နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး နေထိုင်ခဲ့သော ကျူးဘားနိုင်ငံရှိ စံအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ စံအိမ်များ)

နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး နေထိုင်ခဲ့သော ကျူးဘားနိုင်ငံရှိ စံအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ စံအိမ်များ) - Property News in Myanmar from iMyanmarHouse.com
6 May 2019 11:27 am တွင် တင်ခဲ့သည်
1573 ကြိမ် ကြည့်ရှု့ပြီး

နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးသည် ၁၉၃၀ ပြည့်လွန်ကာလများတွင် ကျူးဘာနိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့သည်။

အားနက်စ်ဟဲမင်းဝေးသည် ကမ္ဘာတစ်ဝန်းလှည့်လည်ခရီးသွားနေကာ ဟိုတယ်များတွင် တည်းခိုနေထိုင်၍သာ နေခဲ့သည်။

သို့ရာတွင် ကျူးဘားသို့ ရောက်လာပြီးနောက် “ဖင်ကာ ဗီဂျီယာ”စံအိမ်ကို ဝယ်ယူနေထိုင်ခဲ့သည်။

အဆိုပါစံအိမ်သည် သူ၏နေအိမ်ဖြစ်သကဲ့သို့ ရုံးခန်းလည်းဖြစ်ပြီး ယင်းစံအိမ်တွင်ပင် သူ၏နာမည်ကျော် စာအုပ်များစွာ ရေးသားခဲ့သည်။

ခြံဝန်းအကျယ်မှာ ၁၅ ဧကရှိပြီး စံအိမ်ကို ၁၈၈၆ ခုနှစ် (မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်သည့်နှစ်) တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ကျူးဘား၏မြို့တော် ဟာဗားနားမြို့ပြင်တွင်တည်ရှိပြီး ဟဲမင်းဝေးက သူ၏တတိယမြောက်ဇနီးနှင့်အတူ နေထိုင်ရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဟဲမင်းဝေးသည် အဆိုပါစံအိမ်တွင် ၁၉၃၉ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ နေထိုင်ခဲ့ရာ ၎င်းမကွယ်လွန်မီ တစ်နှစ်ခန့်အထိ နေထိုင်သွားခဲ့ခြင်း ဖြစ်သည်။

ဟဲမင်းဝေးနေထိုင်စဉ်က သူ၏နေအိမ်အတွင်း ပေးစာများ၊ စာအုပ်များ၊ ကြောင်များဖြင့် ပြည့်နှက်နေသည်။

ကျူးဘားရှိ ယခုစံအိမ်တွင် နေထိုင်ခဲ့စဉ်ကာလအတွင်း အားနက်စ်ဟဲမင်းဝေးသည် သူ၏ဂန္ထဝင်လက်ရာဖြစ်သော For Whom The Bell Tolls စာအုပ်နှင့် The Old Man and the Sea စာအုပ်တို့ကို ရေးသားခဲ့သည်။

ဟဲမင်းဝေးသည် The Old Man and the Sea စာအုပ်ဖြင့် ပူလစ်ဇာဆုရရှိခဲ့ပြီး ယင်းနောက်တွင် စာပေနိုဘယ်ဆုကြီးပါ ရရှိခဲ့သည်။

၁၉၆၁ ခုနှစ်တွင် အားနက်စ်ဟဲမင်းဝေး မိမိကိုယ်ကို အဆုံးစီရင်ပြီးနောက်ပိုင်း ဟဲမင်းဝေးအောက်မေ့ဖွယ် အမှတ်တရအဖြစ် နေအိမ်ကို ထိန်းသိမ်းထားခဲ့သော်လည်း နောက်ပိုင်းတွင် နေအိမ်မှာ ယိုယွင်းပျက်စီးလာခဲ့သည်။

၂၀၀၅ ခုနှစ်အတွင်းတွင်ကား အမေရိကန်ပြည်ထောင်စုနှင့် ကျူးဘားနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာချိန်အတွင်း ဖင်ကာ ဗီဂျီယာ စံအိမ် (Finca Vigía) ကို ပြုပြင်မွမ်းမံမှု များစွာပြန်လည် ပြုလုပ်ခဲ့သည်။

အဆိုပါစံအိမ်မှာ ယခုအခါ အားနက်စ်ဟဲမင်းဝေးပြတိုက်ဟု လူသိများပြီး ဟဲမင်းဝေးနေထိုင်ခဲ့စဉ်ကအတိုင်း ထိန်းသိမ်းထားရှိသည်။

ဟဲမင်းဝေး၏ မထုတ်ဝေရသေးသော လက်ရာများ၊ ဟဲမင်းဝေးအသုံးပြုခဲ့သည့် လက်နှိပ်စက်နှင့် ၎င်းအသုံးပြုခဲ့သည့် ငါးဖမ်းလှေငယ်တို့ ကိုပင် ပြသထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service