ဧပြီတွင် တရုတ်အိမ်ဈေးများ မြင့်တက်

ဧပြီတွင် တရုတ်အိမ်ဈေးများ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
28 May 2019 10:46 am တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး

တရုတ်နိုင်ငံတစ်ဝန်း မြို့ကြီးများအားလုံး၌ အိမ်သစ်နှင့် ကြိုပွိုင့်အိမ်ဈေးတို့နှစ်ခုစလုံးသည် ဧပြီတွင် အသင့်အတင့်နှုန်းဖြင့် ဆက်လက်မြင့်တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ မေ ၁၆ တွင် ထွက်ရှိလာခဲ့သည့် တရားဝင်အချက်အလက်များအရ သိရသည်။

အိမ်သစ်ဈေးများသည် ပထမတန်းစားမြို့ကြီးလေးမြို့တွင် မတ်ထက် ဧပြီတွင် ပျမ်းမျှအားဖြင့် ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီထက် မတ်၏ မြင့်တက်နှုန်း ၀ ဒသမ ၂ ရာခိုင်နှုန်းထက် များပြားခဲ့ခြင်းဖြစ်သည်။ ပေကျင်းတွင် ၀ ဒသမ ၅ ရာခိုင်နှုန်း၊ ရှန်ဟိုင်းတွင် ၀ ဒသမ ၃ ရာခိုင်နှုန်း၊ ကွမ်ကျိုးတွင် ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် ရှင်းကျန်းတွင် ၀ ဒသမ ၄ တရာခိုင်နှုန်းစီ အသီသီးမြင့်တက်ခဲ့ကြခြင်းဖြစ်ပေသည်။

ထိုမြို့ကြီးလေးမြို့၏ဈေးကွက်ထဲရှိနေပြီးသားအိမ်များ၏ဈေးနှုန်းများသည် မတ်လထက် ၀ ဒသမ ၄ ရာခိုင်နှုန်း ပျမ်းမျှမြင့်တက်ခဲ့သည်။ မြို့အလိုက်အားဖြင့်မူ ပေကျင်းတွင် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ရှန်ဟိုင်းတွင် ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ရှင်းကျန်းတွင် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ကွမ်ကျိုးတွင် ၀ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။

ဒုတိယတန်းစားမြို့ကြီး ၃၁ မြို့တွင် အိမ်သစ်ဈေးများသည် ပြီးခဲ့သည့်လက ပျမ်းမျှအားဖြင့် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မတ်လမြင့်တက်နှုန်းမှာ ၀ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။ ကြိုပွိုင့်အိမ်ဈေးများမှာ မတ်လမြင့်တက်နှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းအောက် လျော့ကျပြီး ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တတိယတန်းစားမြို့ကြီး ၃၅ မြို့တွင် အိမ်သစ်ဈေးများသည် ပျမ်းမျှအားဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မတ်လမြင့်တက်နှုန်းမှာ ၀ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်သည်။ ထိုမြို့များ၏ ဈေးကွက်ထဲရှိနှင့်ပြီးသားအိမ်များ၏ ဈေးနှုန်းများသည် ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မတ်လမြင့်တက်နှုန်းမှာ ၀ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

ဧပြီလအတွင်း တစ်နိုင်ငံလုံးတွင် အိမ်သစ်ဈေးအမြင့်တက်ဆုံးမြို့မှာ မြောက်ပိုင်းရှိ ဟယ်ပေပြည်နယ် ချင်ဟွမ်တောင်မြို့မှ ဖြစ်သည်။ မြင့်တက်နှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၈ ဧပြီနှင့်ယှဉ်လျှင်မူ ယခုနှစ်ဧပြီတွင် ပထမတန်းစားနှင့် ဒုတိယတန်းစားမြို့ကြီးများရှိ အိမ်သစ်ဈေးများသည် ပိုမိုမြန်ဆန်သောနှုန်းဖြင့် မြင့်တက်ခဲ့သည်။ ပထမတန်းစားမြို့ကြီးများသည် မတ်လထက် ၀ ဒသမ ၅ ရာခိုင်နှုန်းပိုမိုများပြားသော ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယတန်းစားမြို့ကြီးများသည် မတ်လထက် ၀ ဒသမ ၁ ရာခိုင်နှုန်းပိုမိုများပြားသော ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ တတိယတန်းစားမြို့ကြီးများမှာလည်း မတ်လမြင့်တက်နှုန်း ၁၁ ဒသမ ၂ ရာခိုင်နှုန်းထက် ၀ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုများပြားစွာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ဧပြီတွင် မြင့်တက်ခဲ့သည်။

ကြိုပွိုင့်အိမ်ဈေးကွက်တွင် ဈေးနှုန်းများသည် ပထမတန်းစား၊ ဒုတိယတန်းစားနှင့် တတိယတန်းစားမြို့ကြီးများ၌ ၀ ဒသမ ၈ ရာခိုင်နှုန်း၊ ၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၄ ရာခိုင်နှုန်းစီ အသီးသီးမြင့်တက်ခဲ့ကြသည်။ မတ်လမြင့်တက်နှုန်းများမှာ ၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၈ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၄ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service