အာရှ၏အချမ်းသာဆုံးပုဂ္ဂိုလ်က ဗြိတိန်အရုပ်ကုမ္ပဏီ Hamleys ကို ဒေါ်လာ ၈၈ သန်းဖြင့် ဝယ်ယူ

အာရှ၏အချမ်းသာဆုံးပုဂ္ဂိုလ်က ဗြိတိန်အရုပ်ကုမ္ပဏီ Hamleys ကို ဒေါ်လာ ၈၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
14 May 2019 10:32 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး

အာရှ၏အချမ်းသာဆုံးပုဂ္ဂိုလ် Mukesh Ambani (မူကက်ရှ်အမ်ဘာနီ) သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့်အကြီးဆုံးအရုပ်ဆိုင်လုပ်ငန်းဖြစ်သည့် Hamleys ကို ပိုင်ရှင်တရုတ်များထံမှ အမေရိကန်ဒေါ်လာ ၈၈ သန်းဖြင့် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အမ်ဘာနီ၏ အိန္ဒိယနံပါတ်၁ကုမ္ပဏီဖြစ်သော Reliance Industries လီမိတက်က ၎င်းသည် သက်တမ်း ၂၅၉ နှစ်ရှိပြီဖြစ်သော Hamleys ကို ဟောင်ကောင်တွင် စာရင်းဝင်ထားသော တရုတ်ဖက်ရှင်လုပ်ငန်း C.Banner International Holdings ထံမှ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း မေ ၉ တွင် ထုတ်ပြန်ခဲ့သည်။

ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ရှိမည်ဟု Forbes မဂ္ဂဇင်း၏ တွက်ချက်ခံထားရသော အမ်ဘာနီသည် ကနဦးတွင် ရေနံချက်လုပ်ခြင်းနှင့် ရေနံဓာတုလုပ်ငန်းတို့ဖြင့် စတင်ကြီးပွားလာခဲ့ခြင်းဖြစ်သော်လည်း သူ၏ Reliance အင်ပါယာခေါ် Reliance စီးပွားရေးအဖွဲ့အစည်းကလည်း ထိုစဉ်ကတည်းက တယ်လီကွန်းလုပ်ငန်းမှသည် ကေဘယ်ကွန်ရက်များနှင့် နည်းပညာကုမ္ပဏီများအထိ တိုးချဲ့လာခဲ့သည်။ မကြာသေးမီနှစ်များအတွင်း

Burberry၊ Canali၊ Paul Smith၊ Armani၊ Just Cavalli နှင့် Jimmy Choo တို့ကဲ့သို့သောလက်လီလုပ်ငန်းများစွာကိုလည်း ဝယ်ယူလာခဲ့ကာ လက်လီလုပ်ငန်းပိုင်ဆိုင်မှုကို ချဲ့ထွင်လာခဲ့သည်။

အမ်ဘာနီက သူသည် သူ့အင်ပါယာ၏ ၎င်းစားသုံးသူလုပ်ငန်းကဏ္ဍက အင်ပါယာတစ်ခုလုံး၏ ဝင်ငွေသို့ ၂၀၂၈ ခုနှစ်မတိုင်မီ စွမ်းအင်လုပ်ငန်းကဲ့သို့ပင် ဝင်ငွေများစွာဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားထားပေသည်။

သူက လက်ရှိတွင် အိန္ဒိယလက်လီဈေးကွက်အတွင်း Amazon နှင့် Walmart တို့ထက် သာလွန်နိုင်ရန် အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။ ယခုကဲ့သို့ Hamleys အား ဝယ်ယူမှုက ထို့အတွက် အားဖြည့်ကူညီရာရောက်မည်ဖြစ်သည်။

Hamleys သည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်ကတည်းက နိုင်ငံတကာတွင် ဆိုင်ခွဲများတိုးချဲ့ထားခဲ့သည်။

Reliance က အိန္ဒိယ၌ မြို့ပေါင်း ၂၉ မြို့တွင် ဆိုင်ပေါင်း ၈၈ ဆိုင်သာ ရှိသော်လည်း ယခုအခါ Hamleys ကြောင့် အမ်ဘာနီတွင် စုစုပေါင်း နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ ၁၆၇ ဆိုင် ရှိလာပြီဖြစ်သည်။

ပေါင် ၆၈ သန်း (အမေရိကန်ဒေါ်လာ ၈၈ သန်း) ဈေးနှုန်းသည် မှ ယခင်ပိုင်ရှင် France's Groupe Ludendo ထံမှ ၂၀၁၅ ခုနှစ်တွင် C Banner ပေးဝယ်ခဲ့ရသည့် ပမာဏ၏ ထက်ဝက်နီးပါးသာဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service