လှိုင်သာယာတွင် ကျူးကျော်များကို မြေဧကသုံးရာ ကွက်လပ်တွင် အစားထိုးနေရာ ချထားပေးရန် ဆွေးနွေးနေ

လှိုင်သာယာတွင် ကျူးကျော်များကို မြေဧကသုံးရာ ကွက်လပ်တွင် အစားထိုးနေရာ ချထားပေးရန် ဆွေးနွေးနေ - Property News in Myanmar from iMyanmarHouse.com
22 May 2019 10:18 am တွင် တင်ခဲ့သည်
1363 ကြိမ် ကြည့်ရှု့ပြီး

လှိုင်သာယာမြို့နယ် အတွင်းရှိ ကျူးကျော်များ နေထိုင်ရန် မြို့နယ် မြေဧကသုံးရာ မြေကွက်လပ်တစ်ခုတွင် အစားထိုး နေရာချထားပေးရန် ဆွေးနွေးလျက် ရှိကြောင်း လှိုင်သာယာမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

''ကျူးကျာ်တွေနေထိုင်ဖို့ အစားထိုးနေရာချပေးဖို့ စီစဉ်နေတာဟုတ်တယ်။ ဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာ ဝန်ကြီးချုပ်ကလည်း အဓိကတော့ ညောင်ရွာက မီးလောင်သွားတဲ့ကျူးတွေနဲ့ လှိုင်သာယာတစ်မြို့ လုံးမှာရှိတဲ့ ကျူးတွေအတွက်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ ဆွေးနွေးတာပေါ့။ ဧက ၃ဝဝ ပေါ်မှာ ဘယ်လို ဘယ်လိုတွေလုပ်မယ်ဆို တာ ဆွေးနွေးတုန်းအချက်ပဲ ရှိ သေးတယ်''ဟု ၎င်းက ဒီမိုကရေစီတူဒေး၏မေးမြန်းမှုကို မေ ၂ဝ ရက်တွင် ဖြေကြားသည်။

လှိုင်သာယာမြို့နယ် ရှိ မည်သည့်မြေနေရာဧကသုံးရာတွင် ကျူးကျော်များကို နေရာချပေးရန် အတွက် အသေးစိတ်အချက်လက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထပ်မံဆွေးနွေးရန် လိုအပ် သေးကြောင်း ၎င်းကဆက်လက် ပြောသည်။

'' အသေးအစိတ်အချက်အလက်တွေက ဆက်လက်ဆွေးနွေးဖို့ လိုအပ်နေပါတယ်။ ဝန်ကြီး ချုပ်ကလည်း ဒီကိစ္စကို အကောင်အထည်ဖော်မယ်လို့ ပြောတယ်။ အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတဲ့အပိုင်းရှိတယ်။ ဝန်ကြီးချုပ်တို့ ဘက်က စီစဉ်နေတာပေါ့။ အသေးစိတ်ဆွေးနွေးပြီးရင်တော့ ဘယ်နေရာတွေမှာ ဘယ်ချိန်တွေမှာလဲ ဆိုတာ ရက်သတ်မှတ်လို့ရမှာပေါ့ " ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ယင်းသို့စီစဉ်နေမှုမှာ မကြာမီကာလအတွင်း အကောင်အထည်ပေါ်လာနိုင်ကြောင်း သက်ဆိုင်ရာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးစဉ် ပြောထားကြာင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်သည် ကျူးကျော်များ နေထိုင်လျက်ရှိပြီး အိမ်ထောင်စုပေါင်း ၃ဝဝဝဝ ကျော်ရှိကာ လူဦးရေ တစ်သိန်းကျော် နေထိုင်လျက်ရှိကြောင်း၊ ကျူးကျော် စမတ်ကတ် ထုတ်ပေးထားသူ ၃ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ညောင်ရွာတွင် ပြီးခဲ့သည့် မတ် ၉ ရက် နှင့် ၂၁ ရက်နေ့တို့က မီးဘေးနှစ် ကြိမ်သင့်ခဲ့ပြီး ကျူးကျော်နေထိုင်သူများ အပါအဝင် အိမ်ထောင်စု ၁၉ဝ ကျော် နှင့် လူဦးရေ ၇ဝဝ ကျော် အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service