အိမ်ခြံမြေဝယ်မယ်ဆိုရင် ပွဲညွှန့်အတင်မခံရဖို့သတိပြု

အိမ်ခြံမြေဝယ်မယ်ဆိုရင် ပွဲညွှန့်အတင်မခံရဖို့သတိပြု - Property News in Myanmar from iMyanmarHouse.com
28 May 2019 11:57 am တွင် တင်ခဲ့သည်
855 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေ ရောင်းကြဝယ်ကြရာမှာ ပွဲစားတွေ ပွဲညွန့် တင်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုးတွေ တစ်ချိန်တစ်ခါက ရှိခဲ့ဖူးပါတယ်။ ရောင်းကြဝယ်ကြတဲ့အခါ ပစ္စည်းမှန်ဈေးမှန် ဖြစ်ရမယ်။ ရောင်းတန်း ကို တရားဝင်ဝင်တဲ့ ပစ္စည်းဖြစ်ရမယ်။ အတုအယောင်မဖြစ်ရဘူး  အမှားအယွင်း မဖြစ်ဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ကိုယ်ဖျောက်အရောင်းသမား (အရောင်းအဝယ် ပြီးရင် ပျောက်သွားတဲ့ ပွဲစား)တွေနဲ့ တွေ့ရင်တော့ ရောင်းမှားဝယ်မှား ဖြစ်နိုင်ခြေများသွားပါပြီ။ ဒါတွေကို သတိထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရောင်းမှား၊ ဝယ်မှားနည်းစေဖို့ အတွေ့အကြုံများစွာ ရှိတဲ့ ဝါရင့်ရှေ့နေကြီးတွေ နားလည်တတ်ကျွမ်းတဲ့ အိမ်ခြံမြေအကျိုးဆောင်ကြီးတွေနဲ့ တိုင်ပင်ဆွေး နွေးလုပ်ကိုင် သင့်ပါတယ်။

သည်နေ့ သည်ကာလမှာ အများသူငှာလိုဈေးမျိုး(တစ်ထပ် တည်း မကျရင်တောင် အနီးစပ်ဆုံး တူညီရတဲ့ ဈေးမျိုး) ဖြစ်နိုင်ဖို့ လိုအပ်ပါတယ်။ ပစ္စည်းမှန် ဈေးမှန် ဆိုရင် ဝယ်သူဘက်ကလည်း ယုံကြည်စိတ်ချပြီး ဝယ်လာကြမှာဖြစ်တယ်။ ဒါမှမဟုတ် ဈေးကအများ ဈေးထက်အနည်းငယ် ပိုနေပေမဲ့လည်း ဝယ်သူဘက်က ပစ္စည်း ကြိုက်လို့ဝယ်တဲ့ အနေအထားကတော့ ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုး ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သိပ်ကွာခြားသွားတတ်တဲ့ အဖြစ်အနေအထားမျိုးလည်း ရှိတတ်တာ ကြောင့်ကောင်း တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။

အိမ်ခြံမြေလောကမှာ ဝါရင့်အကျိုးဆောင် ဦးသန်းဦးက သတိထားစရာအတွေ့အကြုံအချို့ကို အခုလိုပြောပြပါတယ်။ “ လွန်ခဲ့တဲ့ နှစ်တွေက ကာလပေါက်ဈေးသိန်း ၂၅ဝဝ လောက်ရှိတဲ့ ပစ္စည်းကို ရောင်းသူက သိန်း ၃ဝဝဝ လောက် နဲ့ ရောင်းခဲ့တာ၊ ဝယ်သူကလဲ ဈေးကွက်နဲ့ ပစ္စည်းအနေအထား ကိုမသိတော့ တောင်းတဲ့ဈေးပေးဝယ်သွားတယ်၊ ဒီတော့ ရောင်းတဲ့ သူနဲ့ ဝယ်သူဈေးဟာ သိန်း ၅ဝဝ လောက်ကွာသွားတယ်၊ ဘာကြောင့်ကွာသွားတာလဲဆိုတော့ ဝယ်သူရဲ့ကိုယ်စားလှယ်က ပွဲညွှန့်တင်လိုက်တာကြောင့် ဖြစ်ပါတယ်၊ ဒီဖြစ်စဉ်တကယ်ဖြစ် ခဲ့ဖူးတယ်”လို့ ဆိုပါတယ်။

ဦးသန်းဦးက “ အဲဒီလိုတွေ ဖြစ်သွားတာကို အန်ကယ်တို့အကျိုးဆောင်တွေ မသိလိုက်ဘူး၊ ဒါပေမဲ့ ဝယ်သူရဲ့ ကိုယ်စားလှယ်ကဝင်လုပ်သွားတာ”လို့ ပြောပြပါတယ်။

အဲသည်လိုတွေ ဖြစ်တော့ ပစ္စည်းရှင်အနေနဲ့ မျက်နှာပျက်ရသလို ဝယ်သူမှာလည်းမလိုအပ်ဘဲ ငွေတွေကို အပိုသုံးမိရတဲ့ အခြေအနေတစ်ရပ် ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရာမှာ ရွှေဈေး၊ ဒေါ်လာဈေး တွေ လိုသည်နေ့မှာ သည်လောက်ပေါက်ဈေးရှိပေမဲ့ အိမ်ခြံမြေမှာ အမျိုးအစားအများကြီးရှိတော့ ပြောလို့မရဘူး။ ဝယ်သူကလည်း နေရာကြိုက်တယ်။ ဈေးလည်းထိုက်သင့်တယ်လို့ ယူဆရင်အရောင်းအဝယ် ဖြစ်ကြတာပါ။ အကျိုးဆောင်တွေအနေနဲ့ အရောင်းအဝယ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာနဆိုင်ရာ ညွှန်ကြားချက်တွေအတိုင်းလုပ်ဆောင်ပြီးရောင်းသူရဲ့ အိမ်မြေပစ္စည်းကို ဝယ်သူလက်ထဲ သော့အပ်နှံပြီးတဲ့အထိ ပြီးရင်တော့ အရောင်းအဝယ်ပြီးဆုံးပြီ ဖြစ်ပါတယ်။ ဒါကြောင့် အရောင်းအဝယ်လုပ်ရာမှာ ပိုင်ဆိုင်မှု  တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှန်ကန်မှု ရှိလဲ၊ လုံခြုံတဲ့အာမခံချက်မျိုးရှိ လား ဆိုတာကို စနစ်တကျလုပ်ဆောင်နိုင်ဖို့ အကျိုးဆောင် လုပ်ပေးသူ က အတွေ့အကြုံ ရှိသင့်တယ်လို့ ဦးသန်းဦးက အကြံပြုလိုက်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service