ကျွန်တော့် ရဲ့ အိမ်

ကျွန်တော့် ရဲ့ အိမ် - Property News in Myanmar from iMyanmarHouse.com
17 May 2019 12:20 pm တွင် တင်ခဲ့သည်
1209 ကြိမ် ကြည့်ရှု့ပြီး

ယခင်က လူလွတ်တစ်ယောက်အနေအထားမို့ ပေါ့ပေါ့ပါးပါးပင်နေခဲ့သည်။ ကျောတစ်ခင်းစာ နေရာနှင့် ကိုယ်ကြိုက်နှစ်သက်လို့ဖတ်ရမည့် စာအုပ်များထား စရာနေရာရှိလျှင် ဘယ်နေရာဖြစ်ဖြစ်နေနိုင်ခဲ့ပါသည်။ အနာဂတ်အတွက် ဘာဖြစ်ရမည်ဟု အကြီးကြီးမျှော်မှန်မထားခဲ့။ မိမိတစ်ယောက်ထဲအနေနှင့်နေတတ်အောင်နေသည်က အကြောင်းမဟုတ်ပေ။

ဒါပေမယ့် နှလုံးသားအရေးက မထင်မှတ်ဘဲပေါ်လာ သည်။ ယခင်က နေချင်သလိုနေ၊ စားချင်သလိုစား၊ အိပ်ချင်သည့်အချိန်တွင် အိပ်ဆိုသည်က ဘာမျှပြဿနာမရှိသော်လည်း နှလုံးသား၏ရည်ငံရာ သံယောဇဉ်ကြောင့် အနာဂတ်အတွက် မဖြစ်မနေ တွေးလာရသည်။ မဖြစ်မနေတွေးအောင်လည်း တွန်းအားပေးလာသည်။ လုပ်ချင်ချင် မလုပ်ချင်ချင်လုပ်ရတော့မည်။ ၀တ္တရားတို့က အသိစိတ်မှာကပ်လာရသည်။

တစ်လရသည့်လခသည် တစ်လအလျဉ်မမီချင်သည့် အနေအထားမှ သံယောဇဉ်၏စေခိုင်းရာကြောင့် ငွေကြေးတို့ အထိုက်အလျောက် စုမိလာသည်။ နှစ်ဦးပေါင်းနိုင်ဖို့ မျှော်လင့် ချက်အတွက် အခြားသောငွေကြေးလေ လွင့်စေမည့်ကိစ္စတို့ကို လျှော့ချခဲ့ရသည်။ မိမိထက်လစာငွေကြေးနည်းသော်လည်း ဟင်းကောင်း ထမင်းကောင်းနှင့်တူတန်အောင်စားပြီး မိမိထက်ပင် ငွေကြေးစုဆောင်းနိုင်သော ချစ်သူ၏စကားကိုတော့ မိမိကလိုက်နာရမည်။ သူ့အပေါ်တွင်လည်း ယုံကြည်မှုထားခဲ့သည်။ချစ်သူထံတွင် ငွေကြေးအပ်နှံစုဆောင်းပြီး အနာဂတ်ရည်မှန်းချက်လေးကို စတင်အကောင်အထည်ဖော်ရသည်။

မိမိလက်ရှိလုပ်နေသောအလုပ်သည် တစ်ချိန်မှာ ဘာဖြစ်မည်နည်းဆိုသည်ကို ဘယ်သူသိနိုင်မည်နည်း။ မိမိလည်း မသိနိုင်။ လုပ်နိုင်သည်က အနာဂတ်အတွက်ထားရှိသော မိမိ ၏ရည်မှန်းချက်အတွက် ယခုစတင်ရမည်။ သံယောဇဉ်အချစ်စိတ်သည် တွန်းအားကိုဖြစ်လာစေသည်။ ပူလောင်စိုးထိတ်မှုလည်း ဖြစ်မိသည်။ လက်ရှိဝင်ငွေ နှင့်နှစ်ဦးပေါင်းဖက်၍ ဖြစ်ပါ မလားဆိုသည်ကို သံသယဖြစ်မိသည်။ မိမိကသာ တွေးကြောက်နေသည် သံယောဇဉ်ကတော့ လက်ရှိအနေအထားထက် အနာဂတ်တွင် တိုးတက်ပြောင်းလဲရမည်ဆိုသည့် အနေအထားဖြင့် စိတ်ဓာတ်တို့ ရဲရင့်တတ်ကြွနေသည်။ မိမိသည်လည်း ချစ်သူကို ကြည့်ပြီး တတ်ကြွလာရသည်။ နှစ်ဦးပေါင်းနိုင်ဖို့အတွက် စိတ်တွင်နှစ်ထားရသည်။

