တရုတ်ပြည် ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Sunac China Holdings က ဝူဟန်မြို့ရှိ မြေနေရာ ၄ ခုကို ယွမ်ငွေ ၁၅ ဘီလီယံကျော်ဖြင့် လေလံအောင်မြင်

တရုတ်ပြည် ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Sunac China Holdings က ဝူဟန်မြို့ရှိ မြေနေရာ ၄ ခုကို ယွမ်ငွေ ၁၅ ဘီလီယံကျော်ဖြင့် လေလံအောင်မြင် - Property News in Myanmar from iMyanmarHouse.com
7 May 2019 11:54 am တွင် တင်ခဲ့သည်
601 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ ထျန်ကျင်းမြို့အခြေစိုက် အိမ်ခြံမြေ developer ကုမ္ပဏီကြီး Sunac China Holdings သည် ဝူဟန်မြို့ရှိ အစိုးရလေလံ မြေနေရာ ၄ ခုကို ထိပ်သီး developer များနှင့်ယှဉ်ပြိုင်ကာ ယွမ်ငွေ ၁၅ ဘီလီယံကျော်ဖြင့် လေလံအောင်မြင်သွားကြောင်း တရုတ်ပြည်အခြေစိုက် thepaper.cn တွင် ဖော်ပြသည်။

Sunac China Holdings ၏ ဥက္ကဌ ဆန်းဟောင်ဘင်က ပြီးခဲ့သောလအတွင်း ထုတ်ဖော်ပြောကြားခဲ့ရာတွင် ၎င်းတို့ကုမ္ပဏီအနေဖြင့် အနာဂတ် မြေယာဝယ်ယူမှုများကို အလွန်သတိထားလုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

ထိုသို့ထုတ်ဖော်ပြောကြားပြီး တစ်လအတွင်း ယွမ်ငွေ ၁၅ ဒသမ ၂ ဘီလီယံငွေ ပမာဏကို တစ်နေ့တာအတွင်း သုံးစွဲကာ မြေနေရာများ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်ပြည် အလယ်ပိုင်း ဟူဘေးပြည်နယ်၏ မြို့တော် ဝူဟန်ရှိ အစိုးရလေလံအတွက် ကန်ဒေါ်လာအားဖြင့် ၂ ဒသမ ၂၅ ဘီလီယံအထိ သုံးစွဲကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဝူဟန်မြို့သည် ပြည်မကြီး ထိပ်တန်း developer ကုမ္ပဏီကြီး ၅ ခု ဈေးကွက်ယှဉ်ပြိုင်မှုကြီးမားသည့် နေရာတစ်ခုဖြစ်သည်။

Sunac က ဝယ်ယူခဲ့သော မြေနေရာ ၄ ခုအနက် ၂ ခုမှာ ဝူဟန်မြို့၊ ဟန်ယန်းခရိုင်တွင် တည်ရှိပြီး ဘက်စုံသုံးစီမံကိန်းတစ်ခုအတွက် ယွမ်ငွေ ၃ ဒသမ ၈၅ ဘီလီယံပေးခဲ့ရပြီး လူနေစီမံကိန်းတစ်ခုအတွက်မူ ယွမ်ငွေ ၄ ဒသမ ၁ ဘီလီယံ ပေးခဲ့ရသည်ဟု ဆိုသည်။

တတိယမြေနေရာမှာ ကျောက်ကူခရိုင်တွင် တည်ရှိပြီး ဘက်စုံသုံးစီမံကိန်းနေရာဖြစ်ကာ ယွမ်ငွေ ၇ ဘီလီယံဖြင့် ရရှိခဲ့ကာ ကျန်းရှားခရိုင်ရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီမံကိန်းကိုမူ ယွမ်ငွေ ၂၈၇ သန်းဖြင့် ရရှိခဲ့သည်။

ယခုမြေနေရာ ၄ ခု ဝယ်ယူလိုက်မှုကြောင့် Sunac China Holdings အတွက် မြေနေရာ စတုရန်းမီတာ ၁ ဒသမ ၆၂ သန်း ထပ်မံပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။

ဝူဟန်မြို့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သော ဧပြီလ ၂၃ ရက်တွင် မြေနေရာ ၁၀ ခုကို အများပြည်သူသို့ လေလံတင်ရောင်းချခဲ့ရာ ၆ နေရာကို အွန်လိုင်းမှ ရောင်းချခြင်းဖြစ်ပြီး ကျန် ၄ နေရာကိုမူ မြေကွက်များ တည်ရှိရာနေရာတွင် လေလံတင်ခဲ့ခြင်းဖြစ်သည်။

မြေကွက်အားလုံး၏ စုစုပေါင်းကြမ်းခင်းဈေးမှာ ယွမ်ငွေ ၁၉ ဒသမ ၇၈၉ ဘီလီယံဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၈၅၅၅၀၀ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါမြေကွက် ၁၀ ခုအနက် ၄ ခုကို Sunac China Holdings က လေလံအောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service