တိုက္ခန္းဝယ္ရင္ ဘယ္စာခ်ဳပ္အေရးၾကီးဆံုးလဲ

တိုက္ခန္းဝယ္ရင္ ဘယ္စာခ်ဳပ္အေရးၾကီးဆံုးလဲ - Property Knowledge in Myanmar from iMyanmarHouse.com
21 May 2019 1:04 pm တွင် တင်ခဲ့သည်
18733 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

#Zawgyi#

ယေန႕ေခတ္အထိ တိုက္ခန္းအေရာင္းအဝယ္လုပ္တိုင္း ေျမရွင္မ်ားက အေရးပါေနဆဲ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ေျမရွင္မသိဘဲ အေရာင္းအဝယ္လုပ္ရင္ အဲဒီတိုက္ခန္းအေရာင္းအဝယ္နဲ႕ ပတ္သက္လို႕ ေျမရွင္က တာဝန္မယူပါဘူး။ အာမမခံဘူး၊ အသိအမွတ္မျပဴရပါဘူး။ ေရာင္းမွားဝယ္မွားျဖစ္ၾကရင္ ေျမရွင္က ကူညီေပးေလ့ မရွိဘဲ ေဘးက ပြဲၾကည့္ပရိ္သတ္လုပ္ ေနတတ္တယ္။

ေပးကမ္းျခင္း ေအာင္ျမင္

စကားအကုန္ေျပာလိုက္မယ္ဗ်ာ၊ ေျမရွင္လက္မွတ္မထိုဘဲ အေရာင္းအဝယ္လုပ္မိတဲ့ တိုက္ခန္းဟာ အရႈပ္အရွင္းျဖစ္လို႕ တရားစြဲၾကျပီဆိုရင္ ေျမရွင္ကို တရားရုံးမွာ သက္ေသထြက္ေပးဖို႕ ေခၚၾကည့္ပါလား။ သနားတယ္။ Sorry ပါ ဆိုျပီး လက္ျပႏႈတ္ဆက္သြားလိမ့္မယ္။ အဲဒီလို ေရွ႕ေျပးသာဓကေတြ ရွိေနေလေတာ့ တိုက္ခန္းအေရာင္းအဝယ္ လုပ္ၾကျပီဆိုရင္ ေျမရွင္ကို အသိေပးၾကပါတယ္။ ဒီလိုဆိုရင္ ေရာင္းတဲ့တိုက္ခန္းဟာ အစဥ္အဆက္ ပိုင္ဆိုင္သူေတြက လက္ဆင့္ကမ္း ေရာင္းခ်တာ မွန္ပါတယ္။ အရႈပ္အရွင္း မရွိပါဘူး လို႕ ေထာက္ခံေပးပါလိမ့္မယ္။

ဒါဆိုရင္ စိတ္ခ်လက္ခ် ၀ယ္ၾကတာေပါ့။ ဒါေပမဲ့ ေျမရွင္ အသိအမွတ္ျပဳခ ၁% ၂% စသည္ေပး ရတယ္ေလ။ အဲဒီနည္းနဲ႕ ေျမရွင္ ေတာ္ေတာ္မ်ားမ်ားက တိုက္ခန္းလက္ေျပာင္းတိုင္းေရာင္းသူထံက အသိအမွတ္ျပဳခယူၾကတယ္။ အဲဒီအထဲမွာမွ ထူးထူးျခားျခား ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးကေတာ့ ယူလည္းမယူဘူး၊ လက္မွတ္လည္း ထိုးမေပးဘူး၊။ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ထံ မွ ပထမဦးဆံုးဝယ္တဲ့သူရဲ႕ တိုက္ခန္း၊ အေရာင္းအဝယ္စာခ်ဳပ္မွာပဲ သူ႕လက္မွတ္ကို ျမင္ဖူးပါတယ္။ ေနာက္ပိုင္း အဆင့္ဆင့္ ေရာင္းဝယ္တဲ့ စာခ်ဳပ္တိုင္းမွာလည္း ေျမရွင္လက္မွတ္ေရးထိုးေပးေလ့ မရွိဘူး၊ ဒီေတာ့ ဝယ္တဲ့သူေတြကလည္း တရားဝင္ အေရာင္းအဝယ္ျပဳလုပ္ေၾကာင္း ထင္ရွားေအာင္ သက္ဆိုင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၊ ရဲ ေတြေရွ႕မွာ စာခ်ဳပ္ၾကတာကို ေတြ႕ရတယ္။ နမူနာစာခ်ဳပ္ တင္ျပလိုက္ပါတယ္။

