အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံး အိမ်ငှားခ တစ်လလျှင် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အငှားဈေးကွက်ဝင် လာရာ အမေရိက၏ ဈေးအကြီးဆုံးအငှားချထားမှုအဖြစ် စံချိန်တင်

အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံး အိမ်ငှားခ တစ်လလျှင် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အငှားဈေးကွက်ဝင် လာရာ အမေရိက၏ ဈေးအကြီးဆုံးအငှားချထားမှုအဖြစ် စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
28 May 2019 11:13 am တွင် တင်ခဲ့သည်
1183 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိမြို့ ၊ ဘဲအဲရ်အရပ်ရှိ စံအိမ်ကြီးတစ်လုံးသည် အိမ်ငှားခ တစ်လလျှင် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အငှားဈေးကွက်ဝင်လာရာ အမေရိက၏ ဈေးအကြီးဆုံးအငှားချထားမှုအဖြစ် စံချိန်တင်သွားသည်။

အဆိုပါစံအိမ်ကြီးကို အပြီးတိုင်ဝယ်ယူလိုပါကလည်း ကန်ဒေါ်လာ သန်း ၁၈၀ ဖြင့် ဝယ်ယူနိုင်သည်ဟု ဆိုသည်။

အိပ်ခန်း ၉ ခန်းပါ စံအိမ်ကြီး၏ ငှားရမ်းခကို တွက်ချက်မည်ဆိုလျှင် တစ်ရက်လျှင် ငှားရမ်းခ ကန်ဒေါ်လာ ၅၀၀၀၀ ကျသင့်ပြီး တစ်နာရီလျှင် ကန်ဒေါ်လာ ၂၀၀၀ ကျော်အထိ ကျသင့်မည် ဖြစ်သည်။

မေလအစောပိုင်းကတည်းက အငှားဈေးကွက်ဝင်နေခြင်းဖြစ်ပြီး Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် တိုင်ရွန် မက်ကီးလန်၊ Hilton & Hyland မှ ဘရန်ဒန်နှင့် ရေနီ ဝီလျံစ်တို့က ဈေးကွက်တင်ပေးထားသည်။

နေအိမ်အကျယ်အဝန်း စတုရန်းပေ ၃၄၀၀၀ အထိရှိပြီး ဝိုင်သိုလှောင်ခန်း၊ မီဒီယာခန်းမ၊ လမ်းလျှောက်ဝင်နိုင်သည့် အအေးခန်း၊ မီးဖိုတစ်ခု ပါဝင်သည့် အမိုးပေါ် လသာဆောင်တို့ ပါဝင်သည်။

ထို့အပြင် ရေချိုးခန်းပေါင်း ၂၀၊ အားကစားလေ့ကျင့်ရေးခန်းမ၊ spa ၊ အနှိပ်ခန်းမတစ်ခု၊ အလျားပေ ၉၀ ခန့်အထိ ရှည်လျားသော ရေကူးကန်ကြီးတစ်ခုတို့လည်း ပါဝင်သေးသည်။

အမေရိက၏ ဒုတိယဈေးအကြီးဆုံး အငှားစံအိမ်အဖြစ် ရပ်တည်နေသည်မှာ နယူးယောက်မြို့ ၊ ဟမ့်ပ်တန်အရပ်ရှိ စံအိမ်ဖြစ်ပြီး တစ်လလျှင် ကန်ဒေါ်လာ ၈၅၀၀၀၀ ဈေးခေါ်ထားသည်။

ယခုစံအိမ်ကြီးမှာ ဟမ့်ပ်တန်အရပ်ရှိ စံအိမ်ထက် ၂ ဆခန့် ဈေးနှုန်းများပြားနေသည်။

ပိုင်ရှင်မှာ လော့စ်အိန်ဂျလိမှ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်သမားတော် ရပ်ဂ်ျ ကာနိုဒီယာဖြစ်ပြီး စံအိမ်တည်ရှိသည့် မြေကွက်နေရာကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၈ သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မြေနေရာဝယ်ယူပြီးနောက် မစ္စတာ ကာနိုဒီယာက ကန်ဒေါ်လာ သန်း ၁၀၀ ခန့် သုံးစွဲကာ စံအိမ်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service