ကမ္ဘာကျော် ဂျာမနီအာမခံကုမ္ပဏီကြီး Allianz ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ဌာနခွဲ Allianz Real Estate က အာရှ၏ အကြီးမားဆုံး ထောက်ပို့ကုမ္ပဏီ GLP တွင် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည်

ကမ္ဘာကျော် ဂျာမနီအာမခံကုမ္ပဏီကြီး Allianz ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ဌာနခွဲ Allianz Real Estate က အာရှ၏ အကြီးမားဆုံး ထောက်ပို့ကုမ္ပဏီ GLP တွင် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
14 May 2019 11:49 am တွင် တင်ခဲ့သည်
590 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ဂျာမနီအာမခံကုမ္ပဏီကြီး Allianz ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ဌာနခွဲ Allianz Real Estate သည် စင်္ကာပူအခြေစိုက် အာရှ၏ အကြီးမားဆုံး ထောက်ပို့ကုမ္ပဏီ GLP တွင် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုသည်။

GLP က တရုတ်နှင့် ဂျပန်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေခြင်း ဖြစ်၏။

GLP သည် အာရှတိုက်တွင် အကြီးမားဆုံး ဂိုဒေါင်လုပ်ငန်းလုပ်ကိုင်လည်ပတ်သည့် ကုမ္ပဏီဖြစ်ပြီး တရုတ်ပြည်တွင်လည်း အကြီးမားဆုံး ဂိုဒေါင်လည်ပတ်သည့် ကုမ္ပဏီ ဖြစ်သည်။

Allianz Real Estate သည် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးနေသည့်စီးပွားရေးနယ်များတွင် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းနယ်များ၌ ရင်းနှီးမြှုပ်နှံရန် လှုပ်ရှားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

GLP တွင် ရင်းနှီးမြှုပ်နှံခြင်းသည် အာရှ-ပစိဖိတ်ဒေသကြီး၏ အိမ်ခြံမြေနယ်တွင် ခြေချနိုင်မှု တိုးချဲ့နိုင်ရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

GLP သည် တရုတ်ပြည်တစ်ဝန်းနှင့် ဂျပန်တွင် တိုကျို၊ အိုဆာကာတို့တွင် အကောင်အထည်ဖော်မည့် အကြီးစား ခေတ်မီထောက်ပို့ အဆောက်အအုံများ ဆောက်လုပ်သွားရန် စီစဉ်နေသည်။ “ကျွန်တော်တို့ဟာ အာရှ-ပစိဖိတ်ဒေသကြီးရဲ့ ရေရှည်အခြေခံ အုတ်မြစ်တွေအပေါ် ယုံကြည်မှုရှိပါတယ်။

ထောက်ပို့ကဏ္ဍဟာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်” ဟု Allianz Real Estate ၏ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ အမှုဆောင်အရာရှိချုပ် ရူရှက်ဘ် ဒီဆိုင်းက ပြောကြားသည်။

၂၀၁၈ နှစ်ကုန်တွင် Allianz Real Estate သည် ကမ္ဘာတစ်ဝန်းရင်းနှီးမြှုပ်နှံမှု ယူရို ၆၃ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၇၁ ဘီလီယံ) ရှိပြီး အာရှ-ပစိဖိတ်ဒေသကြီးတွင် ယူရို ၃ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ) ဖိုးရှိကာ ကမ္ဘာတစ်ဝန်း ထောက်ပို့ကဏ္ဍတွင် ယူရို ၅ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

Allianz Real Estate သည် သြစတေးလျ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားတို့တွင် ထောက်ပို့ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ယခင်ကတည်းကပင် ပြုလုပ်ထားခဲ့ပြီးလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service