တိုက္ခန္းအေရာင္းအ၀ယ္ကတိစာခ်ဳပ္

ရန္ကုန္ျမိဳ႕ ၊ ၁၉၉၇ ခုနွစ္၊ ဒီဇင္ဘာလ ( ) ရက္ေန႕၌ ေအာက္ေဖာ္ျပပါေရာင္းသူနွင့္ ဝယ္သူနွစ္ဦးနွစ္ဖက္တို႕သည္ အိမ္ခန္းအေရာင္းအဝယ္အတြက္ ေငြေပးစာခ်ဳပ္ကို ေအာက္ပါအတိုင္း ခ်ဳပ္ဆိုၾကပါသည္။

ေရာင္းသူ ။ ဦး…. (မွတ္ပံုတင္အမွတ္ …..)

ယုဇနေဆာက္လုပ္ေရးလုပ္ငန္း၊ အမွတ္ ၃၀ ၊ ဝါးတန္းလမ္း၊ လမ္းမေတာ္ျမိဳ႕နယ္ ၊ ရန္ကုန္တိုင္းေဒသၾကီး။

ဝယ္သူ ။ ဦး/ေဒၚ … (ဘ) ဦး …….

အမ်ိဳးသားမွတ္ပံုတင္အမွတ္ ……

အမွတ္ ( ) ၊ …..လမ္း၊ ….. ျမိဳ႕နယ္ ၊ …..တိုင္းေဒသၾကီး။

တန္ဖိုး ။ က်ပ္ ……./

(က်ပ္ …… တိတိ)

တည္ေနရာ ။ ဒဂံုျမိဳ႕သစ္ (ဆိပ္ကမ္း) ျမိဳ႕နယ္ ၊ ၄၄ ရပ္ကြက္ ၊ ….လမ္း၊ တိုက္အမွတ္ ….၊ (၅)ထပ္တိုက္ ၊ (၄)ခန္းတြဲ အေဆာက္အဦး၊ ယုဇနဥယ်ာဥ္ျမိဳ႕ေတာ္အိမ္ရာစီမံကိန္း။

ေရာင္းခ်သည့္အခန္း ။ တိုက္ ၊ အခန္း ( ) ၊ ေျမညီ/ပ/ဒု/တ/စ/ထပ္/…… လမ္း။

(အထက္ေဖာ္ျပပါ ေရာင္းသူ၊ ဝယ္သူဟူေသာ စကားရပ္မ်ားတြင္ ေရာင္းသူနွင့္ ဝယ္သူတို႕ အပါအဝင္ ၄င္းတုိ႕၏ အေမြဆက္ခံသူမ်ား ၊ ဥပေဒအရ ခံစားခြင့္ရွိသူမ်ား၊ တရားဝင္ကိုယ္စားလွယ္မ်ား အၾကံဳးဝင္သည္ဟု မွတ္ယူရမည္။)

ျမိဳ႕ရြာနွင့္ အိ္ုးအိမ္ဖြံ႕ျဖိဳးေရးဦးစီးဌာန နွင့္ ေဆာက္လုပ္ေရး “ ဦး…….” တို႕၏ အခန္းေပး၊ အခန္းယူ၊ေဆာက္လုပ္မႈ သေဘာတူညီခ်က္အရ အထက္ေဖာ္ျပပါ အခန္းအား ဦး… မွ တရားဝင္ ပိုင္ဆိုင္ျပီး တန္ဖိုးေငြက်ပ္ ……./ (က်ပ္သိန္း…. တိတိ) ျဖင့္ အျပီးအပိုင္းေရာင္းခ်ရာ ဝယ္ယူသူ ဦး/ေဒၚ ….. မွ ေက်နပ္စြာ ဝယ္ယူပါ၍ အခန္း၏ က်သင့္ေငြတန္ဖိုးေငြမ်ားကို -- ပထမအရစ္ေငြက်ပ္ ….. (က်ပ္……)ကို ၄င္း၊

