ကမ္ဘာ့တတိယမြောက်ဆန်းသစ်တီထွင်မှုအရှိဆုံးမြို့အဖြစ် စင်္ကာပူဖော်ပြခံရ

ကမ္ဘာ့တတိယမြောက်ဆန်းသစ်တီထွင်မှုအရှိဆုံးမြို့အဖြစ် စင်္ကာပူဖော်ပြခံရ - Property News in Myanmar from iMyanmarHouse.com
27 May 2019 11:15 am တွင် တင်ခဲ့သည်
923 ကြိမ် ကြည့်ရှု့ပြီး

ဆန်းသစ်တီထွင်မှုသည် ယခုအခါ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာများတွင်လည်း အဓိကအခန်းကျလာပြီဖြစ်သည်။ ကမ္ဘာတွင် စင်္ကာပူသည် ဆန်ဖရန်စစ္စကိုနှင့် တိုကျိုပြီးလျှင် တတိယမြောက်ဆန်းသစ်တီထွင်မှုအရှိဆုံးမြို့ဖြစ်ကြောင်း The Business Times က JLL ကမ္ဘာ့အိမ်ခြံမြေကုမ္ပဏီ၏ အစီရင်ခံစာတစ်စောင်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

စင်္ကာပူသည် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများအား အခိုင်အမာအားကောင်းစွာ ရရှိနေစဉ် ၎င်းအစီရင်ခံစာထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

စင်္ကာပူသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်လျှင် ဒေသတွင်းအချက်အချာနေရာတစ်ခုဖြစ်လာသည့်အပြင် နည်ပညာမြင့်စက်မှုလုပ်ငန်းများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကမ္ဘာ့ထိပ်တန်းနေရာလည်း ဖြစ်ကြောင်း JLL ၏ ဆန်းသစ်တီထွင်မှုနေရာများအစီအရင်ခံစာတွင် ဖော်ပြထားသည်။

စင်္ကာပူအိမ်ခြံမြေရင်းနှီးမြှပ်နှံမှုနှင့် ရုံးခန်းဈေးကွက်သည် ရေတိုနှင့် ရေလတ်ကာလတွင် ဆက်လက်၍အားမာန်အပြည့်ဖြင့်တက်တက်ကြွကြွရှိဦးမည်ဟု JLL ၏ ယုံကြည်ချက်အား ထိုအစီရင်ခံစာက အားဖြည့်ပေးကြောင်း JLL Singapore ၏ အတိုင်ပင်ခံနှင့် သုတေသနခေါင်းဆောင် တေဟွေးယင်က ပြောကြားခဲ့သည်။

မြို့ပြများတွင် ဆန်းသစ်တီထွင်မှုဂေဟစနစ်များသည် စီးပွားရေးတိုးတက်မှုကို ဦးတည်သော ကုန်ထုတ်စွမ်းအားကို မောင်းနှစ်ရာတွင် အရေးပါသောအခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပြီး သွယ်ဝိုက်သောအားဖြင့် အိမ်ခြံမြေဝယ်လိုအားကို မြင့်တက်စေသည်ဟု JLL က ဖော်ပြခဲ့သည်။

JLL ၏ အာရှပစိဖိတ်သုတေသနရေးရာခေါင်းဆောင် မီဂန်ဝေါ်လ်တာကလည်း ဆန်းသစ်တီထွင်မှုသည် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် မြို့ပြများအား ကူညီပေးကြောင်း ပြောကြားခဲ့သည်။

၎င်းအစီရင်ခံစာသည် ကမ္ဘာ့မြိုကပေါင်း ၁၀၉ မြို့ကို ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်သည်။ ထိုမြို့များအနက် အာရှပစိဖိတ်ထိပ်တန်း ၇ မြို့သည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အာရှပစိဖိတ်ဒေသ၏ စုစုပေါင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

ထို ၇ မြို့မှာ တိုကျို၊ စင်္ကာပူ၊ ဆိုးလ်၊ ပေကျင်း၊ ရှင်းကျန်း၊ ရှန်ဟိုင်းနှင့် ဆစ်ဒနီတို့ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service