ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း (၆၂) ဧကမှာ ခွင့်ပြုထား

ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း (၆၂) ဧကမှာ ခွင့်ပြုထား - Property News in Myanmar from iMyanmarHouse.com
27 May 2019 12:38 pm တွင် တင်ခဲ့သည်
2196 ကြိမ် ကြည့်ရှု့ပြီး

ကရင်ပြည်နယ်က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအတွက် လတ်တလော မြေဧရိယာ (၆၂) ဧကသာ ခွင့်ပြုထားတယ်လို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပြောပါတယ်။

ဒီကနေ့ ဘားအံမြို့ မှာပြုလုပ်တဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ တတိယတစ်နှစ်တာကာလဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောသွားခဲ့တာပါ။

ဒါပေမယ့် ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီ (Yatia International Trading Company) ရဲ့ထုတ်ပြန်ချက်မှာတော့ မြို့သစ်စီမံကိန်းကို စုစုပေါင်း မြေဧရိယာ ဧကပေါင်း ၂၅၀၀၀ လောက် တည်ဆောက်သွားမှာလို့ သိရပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း ပထမအဆင့်ကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC)က ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရှိတယ်လို့ ကုမ္ပဏီကထုတ်ပြန်ထားတာပါ။

လက်ရှိ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းမှာတော့ အိမ်အလုံးပေါင်း ၆၀ နီးပါးတည်ဆောက်ပြီးပြီဖြစ်ပြီး အင်တာတိန်းမန့်စီးတီးနဲ့ ကာစီနိုရုံတွေကိုတော့ လာမယ့် ၂၀၂၀ ကျရင် ဖွင့်လှစ်နိုင်မယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် မြို့သစ်စီမံကိန်းထဲမှာပါဝင်လာမယ့် ကာစီနိုလောင်းကစားဝိုင်းတွေဟာ တရားမဝင်ဘူးလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က အခုလိုပဲပြောပါတယ်။

ဒီမြို့သစ်စီမံကိန်းထဲမှာတော့ သိပ္ပံနည်းပညာလုပ်ငန်းဇုန် အပန်းဖြေဇုန် တိုင်းရင်းသားယဉ်ကျေးမှုဇုန် ကုန်စည်ပို့ဆောင်ရေးဇုန် နဲ့ ဒေသစိုက်ပျိုးရေးဇုန်တို့ပါရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်တိုက် ၊ ဟိုတယ် ၊ ကေတီဗွီ လူနေအိမ် ကာစီနို အွန်လိုင်းဂိမ်းငယ်စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး စီမံကိန်းအားလုံးပြီးစီးဖို့ နောက်ထပ် ၇ နှစ်လောက်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service