ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော CK Asset က တရုတ်ပြည်ရှိ ကန်ဒေါ်လာ ၃ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းကြီးကို ပြန်လည်ရောင်းထုတ်ရန် သုံးသပ်လျက်ရှိ

ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော CK Asset က တရုတ်ပြည်ရှိ ကန်ဒေါ်လာ ၃ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းကြီးကို ပြန်လည်ရောင်းထုတ်ရန် သုံးသပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 May 2019 12:04 pm တွင် တင်ခဲ့သည်
997 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော CK Asset သည် တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ရှိ ကန်ဒေါ်လာ ၃ ဘီလီယံတန် ဆောက်လုပ်ရေးစီမံကိန်းကြီးကို ပြန်လည်ရောင်းထုတ်ရန် သုံးသပ်လျက်ရှိသည်ဟု ဆိုသည်။

စီမံကိန်းအမည်မှာ Upper West Shanghai ဖြစ်ပြီး ရှန်ဟိုင်းမြို့ အနောက်မြောက်ဘက် ဖူထီးခရိုင်တွင် တည်ရှိပြီး ရှန်ဟိုင်းမြို့စီးပွားရေး အချက်အခြာ ဒေသတွင် အကြီးမားဆုံး ဘက်စုံသုံးစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်ကတည်းက ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ပြန်လည်ရောင်းချမည်ဆိုပါက ဈေးနှုန်းမှာ ယွမ်ငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ) ဖြစ်ဖွယ်ရှိသည်။

ယင်းစီမံကိန်းကြီးတွင် CK Asset ၏ ရှယ်ယာပိုင်ဆိုင်မှုမှာ ၆၀ ရာခိုင်နှုန်း ဖြစ်သည်။

ယင်းတန်ဖိုးပမာဏ အရောင်းအဝယ်မှာ တရုတ်ပြည်၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အကြီးမားဆုံး အရောင်းအဝယ်များတွင် တစ်ခု အပါအဝင်ဖြစ်လာမည် ဖြစ်သည်။

CK Asset သည် ၂၀၁၆ ခုနှစ်အတွင်း ရှန်ဟိုင်းမြို့၊ ဖူထီးခရိုင်တွင်ပင်တည်ရှိသော Century Link စီမံကိန်း၏ ပိုင်ဆိုင်မှုတစ်ဝက်ကို ယွမ်ငွေ ၂၀ ဘီလီယံဖြင့် ရောင်းချခဲ့ခြင်းမှာ တရုတ်ပြည်၏ ဒုတိယအကြီးမားဆုံး အရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်။

China Overseas Land & Investment လိမိတက်က ၂၀၁၆ ခုနှစ်အတွင်း Citic Ltd ၏ အိမ်ခြံမြေပိုင်ဆိုင်မှုများကို ယွမ်ငွေ ၃၁ ဘီလီယံဖြင့် ဝယ်ယူခဲ့မှုမှာ တရုတ်ပြည်၏ အကြီးမားဆုံး အရောင်းအဝယ်ဖြစ်သည်။

CK Asset ၏ မိခင်ကုမ္ပဏီ CK Hutchison Holdings လိမိတက်ကို ဘီလျံနာကြီး လီကာရှင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

CK Asset သည် မကြာသေးမီနှစ်များအတွင်း တရုတ်ပြည်မကြီးရှိ အိမ်ခြံမြေများကို ဆက်တိုက်ရောင်းထုတ်မှုများ ပြုလုပ်ခဲ့ရာ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေချိန်တွင် ရောင်းချခြင်းဖြစ်သောကြောင့် အမြတ်အစွန်းများစွာ ရရှိခဲ့သည်။

တရုတ်ပြည်တွင် CK Asset ၏ အိမ်ခြံမြေပိုင်ဆိုင်မှုမှာ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အကြား ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

သို့ရာတွင် အခြားပြည်ပနိုင်ငံများတွင် ပိုင်ဆိုင်ထားမှုများမှာမူ မပြောင်းလဲချေ။

တရုတ်ပြည်ရှိ အိမ်ခြံမြေများကို ရောင်းထုတ်လျက်ရှိချိန် တပြိုင်တည်းတွင်ပင် CK Asset သည် ဥရောပတွင် အိမ်ခြံမြေ ဝယ်ယူမှုများ ပြုလုပ်နေခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း CK Asset သည် လန်ဒန်မြို့တွင် UBS Group AG ၏ ရုံးချုပ်အဆောက်အအုံကို ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

ယခုရောင်းချမည့် ရှန်ဟိုင်းမြို့ရှိ Upper West Shanghai စီမံကိန်းမှ ကျန်ရှိသော ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ချုံရှမ်းမြို့ အခြေစိုက် Herun Group ကုမ္ပဏီဦးဆောင်သည့် အနည်းစုရင်းနှီးမြှုပ်နှံသူတို့က ပိုင်ဆိုင်ထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service