ဒုတိယအရင္က်ေငြ …… (က်ပ္……)ကို ၄င္း၊

တတိယအရစ္က်ေငြ…… (က်ပ္…..)ကို ၄င္း

စုစုေပါင္း ေငြက်ပ္ ……… (က်ပ္ သိန္း …….တိတိ)ကို ေရာင္းခ်သူမ်ာ ေငြအေက်လက္ခံရရွိပါသည္။

အဆိုပါအခန္းသည္ အရႈပ္အရွင္းလံုးဝကင္းရွင္းေၾကာင္း နွင့္ ျပႆနာတစ္စံုတစ္ရာ ေပၚေပါက္လာပါက ေရာင္းသူမွာ မိမိစရိတ္ျဖင့္ အျပီးေျဖရွင္းေပးမည္ျဖစ္ေၾကာင္း ကတိျပဳပါသည္။

အထက္ေဖာ္ျပပါ အခ်က္အလက္မ်ားကို ဖတ္ရႈနားလည္းသေဘာေပါက္ျပီး ျဖစ္ပါ၍ ေအာက္ပါအသိသက္ေသမ်ား ေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုးပါသည္။

အသိသက္ေသမ်ား

၁။ အမည္……

မွတ္ပံုတင္ …… ေနရပ္ ……..

၂။ အမည္ ….. မွတ္ပံုတင္ …. ေနရပ္…..

(ဦး…..) ေရာင္းသူ

(ဝယ္သူ)

သူရဲ႕စာခ်ဳပ္က ရုိးရွင္းပါတယ္။ တိုက္ခန္းအေရာင္းအဝယ္လုပ္သူေတြဟာ အဲဒီလုပ္ငန္းရွင္းနဲ႕ ပထမဆံုးခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မျပႏိုင္ဘူး။ ဆိုရင္ေတာ့ အဲဒီတိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ဟာ မွန္ကန္ျပည့္စံုတယ္လို႕ လက္ခံဖို႕ ခဲယဥ္းပါတယ္။ ဒါေၾကာင့္ တိုက္ခန္းအေရာင္းအဝယ္ လုပ္ၾကသူမ်ား အားလံုးကို အၾကံေပးခ်င္တာက တိုက္ခန္းဝယ္ေတာ့မယ္ဆိုရင္ ေျမရွင္ထံမွ ျဖစ္ေစ၊ ကန္ထရုိက္တာထံမွျဖစ္ေစ ပထမဆံုးဝယ္ယူသူရဲ႕ စာခ်ဳပ္ဟာ အေရးအၾကီးဆံုးျဖစ္လို႕ အေသအခ်ာ စစ္ေဆးျပီး ဝယ္ယူသင့္ၾကပါတယ္။

ဝယ္သူအားလံုး သူေတာ္ေကာင္းနဲ႕ ေတြ႕ပါေစ

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ

Credit: လႊတ္ေတာ္ေရွ႕ေမာင္ေကာင္းေဖ

 

#Unicode#

 

ယနေ့ခေတ်အထိ တိုက်ခန်းအရောင်းအဝယ်လုပ်တိုင်း မြေရှင်များက အရေးပါနေဆဲ ဖြစ်နေတာကို တွေ့ရပါတယ်။မြေရှင်မသိဘဲ အရောင်းအဝယ်လုပ်ရင် အဲဒီတိုက်ခန်းအရောင်းအဝယ်နဲ့ ပတ်သက်လို့ မြေရှင်က တာဝန်မယူပါဘူး။ အာမမခံဘူး၊ အသိအမှတ်မပြူရပါဘူး။ ရောင်းမှားဝယ်မှားဖြစ်ကြရင် မြေရှင်က ကူညီပေးလေ့ မရှိဘဲ ဘေးက ပွဲကြည့်ပရိသတ်လုပ် နေတတ်တယ်။

