မန္တလေးမြို့တွင်းရှိ အဆောက်အအုံများ အရောင်းအဝယ်သွက်လာပြီး ငှားရမ်းရန် စုံစမ်းမှုများ ယခင်လများကထက် ပိုမိုများပြားလာ

မန္တလေးမြို့တွင်းရှိ အဆောက်အအုံများ အရောင်းအဝယ်သွက်လာပြီး ငှားရမ်းရန် စုံစမ်းမှုများ ယခင်လများကထက် ပိုမိုများပြားလာ - Property News in Myanmar from iMyanmarHouse.com
7 May 2019 10:17 am တွင် တင်ခဲ့သည်
638 ကြိမ် ကြည့်ရှု့ပြီး

ယခုရက်ပိုင်း၌ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် တွင် မြို့တွင်းရှိအဆောက်အအုံများ အရောင်းအဝယ်သွက်လာလျက်ရှိပြီး အချက်အချာကျသောနေရာများကို စီးပွားရေးကုမ္ပဏီကြီးများက ငှားရမ်း မှုများကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့်ပွဲစားများထံမှသိရသည်။

'' ဒီနှစ်မှာက အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်တွေလည်း ၁ဝ ရာ ခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းလောက် အထိကို လျှော့ချသတ်မှတ်ပေးခဲ့ တဲ့အတွက် မြို့တွင်းက တိုက်တာ အဆောက်အအုံတွေ အရောင်းအဝယ်သွက်လာရခြင်း ဖြစ်ပါတယ်။ အခုအချိန်မှာ ငွေပြန်ဖော်ချင်တဲ့ သူတွေက ရောင်းချမှုတွေများနေပါတယ်။ မြို့သစ်ပိုင်းမှာ မြေကွက်တွေကို ခွဲခြမ်းရောင်းတာတွေ ပိုများနေပြီး အသင့်နေထိုင်နိုင်တဲ့ နေရာက အရောင်းပိုသွက်လျက် ရှိပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြမယ့် ကုမ္ပဏီတွေ၊ ကားအရောင်းပြခန်းတွေကတော့ Down- town ဧရိယာအတွင်းက နေရာ ကောင်းတွေကို ငှားရမ်းရဖို့ကို စိတ်ရှည်ရှည်ထားစောင့်နေကြတယ်။ ဒီနှစ်အတွင်း အရောင်းအဝယ်က မနှစ်ကထက်ပိုကောင်းလာပေမယ့် အိမ်ခြံမြေဈေးတွေက အကျဘက်ကိုပဲဦးတည်နေတဲ့သ ဘောရှိပါတယ်'' ဟု မန္တလေးမြို့တွင် အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ဝင်း က မေ ၅ ရက်တွင် ပြောကြားသည်။

နေအိမ်များကို ကြိုတင် ငှားရမ်း ရန်အတွက် လာရောက်ချိတ် ဆက်စုံစမ်းမှုများမှာ ယခင်လများကထက် တိုးတက်များပြားလာပြီး မြို့သစ်ဆင်ခြေဖုံးရပ်ကွက်များမှာ ငှားရမ်းလိုသူအများဆုံးဖြစ်ကြောင်း၊ အမှန်တကယ် နေထိုင်မည့်သူများသာ ဝယ်ယူနေကြခြင်းဖြစ်သော်လည်း ရေတံခွန်ဂေါက်ကွင်းအိမ်ရာစီမံကိန်းရှိသည့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ လမ်းမေးတင်နေရာများကို လုပ်ငန်းရှင်များ စိတ်ဝင်စားလျက်ရှိကြသည်။

မန္တလေးမြို့ ရှိ မြေကွက် ဈေးနှုန်းများမှာ မြို့သစ်ဘက်ရှိ (ဒဒ၊ ထထ၊ တတ) ရပ်ကွက်များတွင် ကျပ်သိန်း ၅ဝဝ အထက်မှ ကျပ်သိန်း ၁၅ဝဝ ဝန်းကျင်၊ (ဆ)ရပ်ကွက်တွင် ကျပ်သိန်း ၂ဝဝဝ ဝန်းကျင်၊ စက်မှု ဇုန်(၁)အနီးရှိ ရပ်ကွက်များတွင် ကျပ် သိန်း ၂ဝဝဝ ဝန်းကျင်၊ မြရည်နန္ဒာ ဘက် ၅၁ လမ်းနှင့် ၅၂ လမ်းတို့တွင် ကျပ်သိန်း ၁ဝဝဝ ဝန်းကျင် အသီးသီး ဈေးရှိရာ မြို့အရှေ့ဘက် ပုသိမ်ကြီး မြို့နယ် အတွင်းရှိ မြေကွက်များမှာ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁ဝဝဝ အထက်အထိ ပေါက်ဈေးရှိ နေကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service