွေကျုံ့မှုပေါ်ပေါက်ခဲ့ပြီး ၂၅ နှစ်ခန့်အထိ စီးပွားပျက်ကာလကို ဖြတ်သန်းခဲ့ရသည်။

ယခုအခါ ဂျပန်ဗဟိုဘဏ် (Bank of Japan) သည် အတိုးနှုန်းကို သုညရာခိုင်နှုန်းတွင် ဆက်လက်ထားရှိကာ ငွေကြေးဖောင်းပွမှု ပေါ်ပေါက်လာစေရန် ပြန်လည်ကြိုးပမ်းနေရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service