ရသည့်ဝင်ငွေ မဖြစ်စလောက်လေးကို ကျန်နိုင်သမျှ ကျန်အောင် စုဆောင်းနေရသည်ဖြစ်သော်လည်း နှစ်ဦးပေါင်းဖက်နိုင်ဖို့က မလုံလောက်သေးပေ။ ချစ်သူ၏မိဘနှစ်ဦးစလုံးသည်

၎င်းတို့ကောင်းစွာအရွယ်မရောက်ခင်ကပင် ဆုံးပါးသွားကြသည်။အဒေါ်ဖြစ်သူတို့၏အစောင့်အရှောက်ဖြင့် နယ်မှာပင် ပညာသင် ပြီးဘွဲ့ရခဲ့သည်။ ရန်ကုန်တွင် အလုပ်လာလုပ်သည့်အခါ ဦးလေး တော်စပ်သူ၏ အိမ်တွင်နေသည်။ သူ့ဦးလေး၏ဇနီးကမိသားစု များသဖြင့် တစ်ခါတစ်ရံ ငွေကြေးအကူအညီတောင်းတတ်သည်။ ၎င်းတို့အိမ်တွင်မှီခိုနေရသဖြင့် မကူညီမချေးငှားလို့လည်း မကောင်း သည့်အခြေအနေကြောင့် စုဆောင်းငွေလေးက ဖဲ့ထုတ်ကူညီရသည်။ ငွေခေါင်းကွဲမှု ကြုံရသည်။

ကျွန်ုပ်သည်လည်း ဆွေမရှိမျိုးမရှိမဟုတ်။ ဆွေနှင့်မျိုး နှင့်ပင်။ အစ်ကိုအကြီးဆုံးသည် အရှေ့ဒဂုံတွင် အိမ်နှင့်ယာနှင့် လူပျိုကြီး။ သူ့ထံမနေဘဲ မိမိအလုပ်လုပ်ရာကုမ္ပဏီ၏အဆောင် တွင်သာနေခဲ့သည်။ အဆောင်က ကြွေးသည့် ထမင်းနှင်ဟင်း ကို ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကောင်းကောင်း မကောင်းကောင်း စားပြီး ဖြစ်သလိုနေခဲ့သည်။ အလုပ်ကကြွေးသည့် ထမင်းဟင်းကို မစားချင်သည့်အခါ ဆိုင်က၀ယ်စားသည်။ ထိုသို့ငွေကြေးကို စည်းစနစ်မဲ့စွာသုံးနေရာက ချစ်သူ၏အထိန်းအကွပ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းလေး လုပ်လာနိုင်သည်။

