အင်္ဂလန်မြောက်ဖျားစွန်းတွင် တစ်လလျှင် ကုန်ကျစရိတ် ၁၅ ပေါင်သာရှိသော နေအိမ်ကလေး ဖန်တီးနေထိုင်ပြီး တစ်လလျှင် ပေါင် ၁၀၀၀ ခန့် ကုန်ကျစရိတ်သက်သာအောင် ကြံဆောင်သူ

အင်္ဂလန်မြောက်ဖျားစွန်းတွင် တစ်လလျှင် ကုန်ကျစရိတ် ၁၅ ပေါင်သာရှိသော နေအိမ်ကလေး ဖန်တီးနေထိုင်ပြီး တစ်လလျှင် ပေါင် ၁၀၀၀ ခန့် ကုန်ကျစရိတ်သက်သာအောင် ကြံဆောင်သူ - Property News in Myanmar from iMyanmarHouse.com
23 May 2019 11:42 am တွင် တင်ခဲ့သည်
1822 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်မြောက်ဖျားစွန်း နော်သမ်ဘာလန် ခရိုင်တွင် ခရစ် မာ့ရှ်ဆိုသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားသည် တစ်လလျှင် ကုန်ကျစရိတ် ၁၅ ပေါင်သာရှိသော နေအိမ်ကလေး ဖန်တီးနေထိုင်ပြီး တစ်လလျှင် ပေါင် ၁၀၀၀ ခန့် ကုန်ကျစရိတ်သက်သာအောင် ကြံဆောင်သူအဖြစ် ဗြိတိန်သတင်းမီဒီယာတို့တွင် နာမည်ကျော်နေသည်။

ခရစ် မာ့ရှ်သည် တစ်လလျှင် လျှပ်စစ်မီးခ ၁၅ ပေါင်သာ ကုန်ကျပြီး မိုးရေစုဆောင်းစနစ်ကို အသုံးပြုခြင်းကြောင့် ရေဖိုးကုန်ကျခြင်း မရှိဟု ဆိုသည်။

အိပ်ခန်း ၂ ခန်းပါသော စရိတ်ချွေတာနေအိမ်အတွက် ရက်သတ္တပတ်လျှင် ၃ ဒသမ ၅ ပေါင်သာ ကုန်ကျငွေရှိသည်ဟု ဆိုသည်။

ခရစ် မာ့ရှ်သည် ယခင်ငှားရမ်းထားသော နေအိမ်ကို ပြန်အပ်လိုက်ပြီး စတုရန်းပေ ၁၈၀ သာ အကျယ်အဝန်းရှိသော ဘီးတပ် သစ်သားနေအိမ်ကလေးတွင် ပြောင်းလဲနေထိုင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ကလေးတွင် master bedroom တစ်ခန်းနှင့် အိပ်ခန်းပိုတစ်ခု၊ မီးဖိုဆောင်၊ အဝတ်လျှော်စက်တို့ ပါဝင်ပြီး နှစ်ထပ်နေအိမ်ဖြစ်ပြီး ကြီးမားသော ရေချိုးခန်းလည်း ပါဝင်သည်။

ခရစ် မာ့ရှ်သည် ယခင်က နော်သမ်ဘာလန်းခရိုင်၊ ဟက်ဇ်ဟမ်းရှိ အိပ်ခန်း ၂ ခန်းပါနေအိမ်ကို တစ်လလျှင် ပေါင် ၆၅၀ ဖြင့် ငှားရမ်း နေထိုင်ခဲ့ပြီး ထိုစဉ်က လျှပ်စစ်မီတာခ လစဉ် ပေါင် ၁၀၀ ခန့်နှင့် မြို့ ကောင်စီမှ အကောက်ခွန်ကြေး ပေါင် ၁၆၀ ခန့် အခွန်ပေးဆောင် ခဲ့ရသည်။

နောက်ပိုင်းတွင်မူ ကုန်ကျစရိတ်များ သက်သာစေရန် အဆိုပါနေအိမ်ကို ပြန်အပ်ခဲ့ပြီး နော်သမ်ဘာလန်းတွင် မြေနေရာကွက်တစ်ခုကို ပေါင် ၁၁၀၀၀၀ ဖြင့် ဝယ်ယူလိုက်၏။

မူလက အဆိုပါမြေကွက်တွင် ပုံမှန်သမားရိုးကျ နေအိမ်တစ်လုံးဆောက်လုပ် နေထိုင်ရန် ရည်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ကူးပြောင်းလဲကာ ကုန်ကျစရိတ်သက်သာမည့် ယခုနေအိမ်ကို ရက်သတ္တ ၁၁ ပတ်အချိန်ယူကာ ကိုယ်တိုင်ဆောက်လုပ်ခဲ့သည်။

