ထပ်ဆင့် အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်က စပိန်ရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသော ခြံဝန်းကြီးနှင့် စံအိမ်ကို ယူရို ၂၉ သန်းဖြင့် ရောင်းချရန် စီစဉ်

ထပ်ဆင့် အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်က စပိန်ရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသော ခြံဝန်းကြီးနှင့် စံအိမ်ကို ယူရို ၂၉ သန်းဖြင့် ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
28 May 2019 11:59 am တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး

မိုက်ကယ် ဒေါက်ဂလပ်၏ အမည်ရင်းမှာ မိုက်ကယ် ကစ်ခ်ဒေါက်ဂလပ်စ်ဖြစ်ပြီး အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦး ဖြစ်သည်။

မိုက်ကယ်ဒေါက်ဂလပ်ကို ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ နယူး ဘန်းစ်ဝစ်ခ်မြို့ တွင် မွေးဖွားပြီး အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ ဘဝတစ်လျှောက် ဆုံတံဆိပ်များစွာ ချီးမြှင့်ခံခဲ့ရရာ အော်စကာဆု ၂ ခု၊ ရွှေကမ္ဘာလုံးဆု ၅ ခု၊ primetime အင်မီဆု ၁ ခု၊ Cecil B. DeMile ဆု ၁ ခု၊ AFI Life Achievement ဆု ၁ ဆုတို့လည်း ပါဝင်သည်။

အိုလီဗာ စတုန်း၏ Wall Street ဇာတ်ကားဖြင့် အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သည်။

ယင်းနောက် ရုပ်ရှင်ထုတ်လုပ်သူဘဝ ၁၉၇၅ ခုနှစ်တွင် One Flew Over the Cuckoo's Nest ဇာတ်ကားမှာ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် အော်စကာဆု ရရှိခဲ့၏။

မိဘများမှာ ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော ကစ်ခ် ဒေါက်ဂလပ်နှင့် ဒိုင်ယာနာ ဒီးလ်တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးမှာ American Academy of Dramatic Arts တွင် တွေ့ဆုံကာ ဖူးစာဆုံခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ မိုက်ကယ်ဒေါက်ဂလပ်က စပိန်နိုင်ငံ၊ ဘာလီရစ်ခ်ကျွန်းစုတွင် တည်ရှိသော ဧက ၂၀၀ ကျော် ကျယ်ဝန်းကာ စပျစ်ခြံ၊ သံလွင်ခြံတို့ ပါဝင်သည့် ခြံဝန်းကြီးကို ယူရို ၂၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

“ဒီခြံကြီးဟာ ဧက ၂၀၀ ကျော် ကျယ်ဝန်းပြီး တောင်တန်းမြေက စပြီး ပင်လယ်ကမ်းခြေအထိ ကျယ်ပြန့်ပါတယ်”ဟု မိုက်ကယ်ဒေါက်ဂလပ်က ပြောကြားသည်။

မစ္စတာဒေါက်ဂလပ်သည် နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ စံအိမ်ကြီးနှင့် ခြံဝန်းကျယ်ကြီးကို လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ရောင်းထုတ်ရန် ကြိုးပမ်းနေခဲ့ပြီး စံအိမ်ကြီးမှာလည်း ဈေးကွက်တွင် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။

၂၀၁၄ ခုနှစ်တွင် စတင်ဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကခေါ်ဈေးမှာ ယူရိုသန်း ၅၀ ဖြစ်ပြီး လက်ရှိတွင် အဆိုပါခေါ်ဈေးအောက် ထက်ဝက်ခန့်အထိ ဈေးလျှော့ပေးလာသည်။ လက်ရှိခေါ်ဈေးမှာ ယူရို ၂၈ ဒသမ ၉ သန်း (ကန်ဒေါ်လာ ၃၂ ဒသမ ၃၈ သန်း) ဖြစ်သည်။

S’Estaca စံအိမ်ဟု လူသိများပြီး မိုက်ကယ်ဒေါက်ဂလပ် မတိုင်မီကလည်း နာမည်ကျော်များ ပိုင်ဆိုင်ခဲ့ဖူးသည်။