ပေးကမ်းခြင်း အောင်မြင်

စကားအကုန်ပြောလိုက်မယ်ဗျာ၊ မြေရှင်လက်မှတ်မထိုဘဲ အရောင်းအဝယ်လုပ်မိတဲ့ တိုက်ခန်းဟာ အရှုပ်အရှင်းဖြစ်လို့ တရားစွဲကြပြီဆိုရင် မြေရှင်ကို တရားရုံးမှာ သက်သေထွက်ပေးဖို့ ခေါ်ကြည့်ပါလား။ သနားတယ်။ Sorry ပါ ဆိုပြီး လက်ပြနှုတ်ဆက်သွားလိမ့်မယ်။ အဲဒီလို ရှေ့ပြေးသာဓကတွေ ရှိနေလေတော့ တိုက်ခန်းအရောင်းအဝယ် လုပ်ကြပြီဆိုရင် မြေရှင်ကို အသိပေးကြပါတယ်။ ဒီလိုဆိုရင် ရောင်းတဲ့တိုက်ခန်းဟာ အစဉ်အဆက် ပိုင်ဆိုင်သူတွေက လက်ဆင့်ကမ်း ရောင်းချတာ မှန်ပါတယ်။ အရှုပ်အရှင်း မရှိပါဘူး လို့ ထောက်ခံပေးပါလိမ့်မယ်။

ဒါဆိုရင် စိတ်ချလက်ချ ဝယ်ကြတာပေါ့။ ဒါပေမဲ့ မြေရှင် အသိအမှတ်ပြုခ ၁% ၂% စသည်ပေး ရတယ်လေ။ အဲဒီနည်းနဲ့ မြေရှင် တော်တော်များများက တိုက်ခန်းလက်ပြောင်းတိုင်းရောင်းသူထံက အသိအမှတ်ပြုခယူကြတယ်။ အဲဒီအထဲမှာမှ ထူးထူးခြားခြား ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကတော့ ယူလည်းမယူဘူး၊ လက်မှတ်လည်း ထိုးမပေးဘူး၊။ ဆောက်လုပ်ရေးလုပ်ငန်းရှင်ထံ မှ ပထမဦးဆုံးဝယ်တဲ့သူရဲ့ တိုက်ခန်း၊ အရောင်းအဝယ်စာချုပ်မှာပဲ သူ့လက်မှတ်ကို မြင်ဖူးပါတယ်။ နောက်ပိုင်း အဆင့်ဆင့် ရောင်းဝယ်တဲ့ စာချုပ်တိုင်းမှာလည်း မြေရှင်လက်မှတ်ရေးထိုးပေးလေ့ မရှိဘူး၊ ဒီတော့ ဝယ်တဲ့သူတွေကလည်း တရားဝင် အရောင်းအဝယ်ပြုလုပ်ကြောင်း ထင်ရှားအောင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲ တွေရှေ့မှာ စာချုပ်ကြတာကို တွေ့ရတယ်။ နမူနာစာချုပ် တင်ပြလိုက်ပါတယ်။

တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်

ရန်ကုန်မြို့ ၊ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ( ) ရက်နေ့၌ အောက်ဖော်ပြပါရောင်းသူနှင့် ဝယ်သူနှစ်ဦးနှစ်ဖက်တို့သည် အိမ်ခန်းအရောင်းအဝယ်အတွက် ငွေပေးစာချုပ်ကို အောက်ပါအတိုင်း ချုပ်ဆိုကြပါသည်။

ရောင်းသူ ။ ဦး…. (မှတ်ပုံတင်အမှတ် …..)

ယုဇနဆောက်လုပ်ရေးလုပ်ငန်း၊ အမှတ် ၃၀ ၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။

ဝယ်သူ ။ ဦး/ဒေါ် … (ဘ) ဦး …….

