ထန်းတပင် စက်မှုဇုန်စီမံကိန်းအကောင်အထည်ဖော်ရန် ကိုးနှစ်နီးပါးကြာမြင့်နိုင်

ထန်းတပင် စက်မှုဇုန်စီမံကိန်းအကောင်အထည်ဖော်ရန် ကိုးနှစ်နီးပါးကြာမြင့်နိုင် - Property News in Myanmar from iMyanmarHouse.com
16 May 2019 11:28 am တွင် တင်ခဲ့သည်
1211 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မှာ အမေရိကန်ဒေါ်လာ သန်းငါးရာ တန်ကြေး ရှိတဲ့ စက်မှုဇုန် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဖို့ စတင်နေပြီလို့ သိရပါတယ်။ ထန်းတပင်မြို့ အနီးမှာအကောင်အထည်ဖော်မယ့်အဲ့ဒီ့ စီမံကိန်းအတွက်နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ရန်ကုန်ရင်းနှီးမြှပ်နှံမှုဖိုရမ် မှာပြုလုပ်ခဲ့ပါတယ်။

“ ဒေါ်လာသန်းငါးရာဝန်ကျင်လောက်ရှိတဲ့ ပရောဂျက်က မနှစ်က ရန်ကုန်တိုင်းရဲ့ စည်ပင်ဧရိယာပြင်ပ မြို့နယ် ၁၂ မြို့နယ်ရှိပါတယ်။ အဲ့ဒီထဲက ကိုကိုးကျွန်းကိုဖယ်လိုက်ရင်တော့ ၁၁ မြို့နယ်ပေါ့။ အဲ့ဒီမြို့နယ်တွေထဲမှာ ဧက တစ်ထောင်ပရောဂျက်တွေကို အကောင်အထည်ဖော်ထားတာရှိပါတယ်။ အဲဒီ ဧကတစ်ထောင် ပရောဂျက်ကို အကောင်အထည်ဖော်ထားတဲ့ထဲမှာမှ ထန်းတစ်ပင်မှာရှိတဲ့ စက်မှုဇုန်ကို ဟောင်ကောင်၊ ထိုင်ဝမ် Business Group ကြီးတစ်ခုက လုပ်ဆောင်မှာပါ “လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဒေါ်နော်ပန်းသဉ္ဇာမျိုးကပြောပါတယ်။

ထန်းတစ်ပင် စက်မှုဇုန် ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အချိန်ကာလအနေနဲ့ ကိုးနှစ်ခန့်ကြာမြင့်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းခွဲခန့် ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ သိပါတယ်။

ဒါ့အပြင် အခြားစက်မှုဇုန်တွေကိုလည်း စိတ်ဝင်စားနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေလည်းရှိပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့ မသေချာသေးတာကြောင့် မကြေညာသေးတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ လျှပ်စစ်စွမ်းအင်လုံလောက်မှုရှိမရှိ၊ အခြေခံအဆောက်အအုံတွေ ပြည့်စုံမှုရှိမရှိ၊ အလုပ်သမားဥပဒေနဲ့ ဥပဒေရဲ့ခိုင်မာမှုအပါအ၀င် လမ်းတွေကောင်းမွန်မှုရှိမရှိဆိုတဲ့အချက်တွေကို လေ့လာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service