တရုတ်ပြည်က ရင်သပ်ရှုမောဖွယ် အနီရောင်ကမ်းခြေ (သို့မဟုတ်) ကမ္ဘာ့ရှားပါး ကြက်သွေးရောင် မြက်ခင်းပြင်ကျယ်ကြီးများ(ကမ္ဘာတစ်လွှား ဆန်းဆန်းပြားပြား လည်ပတ်ရန် နေရာများ)

တရုတ်ပြည်က ရင်သပ်ရှုမောဖွယ် အနီရောင်ကမ်းခြေ (သို့မဟုတ်) ကမ္ဘာ့ရှားပါး ကြက်သွေးရောင် မြက်ခင်းပြင်ကျယ်ကြီးများ(ကမ္ဘာတစ်လွှား ဆန်းဆန်းပြားပြား လည်ပတ်ရန် နေရာများ) - Property News in Myanmar from iMyanmarHouse.com
7 May 2019 11:49 am တွင် တင်ခဲ့သည်
1352 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် အရှေ့မြောက်ပိုင်း၊ လျောင်နင်းပြည်နယ်၊ တဝါခရိုင်၏ ရေတိမ်ရေပြင်၊ စိမ့်မြေပေါ်တွင် ပေါက်ရောက်နေသည့် မျက်စေ့တဆုံး ရှုမဆုံးသည့် ကြက်သွေးရောင် ရဲရဲနီနေသော မြက်ခင်းလွင်ပြင်ကြီးမှာ အံ့သြဖွယ်အတိပြီးကာ ကမ္ဘာကျော်သည့် နေရာတစ်ခု ဖြစ်သည်။

ထိုနေရာသည် ကမ္ဘာ့အကြီးမားဆုံး စိမ့်မြေကြီးလည်း ဖြစ်၏။

အပြောကျယ်ကာ အလွန်ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည့် နီစွေးသော မြင်ကွင်းကျယ်အလှတရားသည် အင်္ဂါဂြိုဟ်တွင် ရောက်နေဟန်ထင်ရသည်။

အိပ်မက်ဆန်လှသည့် အလှတရားဟု ဆိုနိုင်သော်လည်း ဤအနီရောင်မြက်တို့သည် တရုတ်ပြည်၏ မူလဘူတအစစ်များ ဖြစ်ကြ၏။

အဆိုပါမြက်ပင်မျိုးသည် ချီနိုပိုဒီယမ်ဟုခေါ်သော မျိုးစိတ်တစ်မျိုးဖြစ်သည်။

အဆိုပါမျိုးစိတ်သည် အယ်လ်ကာလိုင်းဆန်သော မြေများတွင် ပေါက်ရောက်နိုင်သည့်မျိုးစိတ်ဖြစ်သည်။

ငှက်မျိုးစိတ်ပေါင်း ၂၆၀ ကျော် နေထိုင်ကျက်စားလျက်ရှိပြီး အခြားသက်ရှိမျိုးစိတ်ပေါင်း ၄၀၀ ခန့်လည်း ကျက်စားလျက်ရှိသည်။

ဤဒေသတစ်ခွင်ကို ကြိုးကြာတို့၏မြေဟုလည်း လူသိများသည်။

ကမ္ဘာပေါ်တွင် အရှားပါးဆုံးကြိုးကြာမျိုးစိတ်ဖြစ်သော ခေါင်းနီကြိုးကြာတို့ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။

ကြိုးကြာသည် ကံကောင်းခြင်း၊အသက်ရှည်ခြင်း၊ သစ္စာရှိခြင်းတို့၏ သင်္ကေတအဖြစ် လူသိများသည်။

ဤစိမ့်မြေကြီးသည် တရုတ်အစိုးရက အကာအကွယ်ပေးထားသည့် နေရာတစ်ခုလည်း ဖြစ်၏။

ကမ္ဘာလှည့်ခရီးသည်တို့သည် စိမ့်မြေကျယ်ကြီး၏ မျက်စေ့တဆုံး နီစွေးစွေး မြက်ခင်းပြင်ကျယ်ကြီးအကြား ဖောက်လုပ်ထားသော သစ်သားတံတား၊ လူလျှောက်လမ်းမှတဆင့် ရှားပါးလှသော သဘာဝအလှကို ခံစားနိုင်ရန် စီစဉ်ထားသည်။

နွေကာလတွင် အပင်တို့၏အရောင်မှာ အစိမ်းရောင်ဖြစ်ပြီး ဆောင်းဦးပေါက်သို့ ရောက်လာပါက နီစွေးစွေးအရောင်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ခရမ်းရောင်ဖြစ်သွားသည်။

ဆောင်းကာလအတွင်းတွင်ပင် အပင်တို့သေဆုံးသွားပြီး နွေဦးတွင် အသစ်တဖန် ပြန်ပေါက်လာသည်။

နှစ်စဉ်နှစ်တိုင်း ဤဒေသ၏ မယုံနိုင်ဖွယ်အလှက ကမ္ဘာလှည့်ခရီးသည်များစွာကို ဆွဲဆောင်ထားနိုင်လေ့ရှိသည်။

လျောင်နင်းပြည်နယ်၊ ပန်ကျင်းမြို့ပြင်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၅၁ မိုင်ခန့်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service