အမျိုးသားမှတ်ပုံတင်အမှတ် ……

အမှတ် ( ) ၊ …..လမ်း၊ ….. မြို့နယ် ၊ …..တိုင်းဒေသကြီး။

တန်ဖိုး ။ ကျပ် ……./

(ကျပ် …… တိတိ)

တည်နေရာ ။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၊ ၄၄ ရပ်ကွက် ၊ ….လမ်း၊ တိုက်အမှတ် ….၊ (၅)ထပ်တိုက် ၊ (၄)ခန်းတွဲ အဆောက်အဦး၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာစီမံကိန်း။

ရောင်းချသည့်အခန်း ။ တိုက် ၊ အခန်း ( ) ၊ မြေညီ/ပ/ဒု/တ/စ/ထပ်/…… လမ်း။

(အထက်ဖော်ပြပါ ရောင်းသူ၊ ဝယ်သူဟူသော စကားရပ်များတွင် ရောင်းသူနှင့် ဝယ်သူတို့ အပါအဝင် ၎င်းတို့၏ အမွေဆက်ခံသူများ ၊ ဥပဒေအရ ခံစားခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ အကြုံးဝင်သည်ဟု မှတ်ယူရမည်။)

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ဆောက်လုပ်ရေး “ ဦး…….” တို့၏ အခန်းပေး၊ အခန်းယူ၊ဆောက်လုပ်မှု သဘောတူညီချက်အရ အထက်ဖော်ပြပါ အခန်းအား ဦး… မှ တရားဝင် ပိုင်ဆိုင်ပြီး တန်ဖိုးငွေကျပ် ……./ (ကျပ်သိန်း…. တိတိ) ဖြင့် အပြီးအပိုင်းရောင်းချရာ ဝယ်ယူသူ ဦး/ဒေါ် ….. မှ ကျေနပ်စွာ ဝယ်ယူပါ၍ အခန်း၏ ကျသင့်ငွေတန်ဖိုးငွေများကို -- ပထမအရစ်ငွေကျပ် ….. (ကျပ်……)ကို ၎င်း၊

ဒုတိယအရင်ကျငွေ …… (ကျပ်……)ကို ၎င်း၊

တတိယအရစ်ကျငွေ…… (ကျပ်…..)ကို ၎င်း

စုစုပေါင်း ငွေကျပ် ……… (ကျပ် သိန်း …….တိတိ)ကို ရောင်းချသူမျာ ငွေအကျေလက်ခံရရှိပါသည်။

အဆိုပါအခန်းသည် အရှုပ်အရှင်းလုံးဝကင်းရှင်းကြောင်း နှင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရောင်းသူမှာ မိမိစရိတ်ဖြင့် အပြီးဖြေရှင်းပေးမည်ဖြစ်ကြောင်း ကတိပြုပါသည်။

အထက်ဖော်ပြပါ အချက်အလက်များကို ဖတ်ရှုနားလည်းသဘောပေါက်ပြီး ဖြစ်ပါ၍ အောက်ပါအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပါသည်။

အသိသက်သေများ

၁။ အမည်…… မှတ်ပုံတင် …… နေရပ် ……..

၂။ အမည် ….. မှတ်ပုံတင် …. နေရပ်…..

(ဦး…..) ရောင်းသူ

(ဝယ်သူ)

သူရဲ့စာချုပ်က ရိုးရှင်းပါတယ်။ တိုက်ခန်းအရောင်းအဝယ်လုပ်သူတွေဟာ အဲဒီလုပ်ငန်းရှင်းနဲ့ ပထမဆုံးချုပ်ဆိုထားတဲ့ စာချုပ်မပြနိုင်ဘူး။ ဆိုရင်တော့ အဲဒီတိုက်ခန်းအရောင်းအဝယ်စာချုပ်ဟာ မှန်ကန်ပြည့်စုံတယ်လို့ လက်ခံဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် တိုက်ခန်းအရောင်းအဝယ် လုပ်ကြသူများ အားလုံးကို အကြံပေးချင်တာက တိုက်ခန်းဝယ်တော့မယ်ဆိုရင် မြေရှင်ထံမှ ဖြစ်စေ၊ ကန်ထရိုက်တာထံမှဖြစ်စေ ပထမဆုံးဝယ်ယူသူရဲ့ စာချုပ်ဟာ အရေးအကြီးဆုံးဖြစ်လို့ အသေအချာ စစ်ဆေးပြီး ဝယ်ယူသင့်ကြပါတယ်။

ဝယ်သူအားလုံး သူတော်ကောင်းနဲ့ တွေ့ပါစေ

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့မောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service