အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အငှားအိမ်ရာများ တည်ဆောက်နေ

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အငှားအိမ်ရာများ တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
20 May 2019 11:58 am တွင် တင်ခဲ့သည်
1399 ကြိမ် ကြည့်ရှု့ပြီး

အငြိမ်းစားနိုင်ငံဝန်ထမ်းများအတွက် ရန်ကုန် မန္တလေး နှင့် နေပြည်တော် တို့တွင် အငှား အိမ်ရာများ ဆောက်လုပ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း က ပြောသည်။

မေ ၁၇ ရက် နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

" ကျွန်တော်တို့ အမြဲတမ်းနိုင်ငံ ဝန်ထမ်း အငြိမ်းစားတွေအတွက်ကို အမြဲတမ်း စဉ်းစားနေတာရှိပါတယ်။ အခုလက်ရှိ ရန်ကုန်ရယ်၊ မန္တလေး ရယ်၊ နေပြည်တော်ရယ်မှာ နိုင်ငံဝန်ထမ်း အငှားအိမ်ရာဆိုပြီးတော့ ကျွန်တော်တို့ဆောက်နေတာ''ဟု ၎င်းက ပြောသည်။

၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်ရန် ကျပ်၁၅ဘီလီယံခွင့်ပြုထားပြီး အခန်းပေါင်း ၈ဝဝကျော်ရ ရှိလာမှာဖြစ်ကြောင်း၊ ယင်းအခန်းများကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အငြိမ်းစားများအတွက်လည်း ထည့်သွင်းစဉ်စားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၃၃၂၂ ခန်း တည်ဆောက်ပေးနိုင်ခဲ့သလို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဥမ္မာဒန္တီအိမ်ရာစီမံကိန်း တွင် အိမ်ခန်းပေါင်း ၆၇၆ ခန်း၊ ပြည်တော်သာ စီမံကိန်းတွင် အိမ်ခန်းပေါင်း ၉၆ ခန်းနှင့် ကရင်ပြည်နယ် ဘားအံမြို့ ကြာအင်းတောင်စီမံကိန်းတွင် အိမ်ခန်းပေါင်း ၄၈ ခန်း တို့ကို ရောင်းချပေးလျက်ရှိ ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၎င်းတို့၏တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်ဖြင့် ဝန်ထမ်းအိမ်ရာ ၁၅၇ လုံး၊ အခန်းပေါင်း ၂၄၈၄ခန်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် နိုင်ငံဝန်ထမ်း အငှားအိမ်ရာတိုက် ၂၅ လုံး၊ အခန်း ၈၆ဝ ခန်းအား တည်ဆောက်လျက် ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service