ဘီလျံနာသူဌေးကြီး မာ့ခ် ဘီနီယော့ဖ်က ဆန်ဖရန်စစ္စကို အိမ်ရာမဲ့ပြဿနာအဖြေရှာရေးနှင့် ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ကာ ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်း

ဘီလျံနာသူဌေးကြီး မာ့ခ် ဘီနီယော့ဖ်က ဆန်ဖရန်စစ္စကို အိမ်ရာမဲ့ပြဿနာအဖြေရှာရေးနှင့် ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ကာ ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
7 May 2019 12:12 pm တွင် တင်ခဲ့သည်
892 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ဆော့ဖ်ဝဲဝန်ဆောင်မှု ကုမ္ပဏီကြီး Salesforce (CRM) ၏ အမှုဆောင်အရာရှိချုပ် ဘီလျံနာကြီး မာ့ခ် ဘီနီယော့ဖ်နှင့် ဇနီး လင်းန်တို့သည် ဆန်ဖရန်စစ္စကို အိမ်ရာမဲ့ပြဿနာအဖြေရှာရေးနှင့် ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ကာ ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းလိုက်ကြသည်။

အဆိုပါရန်ပုံငွေကို အခြေပြုကာ UC ဆန်ဖရန်စစ္စကို တက္ကသိုလ် (UCSF) က အိမ်ရာမဲ့ဖြစ်ကြရခြင်း၏ အခြေခံအကြောင်းရင်းများကို ဖော်ထုတ်အဖြေရှာမည့် သုတေသနခြေလှမ်းသစ်တစ်ခု စတင်လိုက်ပြီ ဖြစ်သည်။

UCSF ဘီနီယော့ဖ် အိမ်ရာမဲ့ဖြစ်မှုနှင့် အိုးအိမ် ပဏာမခြေလှမ်းကို စတင်လိုက်ပြီဖြစ်ကြောင်း အဆိုပါတက္ကသိုလ်က ကြေညာခဲ့သည်။

“ကမ္ဘာကြီးဟာ အိမ်ရာမဲ့ဖြစ်မှုနဲ့ ပတ်သက်တဲ့ အမှန်တရားအတွက် လမ်းပြကြယ်တစ်ခု လိုအပ်ပါတယ်။ UCSF ဘီနီယော့ဖ် အိမ်ရာမဲ့ဖြစ်မှုနှင့် အိုးအိမ် ပဏာမခြေလှမ်း အစီအစဉ်ဟာ လမ်းပြကြယ်ဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ဘီနီယော့ဖ်က ပြောကြားသည်။

ဘီနီယော့ဖ်သည် ဆန်ဖရန်စစ္စကိုတွင် မွေးဖွားကြီးပြင်းခဲ့ပြီး ယခုအခါ အဆိုပါမြို့ ကြီး၏ အကြီးမားဆုံးအလုပ်ရှင်ဖြစ်နေပြီ ဖြစ်သည်။

ဘီနီယော့ဖ်သည် အိမ်ရာမဲ့ပြဿနာများကို ယခင်ကတည်းပင် အစဉ်တစိုက် အလေးထားခဲ့သူတစ်ဦးလည်း ဖြစ်သည်။

“အိမ်ရာမဲ့အရေးဟာ Bay Area တစ်ခုတည်းရဲ့  ပြဿနာမဟုတ်ပါဘူး။

ကယ်လီဖိုးနီးယားမှာ ဒါကို နေရာတိုင်း ရင်ဆိုင်နေကြရတယ်။

ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးအပြင် ကျွန်တော်တို့တိုင်းပြည်ဟာ အခုခြေလှမ်းကနေ အကျိုးအမြတ် အများကြီးရဖို့ရှိပါတယ်”ဟု ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က ပြောကြားသည်။

“မာ့ခ်နဲ့ လင်းန်ဟာ ဒီနယ်ပယ်မှာ ခေါင်းဆောင်တွေပါပဲ။ သူတို့ရဲ့  ရက်ရောတဲ့ အလှူငွေဟာ အိမ်ရာမဲ့အရေးအဖြေရှာရေး သုတေသနလုပ်ဖို့၊ အိမ်ရာမဲ့တွေရဲ့  ဘဝတွေမြင့်မားလာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေ ဆက်လက်ဖော်ဆောင်ဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်”

အိမ်ရာမဲ့ကင်းစင်ရေး အမျိုးသားမဟာမိတ်အဖွဲ့၏ အချက်အလက်များအရ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် အိမ်ရာမဲ့ဘဝကို ရင်ဆိုင်ရသူ စုစုပေါင်း ၅၅၂၈၃၀ ဦးရှိခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service