ဒေါ်လာဈေးကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ စောင့်ကြည့်ရအုံးမယ်

ဒေါ်လာဈေးကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ စောင့်ကြည့်ရအုံးမယ် - Property News in Myanmar from iMyanmarHouse.com
21 May 2019 12:20 pm တွင် တင်ခဲ့သည်
2154 ကြိမ် ကြည့်ရှု့ပြီး

လက်ရှိ အိမ်ခြံမြေ အရောင်းအငှားဈေးကွက်မှာ အနည်းငယ်ပြန်လှုပ်ခတ်နေပြီးတော့ဒေါ်လာဈေးအတက်ကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်ပေါ်လာနိုင်မလဲဆိုတာစောင့်ကြည့်ရအုံးမယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အခုရက်ပိုင်းမြေ အရောင်းအဝယ်ပိုင်းရော အငှား ပိုင်းတွေမှာအနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ အရောင်း အဝယ်ပိုင်းမှာ ကျပ် သိန်း ၃၀၀/၄ဝဝ ဈေးနှုန်းကအစ ကျပ်သိန်း၂၀၀၀/၃ဝဝဝ ဈေးနှုန်းတွေပါ အရောင်း အဝယ်ရှိနေပါတယ်။ ကျပ်သိန်း ၁ဝဝဝဝ ဝန်းကျင်ဈေးနှုန်းတွေကတခါတရံပိုင်းမှာသာအရောင်းအဝယ်ရှိပါတယ်။ အငှား ပိုင်းကတော့ ဈေးနှုန်းအတန်းစားအလိုက်အငှားဖြစ်နေတယ်လို့ သိရပါတယ်။

'' အိမ်ခြံမြေဈေးကွက် ဟာ သင်္ကြန်မတိုင်ခင်တစ်ပတ်လောက်ကနဲ့သင်္ကြန်ပြီးတစ်ပတ်လောက်ကဆိုရင်လုံးဝအလုပ်မဖြစ်ဘူး။ခုမှအရောင်းအဝယ်ရောအငှားပြန်လိုက်လာတယ်။အရောင်းအဝယ်ပိုင်းမှာဆိုရင်လည်း မြို့နယ်အလိုက်လမ်းသွယ်တွေအရောင်းအဝယ်ပိုဖြစ်တယ်။ အငှားပိုင်းကတော့ဦးဆောင်နေတာတွေ့ရပါတယ်'' လို့ မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင်ဦးသန်းဦးက ပြောပါတယ်။

အခုရက်ပိုင်း ဒေါ်လာ ဈေးအမြင့်ပိုင်းရောက်နေတာကလည်း အိမ်ခြံမြေဈေးကွက်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်ပေါ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့်အနေအထားမျိုးရှိနေပါတယ်။

" လက်ရှိဝယ်ယူမှုအခြေအနေကတော့ဘဏ်ချေးငွေနဲ့ဝယ်ကြတာဖြစ်တယ်။ဝယ်ယူမှုအပိုင်းကတော့ တန်ဖိုးသင့်တိုက်ခန်းဖြစ်တယ်။ဝယ်သူအများစုကလည်းနေထိုင်ဖို့အတွက်ဝယ်သူဆိုတော့လေ ကိုယ်စုထားတဲ့ငွေလေးနဲ့ ဘဏ်ချေးငွေနဲ့ဝယ်ကြတာများတယ်"လို့ အိမ်ခြံမြေအကျိုးဆောင်ကိုသူရက ပြောပါတယ်။

အငှား ပိုင်းမှာဆိုရင်တော့မြို့နယ်တွေအလိုက်ဖြစ်နေတယ် သင်္ကြန်ပြီးတော့ပိုအငှားဖြစ်လာတယ်။ဒါပေမဲ့ဈေးအသင့်အတင့်ပိုငှားကြတယ်။ ၁ သိန်းကျော်၂ သိန်းဝန်းကျင်လေးဆိုပိုငှားကြတယ်။ခုရက်ပိုင်းနေထိုင်ဖို့လူတွေအငှားပိုဖြစ်နေတယ်လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်စက်တင်ဘာအောက်တိုဘာလအတွင်းကဒေါ်လာဈေးဂယက်ကြောင့် အိမ်ခြံမြေဈေးကွက်မှာအောက်ဈေးနဲ့ပြန်လှုတ်ခတ်လာခဲ့ပြီးတော့ ခုရက်ပိုင်းဒေါ်လာဈေးမြင့်မားနေတာကြောင့် ဈေးကွက်အပြောင်းအလဲဖြစ်ပေါ်လာနိုင်မလားဆိုတာကို စောင့်ကြည့်ရမယ့်အနေအထားရှိပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service