ဟောင်ကောင်အခြေစိုက် ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီ Kerry Properties က ပြည်မကြီး၊ ဟန်ကျိုးမြို့ ရှိ အိမ်ခြံမြေစီမံကိန်းနေရာကို ယွမ်ငွေ ၇ ဘီလီယံနီးပါးဖြင့် ဝယ်ယူ

ဟောင်ကောင်အခြေစိုက် ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီ Kerry Properties က ပြည်မကြီး၊ ဟန်ကျိုးမြို့ ရှိ အိမ်ခြံမြေစီမံကိန်းနေရာကို ယွမ်ငွေ ၇ ဘီလီယံနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
22 May 2019 11:12 am တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်အခြေစိုက် ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီ Kerry Properties သည် တရုတ်ပြည်မကြီး၊ ဟန်ကျိုးမြို့ ရှိ အိမ်ခြံမြေ စီမံကိန်း နေရာကို ယွမ်ငွေ ၆ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြ သည်။

တရုတ်ပြည်အရှေ့ ပိုင်း ဟန်ကျိုးမြို့ ရှိ စီမံကိန်းနေရာမှာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၉၈၀၅၃ ( စတုရန်းပေ ၁ သန်း) ရှိပြီး အစိုးရလေလံတင် ရောင်းချမှုတွင် Kerry Properties က ယွမ်ငွေ ၆ ဒသမ ၈၁၄ ဘီလီယံ (ကန်ဒေါ်လာ ၉၈၅ သန်း) ဖြင့် လေလံအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

Kerry Properties သည် ရှန်ဂရီလာဟိုတယ်အုပ်စုကို တည်ထောင်သူ Robert Kuok ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခု လေလံ အောင်မြင်သော မြေနေရာတွင် စတုရန်းမီတာ ၂၂၉၆၁၃ ကျယ်ဝန်းမည့် ဘက်စုံသုံးစီမံကိန်းတစ်ခု အကောင်အထည် ဖော်မည်ဖြစ်ကာ ရုံးခန်း၊ လက်လီအရောင်းဆိုင်များနှင့် ဟိုတယ်တစ်လုံးတို့ ပါဝင်မည် ဖြစ်သည်။

စီမံကိန်းဖော်ဆောင်မည့် ဟန်ကျိုးမြို့ သည် တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကြီး Alibaba တည်ထောင်သူ ဂျက်မား၏ ဇာတိမြေ လည်း ဖြစ်သည်။

Kerry Properties သည် ဟန်ကျိုးမြို့ တွင် စတုရန်းမီတာ ၂၀၄၀၀၀ ကျယ်ဝန်းသည့် Hangzhou Kerry Centre ကို အကောင်အထည် ဖော် လည်ပတ်နေခဲ့ပြီးလည်း ဖြစ်သည်။

Kerry Properties သည် တရုတ်ပြည် အိမ်ခြံမြေဈေးကွက်သို့ အစောဆုံးခြေချခဲ့သည့် ပြည်ပအိမ်ခြံမြေ developer များတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ယခုစီမံကိန်းနေရာအတွက် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၂၉၆၇၇ အထိ သုံးစွဲကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေလံဈေး အပြိုင်အဆိုင် ဈေးမြှင့်ပေးမှုပေါင်း ၁၂၆ ကြိမ်အထိ ပြုလုပ်ကာ လေလံဆွဲခဲ့ရသည်။

“ယခုလေလံအောင်မြင်မှုသည် ကုမ္ပဏီအုပ်စုအတွက် ဟန်ကျိုးမြို့ ၏ အချက်အခြာနေရာတွင် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည့် အခွင့်အလမ်းတစ်ခု ရရှိလာခြင်းဖြစ်သည့်အပြင် စီမံကိန်းများအတွက် မြေယာပိုင်ဆိုင်မှု တိုးမြှင့်လာစေသည့် အခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့က ရှုမြင်ပါသည်” ဟု ဟောင်ကောင်စတော့အိတ်ချိန်းသို့ ထုတ်ဖော် ကြေညာချက် တစ်ရပ်တွင် ဖော်ပြသည်။

ယခုစီမံကိန်းသည် ဟန်ကျိုးမြို့  ၊ ဝမ်ဟွေ့ခရိုင်ရှိ Peace International Convention and Exhibition Center အနီးရှိ မဟာစီမံကိန်း တစ်ခုဖြစ်သော Hangzhou City Star International Tourism ကွန်ပလက်စ် စီမံကိန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်နေသည်။

ယခုစီမံကိန်းတွင် ကြမ်းခင်းဧရိယာ ၄၉ ဒသမ ၅ ရာခိုင်နှုန်းကို လူနေဧရိယာအဖြစ် အကောင်အထည်ဖော်ရန် လျာထားအတည်ပြုပြီး ဖြစ်သည်။

စီမံကိန်းမြေနေရာ၏ အရှေ့ ဘက်တွင် ရှန်းနန်လမ်း၊ အနောက်ဘက်တွင် တုံရှင်းလမ်း၊ မြောက်ဘက်တွင် ဟန့်ယန်လမ်း၊ တောင်ဘက် တွင် ကွေ့ဟွာ အမှတ် ၉ လမ်းမကြီးတို့ ဝန်းပတ် တည်ရှိသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service