သူသည်လည်း လက်ရှိသူတစ်ပါးအိမ် ကပ်နေရခြင်း ကို မနှစ်မြို့တော့ပေ။ တသီးတသန့် နေလိုစိတ်တို့ဖြစ်လာသည်။ကိုယ်ပိုင်အိမ်နှင့်မနေနိုင်တောင် အခန်းလေးတစ်ခန်းငှားပြီး နေ လိုလှသည်ဟု ပြောသည်။ ၎င်းနှင့် ရန်ကုန်တွင်အတူနေ ညီမ ရင်းတစ်ယာက်ရှိသည်။ ၎င်းတို့နှစ်ဦးထဲ ငှားနေဖို့ဆိုသည်က ရန်ကုန်မြို့ထဲက တိုက်ခန်းငှားခသည် အလုပ်လုပ်၍ရသည့် လခထက် ပိုများနေသည်။ အနည်းဆုံး နှစ်သိန်းမှစသည်။ ထို့ကြောင့် အတူနေမည့်သူများကိုရှာဖွေရသည်။ အခြားမိန်း ကလေးများကလည်း ဝေးလွန်းသည့်နေရာမှ အလုပ်လာဆင်းရသဖြင့် အတူတူနေလိုသည်ဟု ဆိုလာကြသည်။ အတူတူနေ မည့်သူ လေးငါးခြောက်ယောက်ရရှိသောအခါ တိုက်ခန်းငှားခ အနေနှင့် မိမိက တစ်လုံးတခဲတည်းဖြင့် ငှားလိုက်ရသော်လည်း ခွဲဝေကျခံမှုပုံစံဖြစ်သွားရာ ကုန်ကျစရိတ်သက်သာသွားသည်။ကျန်သူများက လစဉ် အဆောင်ခအနေနှင့် ပေးသွားရာ ၎င်းတို့ အနေနှင့် အဆင်ပြေသွားသည်။ လူစိမ်းသူစိမ်းမပါဘဲ အချင်း ချင်းအလုပ် တူမှဖြစ်ကြရာ လွတ်လွတ်လပ်လပ်လေး နေခွင့်ရသွားသည်။ ဒါပေမယ့် ဒါဟာငါ့အိမ်မဟုတ်ဘူးဆိုတာကိုတော့ အမြဲ တွေးထားရမည်။ နေရထိုင်ရ အဆင်ပြေနေသော်လည်း တစ်ချိန် မှာ အိမ်ရှင်ဖြစ်သူက ရောင်းချလို၍ဖြစ်စေ၊ ဆက်လက်မငှားတော့လို၍ ဖြစ်စေကြုံတွေ့နိုင်သည်ကိုလည်း သတိချပ်နေရပေသည်။

မိမိအနေနှင့်လည်း လက်ရှိလုပ်နေသော အလုပ်၏လားရာသည် အခြေအနေမကောင်းမှန်းသိလာသည်။ ထို့ကြောင့် လက်ရှိအလုပ်၏ အလုပ်ချိန်ပြီးသော ညပိုင်းအချိန်များတွင် ထမင်းကြော်ဆိုင်ဖွင့်ပြီး ၀င်ငွေရလမ်းရှာဖွေရသည်။ငွေကြေး လေးအတော်အတန် စုဆောင်းမိလာသည်။ လက်ရှိအလုပ်သည်လည်း ဖျက်သိမ်းဖို့ဖြစ်လာသည်။ အတူတူလုပ်ကိုင်နေသူများ ကိုလည်း နယ်မပြန်ဘဲ အဆောင်နေကြမည်ဆိုလျှင် တိုက်ခန်း ငှားမည် နေကြမည်လားဟု စုစည်းရာ လူများသဖြင့် တိုက်ခန်း တစ်ခန်း ငှားလိုက်သည်။ ထိုတိုက်တွင် မိမိလည်းနေ လုပ်ဖော် ကိုင်ဖက်များအတွက်လည်း အအုပ်အစည်းမပျက်ဖြစ်သွားသည်။ ဓာတ်သိလူရင်းများကြီးနေကြသဖြင့် စိတ်ချရမှုရှိသည်။ပြောရ ဆိုရကောင်းသည်။

မိမိက တစ်ဆောင်တစ်နန်း၊ ချစ်သူကလည်း တစ်ဆောင်တစ်နန်းနှင့် ဘ၀၏ခရီးလမ်းတွင် မျှော်မှန်းချက်တို့နှင့် ရှေ့ဆက်လျှောက် ဘယ်အချိန်တွင် တူနှစ်ကိုယ်တိုင်းပြည် ဖန်တီးလာနိုင်မည်နည်း။ လောလောဆယ်ဆယ်တွင် ရေမီးအစုံရှိသော တိုက်ခန်းတွင် နေရခြင်းဖြစ်ပါသော်လည်း မိမိမြင်ယောင်ထားသည့်၊ မျှော်မှန်ထားသည့် အနေအထားသည် ထိုသို့မဟုတ် တစ်ချိန်တွင် မိမိသည် လက်ရှိအနေအထားကနေ ပြောင်းလဲရမည်။

