အိမ်ခြံမြေကဏ္ဍ အရောင်းမြှင့်တင်နိုင်ရေးအတွက် နိုင်ငံခြားသားများအပေါ် တင်းကြပ်ထားမှုများ လျှော့ချပေးရန် မလေးရှားတောင်ပိုင်း ဂျိုဟာပြည်နယ်တွင် တောင်းဆိုလျက်ရှိ

အိမ်ခြံမြေကဏ္ဍ အရောင်းမြှင့်တင်နိုင်ရေးအတွက် နိုင်ငံခြားသားများအပေါ် တင်းကြပ်ထားမှုများ လျှော့ချပေးရန် မလေးရှားတောင်ပိုင်း ဂျိုဟာပြည်နယ်တွင် တောင်းဆိုလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 May 2019 12:10 pm တွင် တင်ခဲ့သည်
621 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများအပေါ် တင်းကြပ်ထားမှုများ ထက်ဝက်ခန့် လျှော့ချပေးရန် မလေးရှားတောင်ပိုင်း ဂျိုဟာပြည်နယ်တွင် တောင်းဆိုလျက်ရှိပြီး အိမ်ခြံမြေကဏ္ဍ အရောင်းမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများကို ရင်းဂစ် ၁ သန်းအောက်တန်ကြေးရှိသည့် အိမ်ခြံမြေများ ဝယ်ယူခွင့် တားမြစ်ပိတ်ပင်မှု ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး အိမ်ခြံမြေဈေးကစားမှုများ ကာကွယ်ရန်ဖြစ်သည်ဟု ဆိုသည်။

အရောင်းထိုင်းနေသော မလေးရှားအိမ်ခြံမြေဈေးကွက် အရောင်းမြှင့်တင်နိုင်ရေးအတွက် အဆိုပါကန့်သတ်ချက်ကို တစ်ဝက်ခန့် လျှော့ချပေးရန် ဂျိုဟာအိမ်ခြံမြေလောကက မလေးရှားအစိုးရအား တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဂျိုဟာ အိမ်ခြံမြေ developer များအသင်း (Rehda) က နိုင်ငံခြားသားများ အိမ်ခြံမြေဝယ်ယူခွင့်ဆိုင်ရာ လက်ရှိအခြေအနေများကို ပြန်လည်သုံးသပ်ပေးရန် အစိုးရအား တောင်းဆိုထားသည်။

Rehda ၏ ဥက္ကဌ ချောင်ယွန်းအွန်က ပြောကြားရာတွင် ၂၀၁၄ ခုနှစ်က ပြဌာန်းချက်ဖြစ်သော အနိမ့်ဆုံးအားဖြင့် ရင်းဂစ် ၁ သန်း (ကန်ဒေါ်လာ ၂၄၂၀၀၀) ဖြစ်ရမည်ဟူသော ကန့်သတ်ချက်ကို ရင်းဂစ် ၅၀၀၀၀၀ သို့ လျှော့ချပေးသင့်ကြောင်း ပြောကြားသည်။

အဆိုပါဥပဒေကို ယခင်အစိုးရက ချမှတ်သွားခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ ကာကွယ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မလေးရှားအိမ်ခြံမြေဈေးကွက် ထိုင်းမှိုင်းလာခြင်းနှင့် developer တို့အတွက် လုပ်ငန်းလည်ပတ်ရန် ခက်ခဲလာခြင်းကြောင့် ရင်းဂစ်တစ်သန်း ကန့်သတ်ချက်ကို အချိန်မီသုံးသပ်ပေးရန်လိုအပ်ကြောင်းလည်း ချောင်ယွန်းအွန်က ပြောကြားသည်။

ထိုသို့လျှော့ချပေးခြင်းကြောင့် ပြည်တွင်းဝယ်လက်တို့အတွက် အခက်တွေ့စေမည်ဟု ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ရတက်မအေး မဖြစ်သင့်ကြောင်း၊ developer တို့သည် စီမံကိန်းများ၏ ၁၀ ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသားများကို ရောင်းချပေးခြင်းဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ဒေသခံများ ဝယ်ယူနိုင်ပါကြောင်းလည်း ချောင်ယွန်းအွန်က ဆက်လက်ပြောကြားသည်။

“မလေးရှားအနေနဲ့ ဘာမှဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ အိမ်ခြံမြေတွေဟာ ရွှေ့ပြောင်းလို့မရတဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။ နိုင်ငံခြား ဝယ်လက်တွေအနေနဲ့ ဒီအိမ်ခြံမြေတွေကို ဖျက်ယူပြီးတော့လည်း သူတို့နိုင်ငံကို ပြန်သယ်သွားကြမှာ မဟုတ်ပါဘူး”

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service