ချေးငွေအာမခံဝယ်ယူထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အာမခံပစ္စည်းမပါဘဲ ငွေချေးနိုင်

ချေးငွေအာမခံဝယ်ယူထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အာမခံပစ္စည်းမပါဘဲ ငွေချေးနိုင် - Property News in Myanmar from iMyanmarHouse.com
9 May 2019 10:21 am တွင် တင်ခဲ့သည်
2742 ကြိမ် ကြည့်ရှု့ပြီး

မြန်မာ့အာမခံလုပ်ငန်း တွင် ချေးငွေအာမခံဝယ်ယူထား သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အာမခံပစ္စည်းမပါဘဲ ချေးငွေ ကျပ်သိန်း ၂၀၀ အထိ ချေးယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် က မေလ ၈ ရက်၌ ထုတ်ပြန်ကြေညာသည်။

အဆိုပါချေးငွေသည် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ နှစ်ဆင့်ထုတ်ချေးငွေဖြစ်ပြီး အာမခံထားနိုင်ပါက အများဆုံး ကျပ်သိန်း ၅,၀၀၀၊ အာမခံမပေး နိုင်ခြင်းနှင့် လုံလောက်စွာမပေး နိုင်ခြင်းရှိပါက အထက်ပါစနစ် အတိုင်း ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

ချေးငွေအာမခံ (Credit Guarantee Insurance-CGI) ဆိုသည်မှာ ချေးငွေအတွက် အာ မခံကုမ္ပဏီက အာမခံထုတ်ပေး ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် CGI ကို နိုင်ငံတော်ပိုင်မြန်မာ့ အာမခံလုပ်ငန်းက လုပ်ကိုင်နေ သည်။ ချေးငွေအာမခံစနစ်ဖြင့် ချေးယူပါက အတိုးနှုန်း ၉ ရာခိုင် နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ဖြစ်ပြီး အာမခံပစ္စည်းမပေးနိုင်ပါက ပရီမီယံကြေး ၃ ရာခိုင်နှုန်းနှင့်အာမခံ ပစ္စည်းလုံလောက်စွာ မပေးနိုင်ပါ က ၂ ရာခိုင်နှုန်းဖြစ်သည်ဟု အ ဆိုပါဘဏ်ကဆိုထားသည်။ ကာ လလတ်ချေးငွေအဖြစ် သုံးနှစ်မှ ငါးနှစ်အထိ ချေးယူနိုင်သည်ဟု ဆိုသည်။

အဆိုပါချေးငွေကို လုပ်ငန်းရှင်များက ထုတ်ချေးငွေ၏ ၈၀ ရာခိုင်နှုန်းကို ပုံသေရင်းနှီးငွေအ ဖြစ်လည်းကောင်း၊ အများဆုံး ၂၀ ရာခိုင်နှုန်းကို လှည့်လည်ရင်း နှီးငွေအဖြစ်လည်းကောင်း အသုံးပြုရမည်ဖြစ်သည်။ ပုံသေရင်းနှီးငွေကို စက်ရုံ၊ အလုပ်ရုံများဆောက်လုပ်ခြင်း၊ စက်ပစ္စည်း၊ စက်ကိရိယာများ ၀ယ်ယူခြင်းစသည့် ပုံသေပိုင်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး မြေ၀ယ်ယူခြင်းနှင့် မြေအသုံးပြုမှုဆိုင်ရာ မူပိုင်ခွင့်ဆောင်ရွက်ရာ၌ ရင်းနှီးခွင့်မပြုဟုဆို ထားသည်။

အဆိုပါ ချေးငွေအတွက် ၂၀၁၈ စက်တင်ဘာကစတင် ထုတ်ချေးခြင်းဖြစ်သည်ဟု မြန်မာ့ စီးပွားရေးဘဏ်က ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service