တစ်ကိုယ်ရည်တစ်ကာယသမားဖြစ်သူ ခရစ်သည် ယခင်က အဆောက်အအုံ ထုတ်လုပ်ရောင်းချသူအဖြစ် အသက်မွေးခဲ့ပြီး ဥရောပတစ်ဝန်းရှိ ဝယ်လက်များထံ နေအိမ်ငယ်ပေါင်း ၃၀ ခန့် ရောင်းချခဲ့ရပြီးဖြစ်ကာ တန်ဖိုးအားဖြင့် ပေါင် ၅၀၀၀၀ ဝန်းကျင် ဖြစ်သည်။

“ကျွန်တော့်ရဲ့ အရင်နေအိမ်က ချစ်ဖို့ကောင်းပေမယ့် ကုန်ကျစရိတ် မနည်းလှဘူး။ အပူပေးစနစ်ကလည်း အသုံးပြုမယ်ဆိုရင် ကုန်ကျစရိတ်ကြီးလွန်းလို့ မသုံးသလောက်ပါပဲ” ထိုနောက်တွင် ခရစ်သည် အမေရိကန်ဝက်ဘ်ဆိုက်တစ်ခုတွင် နေအိမ်ငယ်ကလေးများကို ရှာဖွေလေ့လာပြီး ကိုယ်တိုင်ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့၏။

ခရစ်သည် မတ်လကုန်ပိုင်းမှ စတင်ပြီး အဆိုပါနေအိမ်ကလေးတွင် နေထိုင်လျက်ရှိနေပြီး အိမ်ကလေးကို အလွန်နှစ်သက်မြတ်နိုးလှ ကြောင်း၊ ပုံမှန်သမားရိုးကျနေအိမ်တစ်လုံးတွင် အလျင်စလို ပြောင်းလဲနေထိုင်ရန် အစီအစဉ် မရှိသေးကြောင်းလည်း ပြောကြားသည်။

ယခုအိမ်ကလေးတွင် လျှပ်စစ်ဓာတ်အားခ တစ်လလျှင် ၁၅ ပေါင်သာ ကုန်ကျပြီး ရေမှာလည်း မိုးရေစုဆောင်းသည့်စနစ်ကို အသုံးပြုခြင်းကြောင့် ရေဖိုးမကုန်ကျချေ။

ခရစ်သည် အဆိုပါနေအိမ်ငယ်လေးတွင် ကိုယ်တိုင်နေထိုင်ရုံမျှမက Tiny Eco Homes UK အမည်ဖြင့် လုပ်ငန်းတည်ထောင်ကာ နေအိမ်ငယ်များ ထုတ်လုပ်ရောင်းချလျက်လည်း ရှိသည်။ လက်ရှိအားဖြင့် နေအိမ် ၆ လုံး ဆောက်လုပ်ပေးနေသည်ဟုဆိုသည်။

အဆိုပါနေအိမ်များကို ဝယ်လက်အမျိုးမျိုးထံ ရောင်းချရလျက်ရှိရာ လူငယ်လူရွယ် မိသားစုများမှသည် သက်ကြီးရွယ်အိုစုံတွဲများအထိ၊ ပထမဆုံးနေအိမ်စတင်ဝယ်ယူသူများမှသည် အားလပ်ရက်အပန်းဖြေရန် နေအိမ်အဖြစ် ရည်ရွယ်သူများအထိ အမျိုးမျိုး ပါဝင်သည်။

(ခရစ်မာ့ရှ်၏ ယခင်တစ်လတာ ကုန်ကျစရိတ်)

ရေဖိုး- ၉၅ ပေါင်

လျှပ်စစ်ဓာတ်အားခ- ပေါင် ၁၀၀ နှင့်အထက်

ဓာတ်ငွေ့- မရှိ

ကောင်စီအကောက်ခွန်- ပေါင် ၁၆၀

အိမ်ငှားခ- ပေါင် ၆၅၀

အထွေထွေ- ပေါင် ၅၀

စုစုပေါင်း နေအိမ်အတွက် တစ်လတာ ကုန်ကျစရိတ်- ပေါင် ၉၇၀

(မြန်မာငွေ ၁၈ သိန်း ၈ သောင်းခန့်၊ ၂၀၁၉ မေလ ၂၂ ရက် ငွေလဲနှုန်း စတာလင်တစ်ပေါင်လျှင် မြန်မာငွေ ၁၉၄၁ ကျပ်အရ)

(ယခုကုန်ကျစရိတ်)

ရေဖိုး- ကုန်ကျမှုမရှိ

လျှပ်စစ်ဓာတ်အားခ- ၁၅ ပေါင်

ဓာတ်ငွေ့- မရှိ

ကောင်စီအကောက်ခွန်- မရှိ

အိမ်ငှားခ- မရှိ

အထွေထွေ- မရှိ

နေအိမ်အတွက် စုစုပေါင်းကုန်ကျစရိတ်- ၁၅ ပေါင် (မြန်မာငွေ ၂၉၀၀၀ ဝန်းကျင်)

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service