သြစထရီးယား ဘုရင့်သားတော် Austrian Archduke Ludwig Salavator of Habsburg လူးဝစ် ဆလာဗေတာက ၁၈၆၀ ပြည့်လွန် ကာလများအတွင်း ပင်မစံအိမ်ကို ဝယ်ယူပိုင်ဆိုင်ခဲ့ဖူးကြောင်း Engel & Vӧlkers ၏ အချက်အလက်များတွင် ဖော်ပြသည်။

လူးဝစ် ဆလာဗေတာသည် ဘဝအချိန်အများစုကို အဆိုပါကျွန်းစုတွင် ကုန်လွန်ဖြတ်သန်းခဲ့သည်။

S’Estaca စံအိမ်ကို ဝယ်ယူပြီးနောက် ဆလာဗေတာက သူ၏အိမ်ရှင်မဖြစ်သော မာလော့ကာ အမျိုးသမီးငယ်အတွက် စံအိမ်ကို ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ခဲ့သည်ဟု Engel & Vӧlkers ၏ အချက်အလက်များတွင် ဖော်ပြသည်။

ဆလာဗေတာက ပင်မစံအိမ်ကို အစောပိုင်း ကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ပြီး ချောမွတ်သော အင်္ဂတေသရွတ်နုများဖြင့် မွမ်းမံထားသည့် နံရံများ ထည့်သွင်းခဲ့သည်။

ကမ်းခြေဆီမှ လှေကားများ တဖြည်းဖြည်းမြင့်တက်သွားပုံမှာ ရောမခေတ် ပွဲကြည့်စင်ကြီးနှင့် သဏ္ဍာန်တူနေသည်။

လှေကားများ၏ အဆုံးတွင် ဆလာဗေတာက ရေချိုးအိမ်တစ်ခု ဆောက်လုပ်စေခဲ့ပြီး ကောလာဟလများအရ သူ၏ တိတ်တိတ်ပုန်းချစ်သူ နှမဝမ်းကွဲ သြစထရီးယားမင်းသမီး စီစီအတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မစ္စတာ ဒေါက်ဂလပ်က အဆိုပါစံအိမ်ကို ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်ကာ အလျင်အမြန်ရောင်းထွက်နိုင်စေရန် ကြိုးပမ်းလာသည်။

“S’Estaca စံအိမ်ကို ၁၉၉၀ ပြည့်နှစ်မှာ ကျွန်တော် ပထမဆုံးစတွေ့ခဲ့တော့ ချက်ချင်းပဲ စံအိမ်ကြီးရဲ့  ညှို့ ယူဖမ်းစားမှု စက်ကွင်းမှာ သက်ဆင်းခဲ့ပြီး ဝယ်ယူလိုက်ပါတယ်။ ကျွန်တော့်ရဲ့  မိတ်သင်္ဂဟ များစွာဟာလည်း S’Estaca စံအိမ်ကြီးမှာ လာရောက် လည်ပတ် တည်းခိုခဲ့ကြဖူးပြီး အံ့အားသင့်ဖွယ် အချိန်ကာလတွေကို အတူတကွ ဖြတ်သန်းခဲ့ကြဖူးပါတယ်” ဟု မစ္စတာ ဒေါက်ဂလပ်က အဆိုပါ ဗွီဒီယို ဖိုင်အတွင်း ပြောကြားထားသည်။

ယနေ့ကာလတွင်ကား စံအိမ်ဝန်းအတွင်း စပျစ်ခြံတစ်ခု၊ သံလွင်ခြံ၊ အိပ်ခန်း ၁၀ ခန်းပါ အဆောက်အအုံ ၇ လုံးတို့ ပါဝင်သည်။

ဧည့်သည် ၂၀ ဦးခန့် သက်တောင့်သက်သာ အပန်းဖြေတည်းခိုနိုင်ကြောင်း မစ္စတာ ဒေါက်ဂလပ်က ပြောကြားသည်။

မစ္စတာဒေါက်ဂလပ်သည် ပိုင်ဆိုင်ထားသည့် ဆယ်စုနှစ် ၃ ခုအတွင်း ခြံဝန်းအတွင်းရှိ အဆောက်အအုံဟောင်းကြီးများကို ခေတ်မီအဆင့်မြှင့်တင်ခြင်း ကြီးမားစွာ ပြုလုပ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service