ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးမည့် စစ်တွေမြို့ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်း အထူးအရောင်းပြပွဲ

ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးမည့် စစ်တွေမြို့ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်း အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
16 May 2019 12:10 pm တွင် တင်ခဲ့သည်
873 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးမည့် စစ်တွေမြို့ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်း အထူးအရောင်းပြပွဲကို ၂၀၁၉ခုနှစ် ၊ မေလ ( ၁၈ ၊ ၁၉ ) ၊ ( စနေ ၊ တနင်္ဂနွေ ) ရက်များတွင် စစ်တွေမြို့ရှိ အာရီရန်စားသောက်ဆိုင် (Arian Restaurant) နှင့် ရန်ကုန်မြို့ရှိ iMyanmarHouse.com ရုံးခန်း ၊ MAC Tower ၊ ၁၁ လွှာ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ် တို့တွင် တစ်ပြိုင်နက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်တွေမြေကွက်စီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရမှ ၂၀၁၉ ခုနှစ် ၊ ဧပြီလ (၉) ရက်နေ့ရက်စွဲပါ အမိန့်စာဖြင့် ရောင်းချခွင့် ပြုခဲ့ပြီးဖြစ်သည်။

စင်္ကာပူနိုင်ငံ သံအမတ်ကြီးဖြစ်သူ Ms. Vanessa Chan မှ စစ်တွေမြို့သည် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမပုလဲသွယ် စီမံကိန်း၏ ဗဟိုဆုံချက်ဖြစ်သည့်အတွက်ကြောင့် အလွန်အရေးပါအရာရောက်သည်ဟု ပြောကြားသွားသည့်အတွက် ဤစီမံကိန်းသည် နောင်တစ်ချိန်တွင် အဆပေါင်းများစွာ တန်ဖိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

စစ်တွေမြေကွက်စီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်းဖော်ဆောင်မှုဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရပြီးဖြစ်သည်။ စစ်တွေ မြေဖို့မြေယာစီမံကိန်းကိုစင်ကာပူနိုင်ငံ၏ မြေဖို့ခြင်းနည်းပညာကိုအသုံးပြုထားပြီးကွန်ကရစ် ရေတားနံရံ (Retaining Wall) များထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှု ရှိကြောင်းသိရသည်။

ဝယ်ယူသူများအတွက် ရခိုင်ပြည်နယ်အစိုးရမှ ဂရန်မြေထုတ်ပေးမည်ဖြစ်သည်။ ဤစီမံကိန်းသည် စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ်တည်ရှိပြီးနောက်သုံးနှစ်အတွင်းစစ်တွေမြို့လယ် ဖြစ်လာမည် ဖြစ်သည်။ စစ်တွေမြို့လယ် မြေဈေးတစ်စတုရန်းပေ (၂) သိန်းမှ (၅) သိန်းဖြစ်နေချိန်တွင် ဤစီမံကိန်းမှ မြေကွက်များကိုတစ်စတုရန်းပေသောင်းဂဏန်းဈေးဖြင့်သာရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။ အတိုးမဲ့ (၂၄) လအရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းထဲတွင် စုပေါင်းအိမ်ရာ (Mix Housing) ၊ လက်လီလက်ကားဈေးကွက် (Retail Wholesale Market) ၊ အလယ်အလတ်အမြင့်ရှိသောကွန်ဒိုမီနီယံများ (Mid-Rise Condominium) ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုများ (Warehouse and Logistics Facilities) ၊ ကုန်သွယ်မှု စီးပွားရေးဇုန် (Commercial Area) ၊ ငါးစက်ရုံများ (Fish Factory) ၊ အပန်းဖြေနေရာများ (Community Life Zone) အစရှိသောစီးပွားရေးလုပ်ငန်းများလာရောက်ရင်းနှီးမြုပ်နှံနိုင်မည် ဖြစ်ကြောင်းသိရသည်။

စစ်တွေမြေဖို့မြေယာစီမံကိန်း၏ အဓိကအားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာအဓိကပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လာနိုင်ခြင်း ၊ ပင်လယ်ကိုမျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီဇိမ်ရှိရှိနေထိုင်နိုင်ခြင်း ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများတိုးများလာနိုင်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်းအဆင့်မီ မြို့တော်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများပေါ်ပေါက်လာနိုင်ခြင်း ၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတားဖွင့်ပြီးပါကမိနစ် (၃၀) ခန့်ဖြင့်သာသွားလာနိုင်ခြင်း၊ လူမှုစီးပွားအားသာချက်များအပြင် MPA ဆိပ်ခံတံတား နှင့် Kaladan Multi-Modal Transit Transport Project (KMTTP)စီမံကိန်းတို့ကိုထောက်ပံ့ပို့ဆောင်ရေးမဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်းသိရသည်။

“ ဒီစစ်တွေ မြေဖို့မြေယာစီမံကိန်းဟာရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကွန်ဒိုအခန်းတွေ ၊ စုပေါင်းအိမ်ရာတွေ ၊ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ်။”ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။

အရောင်းပြပွဲအသေးစိတ်အစီအစဉ်

ကျင်းပမည့်ရက် : 18 & 19 May 2019 (စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် : မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ

ကျင်းပမည့်နေရာ (၁) : အာရီရန်စားသောက်ဆိုင် (Arian Restaurant) ၊ စစ်တွေမြို့။

ကျင်းပမည့်နေရာ (၂) : iMyanmarHouse.com ရုံးခန်း ၊ MAC Tower ၊ ၁၁ လွှာ။ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်။ (CB Bank ဘေးဓာတ်လှေကားမှတက်ပါ)

အသေးစိတ် သိရှိလိုပါက

www.imyanmarhouse.com/sittwe တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့ လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service