ပြည်တွင်းဈေးကွက်တွင် ဒေါ်လာတန်ဖိုး ပြန်ကျ

ပြည်တွင်းဈေးကွက်တွင် ဒေါ်လာတန်ဖိုး ပြန်ကျ - Property News in Myanmar from iMyanmarHouse.com
20 May 2019 10:39 am တွင် တင်ခဲ့သည်
983 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာ တန်ဖိုး နှစ်ပတ်ခန့် မြင့်တက်ပြီးနောက် မေလ ၁၇ ရက်တွင် တစ်ဒေါ်လာ ၁,၅၂၀ ကျပ်သို့ ပြန်လည်ကျဆင်းသည်။

မေလအတွင်း တစ်ဒေါ်လာ လျှင် ၁,၅၃၅ ကျပ်သို့ မြင့်တက် ပြီးနောက် ပြန်လည်ကျဆင်းခြင်း ဖြစ်ကြောင်း ငွေလဲဝန်ဆောင်မှု လုပ်ကိုင်သူအချို့က ပြောသည်။

မြန်မာနိုင်ငံ တွင် ကန်ဒေါ်လာ တန်ဖိုး ကျပ် ၁,၅၀၀ အထက်တွင် အတက်၊ အကျအနည်းငယ်သာရှိပြီး အများအားဖြင့်တည်ငြိမ်မှုရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

တန်ဖိုးအတက် အကျ တစ်လအတွင်း ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြားသာရှိသည့် အခြေအနေမျိုးကို ၂၀၁၉ နှစ်ဆန်းက စတင်ကြုံတွေ့ရသည်ဟု ၎င်းတို့က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်း သုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှုလျော့နည်းခြင်းကြောင့် ကုန် သွယ်မှုလိုငွေလျော့နည်းလာခြင်းကလည်း ဒေါ်လာတန်ဖိုး တည်ငြိမ်ရေး အထောက်အပံ့ဖြစ်စေ သည်ဟု စီးပွားရေးပညာရှင်အချို့က ဆိုသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ် ရေးလိုငွေတန်ဖိုးသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ခုနစ်လအတွင်း ကန်ဒေါ်လာသန်း ၈၀၀ ကျော်သာရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ လျော့နည်းခဲ့သည်။

ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာ တန်ဖိုးက လဆန်းပိုင်းတွင်ဆက်တိုက်မြင့် တက်လေ့ရှိပြီး လကုန်ပိုင်း၌ အနည်းငယ်ပြန်လည်ကျဆင်းလေ့ ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ဦးမျိုးသူရအေးက ပြောသည်။

ဒေါ်လာတန်ဖိုး ကျဆင်းသော်လည်း ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ၁,၀၅၂,၀၀၀ ကျပ်ဈေးရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service