ဗီယက်နမ်နိုင်ငံ၏ မြောက်မှတောင်သို့ ဖောက်လုပ်မည့် အဝေးပြေးအမြန်လမ်းမကြီး စီမံကိန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျက်ရှိ

ဗီယက်နမ်နိုင်ငံ၏ မြောက်မှတောင်သို့ ဖောက်လုပ်မည့် အဝေးပြေးအမြန်လမ်းမကြီး စီမံကိန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
16 May 2019 11:35 am တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်နိုင်ငံ၏ မြောက်မှတောင်သို့ ဖောက်လုပ်မည့် အဝေးပြေးအမြန်လမ်းမကြီး စီမံကိန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျက်ရှိကြောင်း ဗီယက်နမ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တောင်မြောက်အမြန်လမ်းမကြီးစီမံကိန်းဘုတ်အဖွဲ့သည် အမျိုးသားအမြန်လမ်းမကြီး အမှတ် ၄၅ ၊ ငြိဆန်လမ်းပိုင်းအတွက် အကြို အရည်အသွေးစစ်ဆေးမှု စာရွက်စာတမ်းများကို လေလံဆွဲမည့်သူများထံ မေလ ၈ ရက်မှ ဇူလိုင်လ ၈ ရက်နေ့အကြား ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း စီမံကိန်းရုံး ဘုတ်အဖွဲ့အကြီးအကဲ ကောက်ဗီယက်ဟွမ်က ပြောကြားသည်။

ဟွမ်က ပြောကြားရာတွင် ပြည်တွင်းကုမ္ပဏီများအပြင် ပြည်ပရင်းနှီးမြှုပ်နှံသူများစွာလည်း ပါဝင်လာပြီး တောင်ကိုရီးယား၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများစွာ ယခုစီမံကိန်းအပေါ် စိတ်ဝင်စားလျက်ရှိကြောင်း ပြောကြားသည်။

စီမံကိန်းကို အများပိုင်-ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း (PPP) ပုံစံဖြင့် အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမျိုးသား အမြန်လမ်းမကြီး အမှတ် ၄၅၊ ငြိဆန်လမ်းပိုင်းသည် အလျားအားဖြင့် ၄၃ ကီလိုမီတာရှိသည်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံရမည့် တန်ဖိုးမှာ ဗီယက်နမ်ဒေါင်ငွေ ၆ ဒသမ ၃ ထရီလီယံ (ကန်ဒေါ်လာ ၂၀၇ ဒသမ ၉ သန်း) ကုန်ကျမည်ဟု ဆိုသည်။

ယင်းကုန်ကျငွေအနက် ဒေါင်ငွေ ၂ ထရီလီယံ (ကန်ဒေါ်လာ ၈၆ သန်း) ကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံပေးမည် ဖြစ်သည်။

စုစုပေါင်း ၆၅၄ ကီလိုမီတာ ရှည်လျားသည့် အရှေ့ပိုင်း မြောက်-တောင် အမြန်လမ်းပိုင်း စီမံကိန်းသည် ၂၀၁၇-၂၀၂၀ ကာလအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ပြီး စုစုပေါင်း ဒေါင်ငွေ ၁၁၈ ဒသမ ၇၁ ထရီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ) ကုန်ကျမည်ဖြစ်ကာ နိုင်ငံတော်ဘတ်ဂျက်မှ ဒေါင်ငွေ ၅၅ ထရီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံ) ကျခံပေးမည် ဖြစ်သည်။

စီမံကိန်း ၁၁ ခုအဖြစ် ပြန်လည်ခွဲထုတ်ထားပြီး နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း ၃ ခုနှင့် PPP ပုံစံဖြင့် အကောင်အထည် ဖော်မည့် စီမံကိန်း ၈ ခုတို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service