လူတိုင်း မျှော်လင့်ချက်ကိုယ်စီနှင့်မို့ မိမိလည်း မိမိ မျှော်မှန်းထားသည့် ဘ၀အိမ်ပုံစံလေးကရှိနေသည်။ ဒါကို မဖြစ်မနေ တည်ဆောက်ရမည်။ ယခုအခြေအနေသည် ရုန်းကန်နေရသည်။ နောင်လည်း ရုန်းကန်နေကြရဦးမည်။ အခြေအနေ ပြောင်းတိုင်း ရုန်းကန်မှုပုံစံပြောင်းနေရသည်။ ရုန်းကန်လှုပ်ရှား မှုနှင့် မိမိ၏ဘ၀အိမ်ပုံစံလေးကို တည်ဆောက်ယူရမည်။ ချစ်သူ သံယောဇဉ်နှင့် တူနှစ်ကိုယ်တိုင်းပြည် ထူထောင်ပြီး ရင်သွေးတို့ ပွားစီးရမည်။ အထပ်မြင့်တိုက်ခန်းတို့တွင် မနေလိုပေ။မိမိ နေလိုသည်က ကိုယ့်ခြံကိုယ့်ဝင်းနှင့် ကိုယ့်အပင်ကိုယ့်အရိပ်နှင့် ပူပူအေးအေး ကိုယ်ဖန်တီးနိုင်သမျှ ကိုယ့်အိမ်ကိုယ့်ယာသည် လှပနေရမည်။ အသက်၀၀ ရှုနိုင်ရမည်။ အထပ်မြင့်မြင့် အသုံးအဆောင်အဆင်သင့်နှင့် အဆင့်မြင့် အဆောက်အုံရှိ တိုက်ခန်း တို့သည် ခေတ်မီကောင်းမွန်လှပါသည်။ သို့သော် မိမိအနေနှင့် တဖြည်းဖြည်းငွေကြေးတတ်နိုင်လာ၍ ကိုယ်ပိုင်နေစရာ သိုက်မြုံတစ်ခုဖန်တီးခွင့်ရလာနိုင်ပြီဆိုပါလျှင် အဆင့်မြင့်ကွန်ဒိုကြီးများ ကို ၀ယ်ယူဖြစ်မည်မထင်ပါ။

မြေနေရာ ကျယ်ကျယ်ဝန်းဝန်းတစ်ခု ၀ယ်မည်။လုံးချင်းနှစ်ထပ်အိမ်တစ်ခု တည်ဆောက်မည်။ မိသားစု နားနေခန်း ကျယ်ကျယ်ထားမည်။ မိသားစုတိုင်းအတွက် အိပ်ခန်းတို့ထားရှိမည်။ နောက်ဖေးမီးဖိုဆောင်နှင့် ထမင်းစားခန်းကို လည်း သန့်ရှင်းအောင်ထားမည်။ အပေါ်ထပ်တွင် စာကြည့်ခန်းနှင့် သဘာဝအလင်းရောင်တို့ပါ ကောင်းစွာရရှိအောင် စီမံထားမည်။ ကျန်သောမြေနေရာကျယ်ကျယ်တွင် သီးပင်စားပင်ကြီးမျိုး များနှင့် အရိပ်ရအပင်များ အပါအ၀င် ပန်းပေါင်းစုံပွင့်နိုင်ဖို့ ဖန်တီးကြည့်မည်။ ရင်သွေးများအနေနှင့် အိမ်တွင်းအောင်းကြီးပြင်း ရသည်ထက် သဘာဝမြေပြင်ကို ထိတွေ့ကြီးပြင်းနိုင်အောင် ဖန်တီးပေးမည်။ လုပ်ရင်းကိုင်ရင်းနှင့် ထို့ထက်ကောင်းမွန်သည့် စိတ်ကူးတို့လည်း ပေါ်လာနိုင်သည်။ လူတိုင်းမက်ခွင့်ရှိသော အိပ်မက်ကို မိမိလည်း မြင်မက်ကြည့်သည်။ မြင်မက်မိသော အိပ်မက်တို့ကို အကောင်အထည်ဖော်နိုင်အောင်လည်းကျူးရင့် ထားသည်။ တစ်နေရာရာကပြန်လာတိုင်း အိမ်ရှေ့မျက်နှာစာ ကနေ ၀ံ့ဝံ့စားစားကြည့်ပြီး “ဒါငါ့အိမ်ပါလား”ဆိုသည့်အရသာ ကို ခံစားလိုက်ဦးမည်ဟု တွေးထားမိပါတော့သည်။

ခင်ခင်သာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service