စင်္ကာပူအခြေစိုက် developer ဖြစ်သော Heeton Holdings ဦးဆောင်သော စင်္ကာပူလုပ်ငန်းစုတစ်ခုက လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဝယ်ယူ

စင်္ကာပူအခြေစိုက် developer ဖြစ်သော Heeton Holdings ဦးဆောင်သော စင်္ကာပူလုပ်ငန်းစုတစ်ခုက လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
15 May 2019 10:51 am တွင် တင်ခဲ့သည်
634 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူအခြေစိုက် developer ဖြစ်သော Heeton Holdings ဦးဆောင်သော စင်္ကာပူလုပ်ငန်းစုတစ်ခုသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ ဟိုတယ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဝယ်ယူလိုက်ကြောင်း စင်္ကာပူအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လန်ဒန်သို့သွားသည့် ပင်မလမ်းမကြီးတစ်ခုပေါ်တွင် တည်ရှိသော Crowne Plaza London Kensington ဟိုတယ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ပေါင် ၈၄ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၁၁၀ ဒသမ ၃ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Heeton Holdings သည် Crowne Plaza London Kensington ဟိုတယ်ကို ဝယ်ယူရာတွင် ဆောက်လုပ်ရေးကုမ္ပဏီများဖြစ်သော KSH Holdings နှင့် Ho Lee Group တို့နှင့်ပူးပေါင်းကာ LC London ကုမ္ပဏီထံမှ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

LC London ကုမ္ပဏီသည် အင်္ဂလန်နှင့် ဝေလပြည်နယ်တို့တွင် ရုံးများစိုက်ပြီး ဟိုတယ်လုပ်ငန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ကာ အဓိကအကျဆုံး ပိုင်ဆိုင်ထားသည်မှာ Crowne Plaza London Kensington ဟိုတယ်ဖြစ်သည်။

ယခုအခါ Heeton သည် Crowne Plaza London Kensington ဟိုတယ်၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး KSH နှင့် Ho Lee တို့မှာ ၂၀ ရာခိုင်နှုန်းစီ အသီးသီး ပိုင်ဆိုင်ထားကြသည်။

Crowne Plaza London Kensington ဟိုတယ်ကို ၂၀၁၅ ခုနှစ်အတွင်း ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားပြီး ကရွမ်းဝဲလ်လမ်းပေါ်တွင် တည်ရှိကာ မြေအကျယ်အဝန်းမှာ ၁ ဧကနီးပါးရှိသည်။

ဟိုတယ်တွင် en-suite အိပ်ခန်း ၁၆၃ ခန်း၊ စားသောက်ဆိုင်တစ်ခု၊ အရက်ဘားတစ်ခု၊ ပစ္စည်းကိရိယာအပြည့်အစုံ ထည့်သွင်းပေးထားသော အားကစားလေ့ကျင့်ရေးခန်းမတစ်ခု၊ ကွန်ဖရင့်ခန်းနှင့် ပွဲလမ်းသဘင်ခန်းမတို့ ပါဝင်သည်။

ဟိုတယ်မျက်နှာစာမှာ ဂျော်ဂျီယာဗိသုကာဟန်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည် လည်ပတ်ရာနေရာများ၊ သမိုင်းဝင် အထင်ကရနေရာများ၊ ဈေးဝယ်စင်တာရပ်ကွက်များနှင့် လမ်းလျှောက်သွားရုံဖြင့် ရောက်နိုင်သည့် အကွာအဝေးတွင် တည်ရှိသည်။

ယခုဝယ်ယူလိုက်မှုနောက်ပိုင်း Heeton ကုမ္ပဏီအတွက် ပိုင်ဆိုင်မှု တိုးမြင့်လာပြီဖြစ်သည်။

လက်ရှိအားဖြင့် လုပ်ငန်းလည်ပတ်နေသော ဟိုတယ် ၁၂ လုံးရှိရာ ဗြိတိန်တွင် ဟိုတယ် ၈ လုံး၊ ဂျပန်တွင် ၂ လုံးနှင့် ထိုင်းနိုင်ငံတွင် ၂ လုံးတို့ ဖြစ်ကြသည်။

ဗြိတိန်ရှိ ဟိုတယ် ၈ လုံးအနက် ၇ လုံးမှာ ကိုယ်တိုင်စီမံကွပ်ကဲခြင်းဖြစ်ပြီး ၈ လုံးမြောက်ဟိုတယ်ဖြစ်သော Hotel Indigo Glasgow မှာမူ အခြားကုမ္ပဏီတစ်ခုက လည်ပတ်နေခြင်း ဖြစ်သည်။

ဂျပန်နှင့် ထိုင်းရှိ ဟိုတယ်အားလုံးမှာမူ အခြားကုမ္ပဏီများက လည်ပတ်လုပ်ကိုင်လျက်ရှိသည်။

Heeton ကုမ္ပဏီကို ၁၉၇၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလတွင် စင်္ကာပူစတော့အိတ်ချိန်းတွင် အမည်ပေါက် စာရင်းဝင်ခဲ့သည်။

Heeton ကုမ္ပဏီသည် အိမ်ခြံမြေဆောက်လုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service