ဘဏ်တိုးနှုန်း နည်းပါးခြင်းနှင့် စီးပွားရေးပြန်လည်ဦးမော့လာခြင်းတို့ကြောင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများက ဥရောပကို အာရုံစိုက် လျက်ရှိ

ဘဏ်တိုးနှုန်း နည်းပါးခြင်းနှင့် စီးပွားရေးပြန်လည်ဦးမော့လာခြင်းတို့ကြောင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများက ဥရောပကို အာရုံစိုက် လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
8 May 2019 11:44 am တွင် တင်ခဲ့သည်
792 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့ အပါအဝင် အာရှတစ်ဝန်းမှ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံသူတို့သည် ဥရောပတိုက်တွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ပိုမိုအာရုံစိုက်လာလျက်ရှိကြောင်း သုတေသီတို့က ပြောကြားသည်ဟု ဟောင်ကောင် အခြေစိုက် သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဥရောပတွင် ဘဏ်တိုးနှုန်း နိမ့်ပါးခြင်းနှင့် စီးပွားရေး ပြန်လည်ဦးမော့မှုများ ဆက်လက်ဖြစ်ပေါ်နေမှုများကြောင့် ရင်းနှီးမြှုပ်နှံသူတို့ အာရုံ စိုက်လာကြခြင်းလည်း ဖြစ်သည်။

အဆိုပါ အခြေအနေသည် ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှုဆိုင်ရာ အဖြစ်အပျက်နှင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသည်။

ဗြိတိန် အိမ်ခြံမြေဈေးကွက်သည် မကြာသေးမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ရရှိခဲ့သည်ဟု ဆိုသည်။

“ရင်းနှီးမြှုပ်နှံသူတွေဟာ ဥရောပဈေးကွက်တွေက ကောင်းမွန်တဲ့အခြေအနေတွေအပေါ် အာရုံစိုက်နေကြပါတယ်။ ဥရောပ ဗဟိုဘဏ် ဟာ အတိုးနှုန်းကို အလွန်နည်းပါးစွာ ထားရှိတာကြောင့် အကြွေးစရိတ်က သိပ်ကိုနည်းပါးပါတယ်”ဟု Knight Frank မှ ကမ္ဘာလုံးဆိုင်ရာ သုတေသနအကြီးအကဲ လီယမ် ဘိုင်လေက ပြောကြားသည်။

ဖရန့်ဖတ်အခြေစိုက် ဥရောပဗဟိုဘဏ် (ECB) သည် အတိုးနှုန်းများကို ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိရာ marginal lending rate - ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ main refinancing rate ၀ ရာခိုင်နှုန်း ဖြစ်သည်။

“ဥရောပဈေးကွက်တွေဟာ ဘဏ္ဍာရေးအကျပ်ဆိုက်ပြီးရင် ပြန်လည်ကုစားနိုင်ဖို့ တော်တော်အချိန်ယူရပါတယ်။ ဒီလိုအချိန်၊ ဒီလိုနေရာမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အခွင့်အလမ်းကို ရင်းနှီးမြှုပ်နှံမယ့်သူတွေက သိကြပါတယ်”ဟု လီယမ် ဘိုင်လေက ပြောကြားသည်။

ပဲရစ်၊ ဘာလင်၊ လစ္စဘွန်းနှင့် မက်ဒရစ်ကဲ့သို့ မြို့ကြီးများမှာ အလားအလာကောင်းနေသည်ဟု Knight Frank က သုံးသပ်ကြောင်းလည်း ဘိုင်လေက ဆက်လက်ပြောကြားသည်။

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေဥပဒေအကျိုးဆောင်အဖွဲ့ Linklaters ၏ အကြီးအကဲ ဇေဗီးယား ဟန့်တာက ပြောကြားရာတွင် အာရှ ရင်းနှီးမြှုပ်နှံသူတို့သည် ဗဟိုဥရောပနှင့် အခြားသမားရိုးကျမဟုတ်သော ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားနေကြကြောင်း ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း တရုတ်၊ ဟောင်ကောင်နှင့် အခြား အာရှနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများသည် ဥရောပတွင် ကန်ဒေါ်လာ ၂၁ ဒသမ ၄၅ ဘီလီယံဖိုးအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၆ ခုနှစ်က ပမာဏဖြစ်သော ကန်ဒေါ်လာ ၇ ဒသမ ၅၅ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ၃ ဆနီးပါး မြင့်တက်လာခဲ့ကြောင်း Real Capital Analytics ၏ အချက်အလက်များတွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်တွင် အာရှမှ ရင်းနှီးမြှုပ်နှံမှုများမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံသို့ ကျဆင်းသွားခဲ့သော်လည်း ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်မူ ၆၆ ရာခိုင်နှုန်း များပြားနေဆဲဖြစ်သည်။

ယခု ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်ကာလအတွင်း အာရှရင်းနှီးမြှုပ်နှံသူများသည် ဥရောပအိမ်ခြံမြေဈေးကွက်တွင် ကန်ဒေါ်လာ ၉၂၅ ဒသမ ၂၇ သန်းဖိုး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service