စင်္ကာပူအိမ်ခြံမြေငှားလိုအား ဆက်လက်မြင့်မားမည်

စင်္ကာပူအိမ်ခြံမြေငှားလိုအား ဆက်လက်မြင့်မားမည် - Property News in Myanmar from iMyanmarHouse.com
27 May 2019 11:40 am တွင် တင်ခဲ့သည်
956 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူနိုင်ငံတွင် ကွန်ဒိုငှားလိုအားသည် ၂၀၁၇ ခုနှစ်တစ်နှစ်တာလုံးထက် ၂၀၁၈ တစ်နှစ်တာလုံးတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း တစ်လထက်တစ်လ ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း Singapore Business Review စီးပွားရေးမဂ္ဂဇင်းက ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ်တစ်နှစ်တာလုံးထက် ၂၀၁၈ တစ်နှစ်တာလုံးတွင် Core Central Region (CCR) အရပ်၌ အမြင့်မားဆုံးနှုန်းအဖြစ် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး Outside Central Region (OCR) အရပ်တွင် ၂ ဒသမ ၀ ရာခိုင်နှုန်း မြင့်မာခဲ့ကာ Rest of Central Region (RCR) အရပ်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း သိရသည်။

ငှားလိုအားသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာကတည်းက မြင့် တက်လာခဲ့ခြင်းဖြစ်ကာ ထိုအောက်တိုဘာမှ ယခုနှစ်ဧပြီအထိ ၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း OrangeTee & Tie စင်္ကာပူအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၏ သုတေသနနှင့် အတိုင်ပင်ခံခေါင်းဆောင် ခရစ္စတင်းဆန်းက ပြောကြားခဲ့သည်။

ငှားရမ်းမှုပမာဏသည် အရေအတွက်အားဖြင့် ဧပြီတွင် ၄,၇၉၀ အိမ်ရှိခဲ့ပြီး ၅,၁၅၇ အိမ် ငှားရမ်းခဲ့ရသည့် ၂၀၁၈ ဧပြီအောက် ၃ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

၅,၂၉၉ အိမ် ငှားရမ်းခဲ့ရသည့် မတ်လအောက်မူ ငါးရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သို့သော်လည်း ဒုတိယသုံးလပတ်နှင့် တတိယသုံးလပတ်တွင် အိမ်ငှားစာချုပ်သစ်ချုပ်ဆိုမှုနှင့် စာချုပ်သက်တမ်းတိုးသည့် နိုင်ငံခြားသားများ ပိုမိုများပြားလာမည်ဖြစ်သဖြင့် ငှားလိုအားသည် ဆက်လက်အခြေအနေကောင်းမည်ဟု ခန့်မှန်းရကြောင်းလည်း ဆန်းက ပြောကြားခဲ့သည်။

စင်္ကာပူတွင် ယခုနောက်ပိုင်း ဘဏ္ဍာရေး၊ ဆေးဘက်ဆိုင်ရာ၊ ဆေးဝါး၊ နည်းပညာ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမှ နိုင်ငံခြားသားအိမ်ငှားဦးရေတိုးတက်လာကြောင်းလည်း သူမက ပြောကြားခဲ့သည်။

HDB တိုက်ခန်း (အစိုးရနှင့်ပုဂ္ဂလိကဖက်စပ်တိုက်ခန်း) ငှားလိုအားကမူ ဧပြီတွင် ၂၀၁၈ ဧပြီထက် ၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထိုအနက် သက်တမ်းရင့် HDB တိုက်ခန်များမှာ ဝ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ များမကြာသေးမီကမှတည်ဆောက်ထားပြီး သက်တမ်းနုသေးသော HDB တိုက်ခန်းငှားလိုအားမှာမူ ၀ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ပမာဏအားဖြင့်ဆိုရသော် ဧပြီတွင် ၂,၀၀၆ ခန်း ငှားရမ်းခဲ့ရပြီး ၂,၂၆၄ ခန်း ငှားရမ်းခဲ့ရသည့် ၂၀၁၈ ဧပြီအောက် ၁၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service