ဖလော်ရီဒါပြည်နယ်တွင် အံ့ဖွယ်အလှများ ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ

ဖလော်ရီဒါပြည်နယ်တွင် အံ့ဖွယ်အလှများ ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
9 May 2019 12:53 pm တွင် တင်ခဲ့သည်
1703 ကြိမ် ကြည့်ရှု့ပြီး

သင့်အနေဖြင့် ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ယူပိုင်ဆိုင်ရန် စိတ်ကူးခဲ့ဖူးပါသလား။

ယခုအခါ သင်၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်လာစေမည့် အခွင့်အလမ်းပေါ်ပေါက်လာပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် အံ့ဖွယ်အလှတရားများ ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြလာသည်။

မြေအကျယ်အဝန်း ၁ ဒသမ ၄ ဧကကျယ်ဝန်းသော နိဗ္ဗာန်ဘုံငယ်ကလေးသည် အရောင်းဈေးကွက်သို့ ပေါင် ၁၁ ဒသမ ၉ သန်းဖြင့် ဝင်ရောက်လာခြင်း ဖြစ်သည်။

ပင်မနေအိမ်ကို သဲသောင်ကမ်းခြေများ၊ အံ့ဖွယ်ပင်လယ်ရေပြင်များ ဝန်းပတ်နေသည်။

နေအိမ်အတွင်း ဇိမ်ခံအိပ်ခန်းများ၊ ခေတ်မီမီးဖိုဆောင်တစ်ခုပါဝင်ပြီး ကျယ်ဝန်းသော ဆိပ်ခံနေရာတစ်ခုအပြင် ကိုယ်ပိုင်ရေကူးကန်တစ်ခုလည်း ကျွန်းပေါ်တွင် ပါဝင်သေးသည်။

နေစာလှုံလိုသည့်အခါများတွင် နေအိမ်ရှေ့၌ လဲလျောင်းနားနေရန် နေရာတစ်ခုလည်း ပါဝင်သေးသည်။

ဝယ်လက်သည် လှေ ၄ စင်းဆိုက်ကပ်နိုင်သည့် ဆိပ်ခံရရှိမည့်အပြင် လှေတစ်စင်းလည်း ရရှိမည်ဖြစ်ကာ ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ပိုင်ဆိုင်ဦးမည်ဟု ဆိုသည်။

ကျွန်းငယ်၏ အမည်မှာ East Sister Rock ဟု အမည်ရသည်။

အရောင်းဈေးကွက်တင်မှုတွင် ဖော်ပြထားချက်အရ “ သင်၏ သီးသန့်ကိုယ်ပိုင်ကျွန်းပေါ်သို့ ခိုလှုံနားနေလိုက်ပါ။ ပြိုင်ဖက်မရှိသည့် အလှတရားထံသို့ လှေဖြင့် ၅ မိနစ်ခရီးသာရှိပြီး ပြိုင်ဖက်ကင်း တစ်ကိုယ်ရည်လုံခြုံမှု၊ မိုင်ပေါင်းများစွာအထိ မျက်စေ့တဆုံးမြင်ကွင်းများ ပိုင်ဆိုင်ဦးမည်ဖြစ်သည် ”ဟု ဖော်ပြထားသည်။

နေအိမ်အတွင်း အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ နေအိမ်အကျယ်အဝန်း စတုရန်းပေ ၂၃၀၀ ရှိပြီး အခန်းတိုင်းမှ ပင်လယ်ရှုမျှော်ခင်း များကို တွေ့မြင်ရခြင်း၊ မြင့်မားသော မျက်နှာကြက်များ၊ ဆလိုက်မှန်တံခါးများ၊ သစ်ကြမ်းခင်းများကို နေအိမ်အတွင်း တွေ့ရသည်။

ကျွန်းငယ်ကို ကျုံးအသွင် မြေသားဖြင့် ဝန်းပတ်ပေးထားကာ ပင်မနေအိမ်အပြင် အိပ်ခန်း ၁ ခန်း၊ ရေချိုးခန်း ၁ ခန်းပါဝင်သည့် ဧည့်ဂေဟာ အိမ်တစ်လုံးလည်း ပါဝင်သေးသည်။

အစိုးရ၏ ရေ၊ မီးပေးဝေမှုစနစ်များ၏ ပြင်ပတွင်တည်ရှိပြီး ဆိုလာသုံးလျှပ်စစ်၊ မီးစက်တို့ဖြင့် ကိုယ်ပိုင်ရပ်တည်သည်။

ဝိုင်ဖိုင်ကွန်ရက်ရောက်ရှိပြီး ဝန်းကျင်ရှိ ကျောက်တန်းများသို့ လှည့်လည်ကြည့်ရှုခြင်း၊ ငါးဖမ်းခြင်း၊ ရေငုပ်ခြင်းများကို ကိုယ်ပိုင်ကျွန်းပေါ်မှ တဆင့်ပြုလုပ်နိုင်မည် ဖြစ်သည်။ ဈေးကွက်တင်ပေးလာသည်မှာ Private Islands Inc မှ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service