ကက်ဆက်တိပ်ခွေဘုရင်ကြီးဟု တင်စားခေါ်ဝေါ်ကြသည့် ဟောင်ကောင်ဘီလျံနာကြီး ဒေးဗစ်ချန်း ပင်ချီက နာမည်ကျော် The Center မိုးမျှော်တိုက်ကြီး၏ ရုံးခန်း ၁၂ ခန်းကို ၄၇ ရာခိုင်နှုန်းအမြတ်တင်ကာ ဈေးကွက်တင်

ကက်ဆက်တိပ်ခွေဘုရင်ကြီးဟု တင်စားခေါ်ဝေါ်ကြသည့် ဟောင်ကောင်ဘီလျံနာကြီး ဒေးဗစ်ချန်း ပင်ချီက နာမည်ကျော် The Center မိုးမျှော်တိုက်ကြီး၏ ရုံးခန်း ၁၂ ခန်းကို ၄၇ ရာခိုင်နှုန်းအမြတ်တင်ကာ ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
8 May 2019 11:36 am တွင် တင်ခဲ့သည်
1509 ကြိမ် ကြည့်ရှု့ပြီး

ကက်ဆက်တိပ်ခွေနှင့် စီဒီလုပ်ငန်းရှင် သူဌေးကြီး ဒေးဗစ်ချန်း ပင်ချီသည် ဟောင်ကောင်ရှိ နာမည်ကျော် The Center မိုးမျှော်တိုက်ကြီး ၏ ရုံးခန်း ၁၂ ခန်းကို ၄၇ ရာခိုင်နှုန်းအမြတ်တင်ကာ ဈေးကွက်တင်လာကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခု တွင် ဖော်ပြသည်။

ဒေးဗစ်ချန်းသည် ACME Group ၏ ဥက္ကဌဖြစ်ပြီး ဟောင်ကောင်ရှိ အလွန်ချမ်းသာကြွယ်ဝသော ရင်းနှီးမြှုပ်နှံသူ ၁၀ ဦးတွင် တစ်ဦး အပါအဝင်ဖြစ်သည်။

ဒေးဗစ်ချန်းသည် The Center မိုးမျှော်တိုက်ကြီးကို ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၅ ဒသမ ၁၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဒေးဗစ်ချန်းက အဆိုပါမိုးမျှော်တိုက်ကြီးမှ ရုံးခန်းအချို့ကို ၎င်းရင်းနှီးမြှုပ်နှံထားရသည့် တန်ဖိုးငွေထက် ၄၇ ရာခိုင်နှုန်းကျော် အထိ ဈေးတင်ကာ ရောင်းချရန် စီစဉ်လာသည်။

ရောင်းချမည့်အခန်းမှာ ၁၂ ခန်းရှိပြီး ၃၉ ထပ်မြောက်တွင် တည်ရှိသည်။

အကယ်၍ အခန်းအားလုံး ရောင်းထွက်မည်ဆိုပါက ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၁၇၀ ) ခန့် ရရှိဖွယ်ရာ ရှိသည်။

စုစုပေါင်းအထပ်ရေ ၇၃ ထပ်ရှိသော The Center မိုးမျှော်တိုက်ကြီး၏ အထပ်တိုင်းသည် အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၂၆၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

“၅ ခန်းကတော့ ကမ်းလှမ်းချက် ရပြီးပါပြီ။ အသေးစိတ်အချက်တွေကို အလားအလာရှိတဲ့ ဝယ်လက်တွေနဲ့ ဆွေးနွေးထားပါတယ်”ဟု ဒေးဗစ်ချန်းကိုယ်စား ဆောင်ရွက်ပေးနေသူ ACME Group မှ လမ်ချီဖန်းက ပြောကြားသည်။

ရောင်းချမည့် ရုံးခန်း ၁၂ ခန်းသည် အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၁၈၄၁ မှ ၃၁၄၀ ကြားရှိပြီး တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၇၆ ဒသမ ၆၃ သန်းမှ ၁၅၀ ဒသမ ၅ သန်းအကြား ကျသင့်မည်သည်။

အဆိုပါ ဈေးနှုန်းအရ စတုရန်း ၁ ပေလျှင် ဟောင်ကောင်ဒေါ်လာ ၄၀၈၈၂ မှ ၄၈၄၃၅ အကြား ကျသင့်မည်ဖြစ်သည်။

ဒေးဗစ်ချန်းနှင့် အခြားရင်းနှီးမြှုပ်နှံသူတို့သည် The Center မိုးမျှော်တိုက်ကြီး၏ အထပ်ပေါင်း ၄၈ ထပ်ကို စံချိန်တင်ဈေးနှုန်း ဟောင်ကောင်ဒေါ်လာ ၄၀ ဒသမ ၂ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၃၀၀၀ ကျသင့်ခဲ့သည်။

ပြီးခဲ့သောလအတွင်း အခြားပိုင်ရှင်တစ်ဦးဖြစ်သော ရေမွန် ဆိုင်ချီချုန်းကလည်း ၂၂ ထပ်မြောက်ရှိ အခန်းများကို ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၅၀၀၀ ဖြင့် ပြန်လည်ဈေးကွက်တင်ခဲ့သည်။

ဆိုင်ချီချုန်းသည် ၂၂ ထပ်ကို အခန်းပေါင်း ၁၂ ခန်း ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဝယ်လက်တစ်ဦးစီထံ ပြန်လည်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် ရရှိခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service