ထင်ရှားပေါ်လွင်သည့် ရှေးဟောင်း အဆောက်အအုံပေါင်း ၁ဝဝ ကျော်

ထင်ရှားပေါ်လွင်သည့် ရှေးဟောင်း အဆောက်အအုံပေါင်း ၁ဝဝ ကျော် - Property News in Myanmar from iMyanmarHouse.com
6 May 2019 12:03 pm တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ အတွင်း၌ရှေးဟောင်း အဆောက်အအုံပေါင်း ထောင်ဂဏန်းခန့် ရှိသော်လည်း ယင်းတို့အနက် ထင်ရှားပေါ်လွင်သည့် အဆောက်အအုံပေါင်း ၁ဝဝ ကျော်ရှိ ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့စီမံချက်အရာရှိ ဦးသူရိန်အောင်၏ ပြောပြချက်အရ သိရသည်။

'' ကျွန်တော်တို့အနေနဲ့ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ရာမှာ သမိုင်းအမွေအနှစ်နဲ့ ဗိသုကာ လက်ရာတွေအရ ထူးခြားတဲ့ အဆောက်အအုံတွေနဲ့ နေထိုင်သူတွေရဲ့ သမိုင်းဆိုင်ရာ ကျော်ကြားမှုတွေအရ ရွေးချယ်ပြီးတော့ ဦးစားပေး တပ်ဆင်နေတာပါ။ ဒီလို လုပ်ဆောင်ရာမှာလည်း အလှူရှင်ရဲ့ ပံ့ပိုးမှုပေါ်မူတည်ပြီး ဆောင်ရွက်နေတာတွေရှိသလို အဲဒီအဆောက်အအုံနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း အချက်အလက်တွေကို စုဆောင်းတာတွေ လုပ်ဆောင်တဲ့ အပိုင်းလည်း ရှိပါတယ်''ဟု ဦးသူရိန်အောင် ကပြောသည်။

ယခုနောက်ပိုင်းတွင် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာများနှင့် ပတ်သက်၍ ကျယ်ပြန့်လာသည့် အခြေအနေမျိုး ရှိလာပြီး တက္ကသိုလ်တချို့၌ လည်း မြို့ပြအမွေအနှစ်နှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ လုပ်ဆောင်လာကြောင်း သိရသည်။

'' အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာကိုတော့ မြန်မြန်နဲ့များများ တပ်ဆင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါတွေက ထိန်းသိမ်း စောင့်ရှောက်ဖို့လိုပါတယ်။ ကျွန်တော်တို့က အပြာရောင် ကမ္ပည်းပြား တပ်ဆင်ရုံတင် မဟုတ်ဘူး၊ အဲဒီအဆောက်အအုံရဲ့ သမိုင်းကြောင်းကို လူတွေပြန်ပြီး သိလာအောင်လည်း ဆောင်ရွက်နေပါတယ်''ဟု ဦးသူရိန်အောင် ကပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့သည် ရန်ကုန်မြို့ ၌ မြို့ပြအမွေအနှစ် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်မှုကို ၂ဝ၁၄ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ကာ လက်ရှိကာလအထိ ၂၉ ခုမြောက် တပ်ဆင်ခဲ့ပြီး ဖြစ်သည်။

ရန်ကုန်မြို့သို့ အလည်အပတ်ရောက်ရှိလာသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များမှာ မြို့ပြအမွေအနှစ်ဆိုင်ရာ ရှေးဟောင်း အဆောက်အအုံများကို စိတ်ဝင်တစား လေ့လာကြည့်ရှု ပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်မှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

Credit: Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service