အချစ်အတွက် ထီးနန်းကို စွန့်လွှတ်ခဲ့သူ အင်္ဂလန်ပြည့်ရှင် အက်ဒ်ဝပ် VIII နှင့် ကြင်ယာတော် အမေရိကန်သူ ဝေါလစ် ဆင်ပ်ဆင်တို့ နေထိုင်ခဲ့သော ပြင်သစ်နိုင်ငံရှိနေအိမ် ယူရို ၆ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အချစ်အတွက် ထီးနန်းကို စွန့်လွှတ်ခဲ့သူ အင်္ဂလန်ပြည့်ရှင် အက်ဒ်ဝပ် VIII နှင့် ကြင်ယာတော် အမေရိကန်သူ ဝေါလစ် ဆင်ပ်ဆင်တို့ နေထိုင်ခဲ့သော ပြင်သစ်နိုင်ငံရှိနေအိမ် ယူရို ၆ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
6 May 2019 11:52 am တွင် တင်ခဲ့သည်
1240 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ပြင် ဆင်ခြေဖုံးဒေသတွင် တည်ရှိပြီး ရာစုနှစ်တစ်ခုခန့် သက်တမ်းရှိခဲ့ပြီဖြစ်ကာ ဗြိတိန်တော်ဝင်မိသားစု၊ အမေရိကန်မှ ဟောလိဝုဒ်ရုပ်ရှင်လောကတို့နှင့် ဆက်နွှယ်မှုများရှိနေသည့် စံအိမ်ကြီးတစ်လုံးမှာ ပိုင်ရှင်သစ်ရှာဖွေလာနေသည်။

“ လေ မူးလန်း ဒရာ ထီးရာရိ” (Le Moulin de la Tuilerie) ဟု စံအိမ်ကို အမည်ပေးထားပြီး ထီးရာရိ၏ စက်ရုံဟု အဓိပ္ပာယ်ရသော အဆိုပါ စံအိမ်သည် ယခုရက်သတ္တပတ်အစောပိုင်းတွင် အရောင်းဈေးကွက်သို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ခေါ်ဈေးမှာ ယူရို ၆ ဒသမ ၅ သန်း ( ကန်ဒေါ်လာ ၇ ဒသမ ၂၇ သန်း) ဖြစ်သည်။

ယခင် ၁၈ ရာစုအတွင်းက ဂျုံကြိတ်စက်အဖြစ် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၆ ဧက ကျယ်ဝန်းကာ ဝင်ဆာမြို့စားနှင့် မြို့စားကတော် (အက်ဝပ်ဘုရင်-ဟောင်းနှင့် ကြင်ယာတော် ဝေါလစ် ဆင်ပ်ဆင်) တို့၏ စံအိမ်ဖြစ်ကြောင်း အရောင်းဈေးကွက်တင်ခဲ့သည့် Vingt Paris ကုမ္ပဏီ၏ ဈေးကွက်တင် အချက်အလက်များတွင် ဖော်ပြသည်။

အက်ဒဝပ်ဘုရင်တို့ ဇနီးမောင်နှံသည် အဆိုပါစံအိမ်ကို ၁၉၅၂ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အိမ်ထောင် နှစ်ဆက်ရှိခဲ့သော အမေရိကန်သူ မစ္စက် ဆင်ပ်ဆင်ကို လက်ထပ်ရန်အတွက် ဗြိတိန်ထီးနန်းကို စွန့်လွှတ်ခဲ့ပြီး ၁၆ နှစ်အကြာတွင် ယခုစံအိမ်ကို ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

အက်ဒဝပ်ဘုရင် မတိုင်မီက အဆိုပါစံအိမ်ကို ပိုင်ဆိုင်ခဲ့သည်မှာ ပြင်သစ် ဖက်ရှင်ဒီဇိုင်နာ၊ ပန်းချီဆရာ အက်ဒရီယန် အက်ချိန်က ပိုင်ဆိုင်ခဲ့သည်။

အက်ဒရီယန် အက်ချိန်သည် အဆိုပါစံအိမ်တွင် ပီကာဆို အပါအဝင် ကမ္ဘာကျော် ပန်းချီပညာရှင်များကို ဧည့်ဝတ်ပြုခဲ့ဖူးသည်။

အက်ဒ်ဝပ်ဘုရင်က အက်ဒရီယန် အက်ချိန်ထံမှ ပြန်လည်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နေအိမ်ဝယ်ယူပြီးနောက် အင်ဒ်ဝပ်ဘုရင်သည် အိမ်တွင်းဒီဇိုင်နာ စတက်ဖန်း ဘူးဒွန်ကို ငှားရမ်းကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

စတက်ဖန်း ဘူးဒွန်သည် အမေရိကန်သမ္မတ ကနေဒီမိသားစုအတွက် အိမ်ဖြူတော်ကို မွမ်းမံခြင်း၊ အသံတိတ်ရုပ်ရှင်ခေတ် ရုပ်ရှင်မင်းသမီး၊ အဆိုတော် မာလင်း ဒိုင်းထရစ်ခ်ျ၊ အဲလစ်ဇဘက်တေလာ၊ ရစ်ချတ်ဘာတန်၊ အော်စကာဆုရ ဖက်ရှင်ဒီဇိုင်နာ စီဆေးလ် ဘီတန်တို့၏ နေအိမ်များကိုလည်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးခဲ့ဖူးသူ ဖြစ်သည်။

ဒေသတွင်းထွက် ပျားရည်ရောင် ထုံးကျောက်ဖြင့် ဆောက်လုပ်ထားပြီး ခြံဝန်းကျယ်ကြီးအတွင်း အဆောက်အအုံ ၆ လုံး၊ ပွဲလမ်းများ ကျင်းပရန် ကျယ်ဝန်းသည့်နေရာ၊ မြေယာအလှပြင်ဆင် မွမ်းမံမှုများ၊ ပိုလိုကစားကွင်းတို့ ပါဝင်သည်။

စုစုပေါင်းအားဖြင့် စံအိမ်ကြီးအတွင်း အိပ်ခန်းပေါင်း ၁၈ ခန်း ပါဝင်ပြီး ဧည့်သည်ပေါင်း ၃၆ ဦး ဧည့်ခံနိုင်စွမ်းရှိသည်။

“ဒီစံအိမ်က တကယ့်ကို မယုံနိုင်လောက်အောင် စိတ်ကူးယဉ်ဆန်တဲ့ နေရာပါ။ ပဲရစ်မြို့ကနေ မိနစ် ၃၀ ခရီးသာ ဝေးကွာပါတယ်။ အက်ဒ်ဝပ်ဘုရင်တို့ စုံတွဲဟာ ဗြိတိန်ကနေ ခရီးထွက်ချိန်မျိုးမှာ အပန်းဖြေခဲ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်”ဟု Vingt Paris တည်ထောင်သူ ဆူဇီ ဟော်လန်က ပြောကြားသည်။

အက်ဒ်ဝပ်ဘုရင် ကွယ်လွန်ပြီးနောက်ပိုင်း မစ္စ ဆင်ပ်ဆင်က အဆိုပါ စံအိမ်ကို ၁၉၇၂ ခုနှစ်တွင် ပြန်လည်ရောင်းချသွားခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service