အဆိုတော်တေလာဆွစ်က ကျွမ်းကျင်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူလား?

အဆိုတော်တေလာဆွစ်က ကျွမ်းကျင်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူလား? - Property News in Myanmar from iMyanmarHouse.com
14 May 2019 10:13 am တွင် တင်ခဲ့သည်
1362 ကြိမ် ကြည့်ရှု့ပြီး

နယူးယောက်လူနေအိမ်ခြံမြေကို ကြိုက်နှစ်သက်ကြတဲ့ ထင်ရှားကျော်ကြားလူသိများသူတွေအထဲ ပေါ့ပ်နဲ့ကန်းထရီးအမျိုးအစားတွေသီဆိုတဲ့ အမေရိကန်အဆိုတော်တေလာဆွစ်ကလည်း တစ်ဦးအပါအဝင်ပါပဲ။ ပြီးခဲ့တဲ့ခြောက်နှစ်အတွင်း သူမဟာ နယူးယောက်စီးတီးမြို့ကြီးရဲ့ စီရင်စုငါးခုအနက် နာမည်ကျော်စီရင်စုဖြစ်တဲ့ မန်ဟက်တန်ရှိ အိမ်ခြံမြေများစွာမှာ ဒေါ်လာ ၄၇ ဒသမ ၇ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။ ၁၅၅ ဖရန်ကလင်လမ်းမှာ သူမဟာ ၂၀၁၄ ခုနှစ်က ဒေါ်လာ ၁၉ ဒသမ ၉၅ သန်းပေးပြီး penthouse (အထပ်မြင့်အဆောက်အအုံ၏ အပေါ်ဆုံးထပ်အခန်း) ကို ဝယ်ယူခဲ့ပြီး မကြာသေးမီကပဲ ဒေါ်လာ ၉ ဒသမ ၇၅ သန်းတန် တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် အနီးအပါးက townhouse (အိမ်တန်းလျားရှိ အိမ်) တစ်ခုကိုလည်း ၂၀၁၇ ခုနှစ်က ဒေါ်လာ ၁၈ သန်းနဲ့ ဝယ်ခဲ့ပါသေးတယ်။ အဲ့ဒီအိမ်တွေအားလုံးဟာ မန်ဟက်တန်အောက်ပိုင်းရပ်ကွက်တစ်ခုဖြစ်တဲ့ Tribeca မှာ ရှိကြတာဖြစ်ပါတယ်။

တေလာဆွစ်က မှန်ကန်တဲ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ခဲ့လား?

ဆွစ်ဟာ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ပါရမီအလွန်ထူးပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း Tribeca ရပ်ကွက်ဟာ မန်ဟက်တန်ရဲ့ နှစ်လိုဖွယ်အကောင်းဆုံးရပ်ကွက်တစ်ခုဖြစ်လာပါတယ်။ Tribeca ဟာ လူချမ်းသာများစွာကို သူ့ဆီဆွဲဆောင်ပြီး နယူးယောက်စီးတီးမှာ တစ်နှစ်တာအိမ်ထောင်စုပျမ်းမျှဝင်ငွေ ဒေါ်လာ ၈၇၉,၀၀၀ ရှိတဲ့ အချမ်းသာဆုံးရပ်ကွက်ဖြစ်လာပါတယ်။

အိပ်ခန်းနှစ်ခန်းပါတိုက်ခန်းတစ်ခန်းကို ပျမ်းမျှ ဒေါ်လာ ၃ သန်းနီးပါး (အမေရိကန်နိုင်ငံရဲ့ပျမ်းမျှအိမ်ဈေး ၁၀ ဆ) ရှိတဲ့ အဲ့ဒီရပ်ကွက်က အိမ်ဈေးတွေဟာ ဈေးကြီးတယ်ထင်ရပေမဲ့လည်း ထပ်တက်ဦးမယ့်အလားအလာရှိတာမို့ ဆွစ်ဟာ သူရဲ့ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်အစွန်းကောင်းကောင်းပြန်ရနိုင်ပါတယ်။

နယူးယောက်စီးတီးမြို့ရဲ့ဗဟိုချက်ဖြစ်တဲ့ Tribeca မှာ အိမ်ဈေးတွေဆက်လက်မြင့်တက်ပြီး စီမံကိန်းသစ်တွေကိုလည်း ဆက်လက်မြင်တွေ့ရဦးမှာပါ။ တေလာဟာ အရမ်းကိုလိမ္မာပါးနပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

တစ်ခါတည်းအများကြီးရင်းနှီးမြှုပ်နှံတာမဟုတ်ဘဲ ငါးနှစ်ကျော်ကြာအတွင်း တစ်နှစ်ကို ၁၀ သန်းနှုန်းနဲ့ ရင်းနှီးမြှုပ်နှံထားတာမို့ ပိုလို့တောင် ချီးကျူးစရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည်မှာ မန်ဟက်တန်အိမ်ခြံမြေဟာ အမာဆုံးအိမ်ခြံမြေအမျိုးအစားတစ်ခုဖြစ်လာမယ်ဆိုတာကို သူမ,သိနေလို့ဖြစ်နိုင်ပါတယ်။

မန်ဟက်တန်အိမ်ခြံမြေဟာ နယူးယောက်စီးတီးရဲ့အခြားအပိုင်းတွေနဲ့ယှဉ်ရင် ဈေးကြီးလေ့ရှိပြီး အမေရိကန်နိုင်ငံရဲ့ ကျန်ဒေသတွေနဲ့ယှဉ်ရင်တော့ သေချာပေါက်ကို အမြဲတစေ ဈေးပိုကြီးပါတယ်။ ဒီလိုအရပ်မှာမှ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားတဲ့ တေလာဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အာရုံခံစားတတ်၊ အမြင်ရှိတဲ့သူလို့ မလွဲမသေပြောရမှာပါ။

တေလာဆွစ်နဲ့ပတ်သက်လို့ သင့်အနေနဲ့ ပြောစရာအများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်အမြင်မှာတော့ သူမဟာ အပါးနပ်ဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအနုပညာရှင်တစ်ဦးပဲဖြစ်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service