ဟောင်ကောင် အိမ်ခြံမြေ developer ဖြစ်သော Wheelock Properties ၏ အရောင်းပြပွဲတွင် တစ်ရက်တာအတွင်း အခန်းပေါင်း ၁၀၀၀ ကျော် စံချိန်တင်ရောင်းချရ

ဟောင်ကောင် အိမ်ခြံမြေ developer ဖြစ်သော Wheelock Properties ၏ အရောင်းပြပွဲတွင် တစ်ရက်တာအတွင်း အခန်းပေါင်း ၁၀၀၀ ကျော် စံချိန်တင်ရောင်းချရ - Property News in Myanmar from iMyanmarHouse.com
9 May 2019 12:00 pm တွင် တင်ခဲ့သည်
802 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်တွင် ၆ နှစ်တာကာလအတွင်း အကြီးမားဆုံး အိမ်ခြံမြေပြပွဲကြီး ကျင်းပခဲ့ရာ တစ်ရက်တာအတွင်း အခန်းများ အားလုံးနီးပါး ရောင်းထွက်ခဲ့သည်ဟု ဆိုသည်။

ဟောင်ကောင်၏ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Wheelock Properties က အရောင်းပြပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၁၁၄၁ ခန်းပြသခဲ့သည့်အနက် တစ်ရက်တာအတွင်း ၁၀၀၁ ခန်း ရောင်းထွက်ခဲ့သည်ဟု ဆိုသည်။

“ပထမ ၂ နာရီအတွင်း ဝယ်လက် ၄၀ လောက်က အခန်းပေါင်း ၁၀၀ လောက်ဝယ်ကြတယ်။ ဝယ်လက် ၃ ဦးက တစ်ဦးကို ၄ ခန်းစီဝယ်ကြတယ်။ နောက်ထပ် ဝယ်လက် ၃ ဦးကလည်း တစ်ယောက်ကို ၃ ခန်းစီဝယ်ကြတယ်”ဟု Wheelock ၏ မန်နေးဂျင်း ဒါရိုက်တာ ဝေါင်က ပြောကြားသည်။

ဟောင်ကောင်၏ Lohas Park, Tai Po နှင့် Ho Man Tin အရပ်တို့ရှိ လူနေခန်းသစ်ပေါင်း ၁၁၄၈ ခန်း ရောင်းချပေးခဲ့ရာတွင် ည ၁၁ နာရီသို့ အရောက်တွင် အခန်းစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းဖြစ်သော ၁၀၀၁ ခန်း ရောင်းထွက်သွားသည်ဟု ဆိုသည်။

“ဈေးကွက်အမြင်ကတော့ သိပ်ကောင်းပါတယ်။ ဝယ်လက်တွေဟာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွေ လိုလားကြတယ်။ အိမ်ခြံမြေဟာ တန်ဖိုးထိန်းသိမ်းထားနိုင်မှု ကောင်းမွန်တဲ့အရာဖြစ်ပါတယ်”ဟု Wheelock Properties ၏ မန်နေးဂျင်း ဒါရိုက်တာ ရစ်ကီ ဝေါင် ကွမ်ယူက ပြောကြားသည်။

ဟောင်ကောင်တွင် ယခုနှစ် ဧပြီလအတွင်း အိမ်ခြံမြေရောင်းချရမှုမှာ ဟောင်ကောင်ဒေါ်လာ ၇၀ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ) ဖိုးအထိ ရောင်းချခဲ့ရရာ မတ်လအတွင်း ရောင်းချရမှုနှင့် နှိုင်းယှဉ်လျှင် ၅၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

“ဒီလအတွင်းမှာ အခန်းသစ်တွေ ရောင်းချရမှု တော်တော်အားကောင်းဖို့ရှိပါတယ်။ ပြီးခဲ့တဲ့လထက် အများကြီး ရောင်းအားတက်လာမှာ ဖြစ်ပြီး ဒီလထဲမှာ အခန်းသစ်ပေါင်း ၃၀၀၀ ကျော် ရောင်းချနိုင်ဖွယ်ရှိပါတယ်” ဟု ဟောင်ကောင်ထိပ်တန်း အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီများမှတစ်ခုဖြစ်သော Midland Realty မှ အမှုဆောင်အရာရှိချုပ် ဆမ်မီပိုက ပြောကြားသည်။

ထို့အပြင် မေလအတွင်း အိမ်ခြံမြေဈေးနှုန်းများ ၃ ရာခိုင်နှုန်းကျော် မြင့်တက်ဖွယ်ရာရှိသည်ဟုလည်း ၎င်းက ခန့်မှန်းထားသည်။

Lohas Park အရပ်ရှိ Montara စီမံကိန်းရှိ အခန်းပေါင်း ၅၀၀ ကို ဝယ်ယူလိုကြောင်း စာရင်းပေးထားသူ ၁၈၀၀၀ ခန့်အထိ ရှိနေရာ တစ်ခန်းလျှင် ဝယ်ယူလိုသူ ၃၆ ဦးရှိနေခြင်းလည်း ဖြစ်သည်။ အခန်းများ၏ ပျှမ်းမျှဈေးနှုန်းမှာ စတုရန်း ၁ ပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၄၇၀၄ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service